ထိုင်း တာခ့်ခရိုင်တွင် တရားမဝင် ဝင်လာသော မြန်မာလုပ်သား ၁၄ဦး ဖမ်းဆီးခံရ
diz_admin
October 5, 2022ထိုင်းနိုင်ငံ တာခ့်ခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြန်မာအလုပ်သမား ၁၄ ဦးကို ယနေ့ အောက်တိုဘာလ ၅ ရက် နံနက်တွင် ဖမ်းမိကြောင်း အမှတ် ၃၅ ထိုင်းနယ်ခြားစောင့်တပ်က ထုတ်ပြန်ထားသည်။ မဲလမတ်ဒေသတွင် ယနေ့ နံနက် ၁နာရီခန့်က သတင်းအရ သွားရောက်ဖမ်းဆီးခဲ့ရာ တောထဲ အမှောင်ထဲတွင် လမ်းလျှောက်နေကြသော မြန်မာအလုပ်သမား ၁၄ ဦးကို ဖမ်းမိခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ဖမ်းဆီးချိန်တွင် ထိုင်းပွဲစားသည် မြန်မာအလုပ်သမားများကို ချန်ထားခဲ့ကာ ထွက်ပြေးသွားခဲ့ပြီး ကျန်ရစ်ခဲ့သော မြန်မာ အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၄ ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြသည်။ ဖမ်းဆီးခံရသူများသည် ကရင်ပြည်နယ် ဘားအံမြို့ကဖြစ်ပြီး မြဝတီမြို့အနီး သောင်ရင်းမြစ်ကို လှေဖြင့် ဖြတ်ကာ […]


