ထိုင်းရောက်မြန်မာများ နိုင်ငံကူးလက်မှတ်အသစ်လုပ်လျှင် အလုပ်သမားကတ်တစ်ပါတည်းလုပ်ပေးမည်
diz_admin
November 1, 2022ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ PJ အမျိုးအစား နိုင်ငံကူးလက်မှတ်အသစ်လျှောက်ထားသူများကို ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) ကို တစ်ပါတည်း လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အောက်တိုဘာလ ၃၁ ရက်နေ့တွင် ထုတ်ပြန်သည်။ နိုဝင်ဘာလ ၇ ရက်နေ့မှစ၍ ဘန်ကောက်ရှိ မြန်မာသံရုံးတွင် နိုင်ငံကူးလက်မှတ်အသစ် လျှောက်ထားသူများကို OWIC ကတ် တစ်ပါတည်း ထုတ်ပေးမည်ဖြစ်ရာ မြန်မာနိုင်ငံသို့ ပြန်လည်သွားရောက် ပြုလုပ်ရန် မလိုအပ်တော့ကြောင်း ထုတ်ပြန်ထားသည်။ လက်ရှိ ထိုင်းရောက် မြန်မာအလုပ်သမားများသည် OWIC ကတ်ပြုလုပ်ရန် ပြည်တွင်းသို့ ပြန်လည် သွားရောက် လုပ်ကိုင်နေကြရသဖြင့် နည်းပညာဆိုင်ရာ Software များ ဖြည့်ဆည်းတပ်ဆင်ကာ ပြုလုပ်ပေးမည်ဖြစ်ကြောင်း မြန်မာသံရုံးထံမှ သိရသည်။ OWIC ကတ် ပါရှိမှသာလျှင် လေဆိပ်၊ နယ်စပ်ဂိတ်မှတစ်ဆင့် ပြည်ပသို့ […]


