ထိုင်းကန်ချနဘူရီတွင် တရားမဝင် ဝင်ရောက်လာသော မြန်မာလုပ်သား ၅၉ ဦးဖမ်းဆီးခံရ
diz_admin
September 15, 2022တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်လာသော မြန်မာအလုပ်သမား ၅၉ ဦးကို ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် စက်တင်ဘာလ ၁၃ ရက်နှင့် ၁၄ ရက်နေ့များက ဖမ်းဆီးရမိခဲ့ကြောင်း ကန်ချနဘူရီရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ ကန်ချနဘူရီခရိုင် စိုင်ယွတ်ဒေသ စစ်ဆေးရေးဂိတ်တွင် တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမားများပါသော ကား ၄ စီးကို တားဆီးစစ်ဆေးခြင်းနှင့် နယ်စပ်တစ်လျှောက် ထိုင်းအာဏာပိုင်များ ပူပေါင်းလှည့်လည်စစ်ဆေးခြင်းတို့ လုပ်ဆောင်ချိန်တွင် ၎င်းတို့ကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ကန်ချနဘူရီခရိုင်အတွင်း ၂ ကြိမ်ဖမ်းဆီးရမိခြင်းဖြစ်ပြီး မြန်မာအလုပ်သမား အမျိုးသား ၄၂ ဦး၊ အမျိုးသမီး ၁၇ ဦးနှင့် တရားမဝင်ပို့ဆောင်ရာတွင် ကူညီပေးသော ထိုင်းနိုင်ငံသား ၅ ဦးတို့ကိုပါ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ထိုခရီးစဉ်အတွက် မြန်မာအလုပ်သမားများသည် တစ်ဦးလျှင် ဘတ် ၁၅၀၀၀-၃၀၀၀၀ (ကျပ် ၁၅ […]


