မလေးရှားသို့ တရားမဝင် ဝင်ရောက်သည့် မြန်မာလုပ်သား ၄၇ ဦး အဖမ်းခံရ
diz_admin
June 19, 2022မလေးရှားနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမား ၄၇ ဦးကို ဇွန်လ ၁၈ ရက်နေ့တွင် ထိုင်း-မလေးရှားနယ်စပ်ရှိ ရော်ဘာတောထဲ၌ ဖမ်းဆီးရမိကြောင်း မလေးရှားအာဏာပိုင်များက ထုတ်ပြန်သည်။ ထိုင်း-မလေးရှားနယ်စပ် Bukit Kayu Hitam မြို့ ရော်ဘာတောထဲရှိ စိုက်ပျိုးရေးခြံလမ်းတွင် လူတစ်စု ပုန်းခိုနေ သည်ဟု သတင်းပေးတိုင်ကြားမှုကြောင့် အာဏာပိုင်များက သွားရောက်ဖမ်းဆီးခဲ့ရာ မြန်မာအလုပ်သမားများကို ဖမ်းမိခြင်းဖြစ်သည်။ ၎င်းတို့သည် ထိုင်းနိုင်ငံမှတစ်ဆင့် မလေးရှားနိုင်ငံသို့ ဝင်ရောက်လာသူများဖြစ်သည်ဟု ဆိုသည်။ ဖမ်းဆီးခံရသော မြန်မာအလုပ်သမားများသည် အသက် ၁၅ နှစ်မှ ၄၉ နှစ်အထိရှိသူများဖြစ်ပြီး အမျိုးသား ၄၀ ဦး၊ အမျိုးသမီး ၇ ဦးတို့ ပါဝင်ကြောင်း မလေးရှားအာဏာပိုင်းများက ထုတ်ပြန်ထားသည်။ မြန်မာအလုပ်သမားများတွင် တရားဝင် ခရီးသွားအထောက်အထား တစ်စုံတစ်ရာ မပါရှိဘဲ […]


