မဟာချိုင်တွင် ငွေယူပြီး အလုပ်လည်းမသွင်းပေး၊ နေခွင့်ကတ်လည်း မလုပ်ပေးသည့် မြန်မာပွဲစား အဖမ်းခံရ
diz_admin
November 24, 2022ထိုင်းနိုင်ငံ မဟာချိုင်မြို့တွင် မြန်မာအလုပ်သမား ၅၀ကျော်ကို အလုပ်ရှာပေးပြီး နေထိုင်လုပ်ကိုင်ခွင့်လက်မှတ်ပါ လုပ်ပေးမည်ဟုဆိုကာ ငွေကြေးရယူထားသော်လည်း တစ်စုံတစ်ရာ မလုပ်ပေးသည့် မြန်မာပွဲစားကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း အလုပ်သမားကူညီစောင့်ရှောက်ရေး AAC မဟာမိတ်အဖွဲ့ထံမှသိရသည်။ မြန်မာပွဲစား ဦးကျော်စိုးဆိုသူကို စမူစခွန်ခရိုင် မဟာချိုင်မြို့ ရဲတပ်ဖွဲ့က နိုဝင်ဘာလ ၂၂ ရက်တွင် ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။ ထိုင်းလုံစင် ငါးသေတ္တာစက်ရုံတွင် အလုပ်လုပ်ရမည်ဖြစ်ပြီး နေထိုင်အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ဘတ်ကတ်) ပါ လုပ်ပေးမည်ဟုဆိုကာ မြန်မာပွဲစားသည် အလုပ်သမားများထံမှ တစ်ဦးလျှင် ဘတ် ၁၀၀၀၀ မှ ၁၄၀၀၀ အထိ ကြိုတင်ယူထားခဲ့ကြောင်း AAC အဖွဲ့ထံမှ သိရသည်။ အချိန်သုံးလကျော်ကြာ စောင့်ဆိုင်းသော်လည်း အလုပ်မရရှိသေးသည့်အပြင် ပန်းရောင်ကတ်လုပ်ရန် အမည်စာရင်း သွင်းထားခြင်းပင် မရှိသဖြင့် အလုပ်သမားများက AAC […]


