ထိုင်းသို့ တရားမဝင် ဝင်သည့် မြန်မာလုပ်သားများစီးလာသည့်ကား ပစ်ခတ်ခံရ၊ တစ်ဦး သေဆုံး
diz_admin
May 7, 2022ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ စီးလာသည့်ကား ပရာကျွတ်ခီရီခန်ခရိုင်တွင် ပစ်ခတ်ဖမ်းဆီးခံရသဖြင့် တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိကြောင်း ပရာကျွတ်ခီရီခန်ခရိုင်ရဲစခန်းမှ ဒုတိယရဲမှူး Methasit Naphattalung က ပြောသည်။ ပရာကျွတ်ခီရီခန်ခရိုင် နောင်းခမ်း-နော်နူးလမ်းတွင် ထိုင်းရဲတပ်ဖွဲ့က မေလ ၆ ရက်နေ့ နံနက် ၇ နာရီအချိန် တွင် ပစ်ခတ်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုကြောင်း ထိုင်းသတင်းမီဒီယာများတွင် ဖော်ပြသည်။ အဆိုပါကားသည် စစ်ဆေးရေးဂိတ်ကို ကျော်ဖြတ်ရန်အတွက် အရှိန်ကုန်မောင်းနှင်လာသောကြောင့် ထိုင်းရဲတပ်ဖွဲ့က သေနတ် လေးချက်ပစ်ခတ်ဖမ်းဆီးကြောင်း ဒုတိယရဲမှူးက ပြောဆိုထားသည်။ ကားကို ကျည်ထိမှန်ပြီးနောက် လမ်းဘေးသို့ ကားထိုးရပ်သွားပြီး ကားပေါ်တွင် သေနတ်ဒဏ်ရာဖြင့် မြန်မာ ရွှေ့ပြောင်းအလုပ်သမား အမျိုးသားတစ်ဦး သေဆုံးနေသည်ကို တွေ့ရှိရကြောင်း ၎င်းက ဆိုသည်။ ၎င်းမှာ အသက် ၃၅ […]


