ထိုင်းတွင် ကားမှောက် သေဆုံးသွားသော မြန်မာလုပ်သားနှစ်ဦးအတွက် အာမခံ ဘတ်နှစ်သန်းကျော်ရ
diz_admin
November 14, 2022ထိုင်းနိုင်ငံတွင် ကားမှောက်မှုကြောင့် သေဆုံးသွားသော အထောက်အထားမဲ့ မြန်မာအလုပ်သမား နှစ်ဦးအတွက် အာမခံအကျိုးခံစားခွင့် ဘတ် နှစ်သန်းကျော်ရရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာနက နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ထုတ်ပြန်သည်။ တာခ့်ခရိုင်မှ ကန်ဖန်းဖက်ခရိုင်ဘက်သို့ အထောက်အထားမဲ့ မြန်မာအလုပ်သမားများ တင်ဆောင်လာသော ကားတစ်စီး လွန်ခဲ့သည့် တစ်နှစ်ခန့်က တိမ်းမှောက်မှုကြောင့် ကားပေါ်ပါ မြန်မာအလုပ်သမား သုံးဦးသေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ သို့သော် ကားမှောက်မှုဖြစ်ပွားသည့် နေ့ရက်နှင့် ဖြစ်စဉ်အသေးစိတ်ကို ဖော်ပြထားခဲ့ခြင်း မရှိပေ။ မြန်မာအလုပ်သမားများ သေဆုံးခဲ့မှုအတွက် အာမခံအကျိုးခံစားခွင့် ရရှိစေရန် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ တွင် အမျိုးသားညီညွတ်ရေးအစိုးမှ ကိုရဲမင်းဦးဆောင်သော AAC မဟာမိတ်အဖွဲ့သို့ ညွှန်ကြားခဲ့ကြောင်း ဖော်ပြသည်။ သေဆုံးခဲ့သူ နှစ်ဦးအတွက် ပုဂ္ဂလိက ကားအာမခံအတိုင်း […]


