ထိုင်းတွင် ပွဲစား စွန့်ပစ်ထားခဲ့သော တရားမဝင် မြန်မာလုပ်သားများ ဖမ်းဆီးခံရ
diz_admin
December 1, 2022ထိုင်းနိုင်ငံ တာခ့်ခရိုင်တွင် ကားသမားဖြစ်သူ ပွဲစားက စွန့်ပစ်ထားခဲ့သော တရားမဝင် ဝင်ရောက်လာသည့် မြန်မာ အလုပ်သမား ၁၃ဦးကို ဖမ်းဆီးရမိကြောင်း အမှတ် (၃၄) ထိုင်းနယ်ခြားစောင့်တပ်က နိုဝင်ဘာလ ၃ဝရက်တွင် ထုတ်ပြန်သည်။ တရားမဝင် မြန်မာအလုပ်သမားများကို ကားဖြင့် တင်ဆောင်လာသည်ဆိုသည့် သတင်းအရ နိုဝင်ဘာလ ၁၉ ရက် ညနေပိုင်းက စောင့်ဆိုင်းနေစဉ် ယင်းကားကို တာခ့်ခရိုင် မဲလမတ်ဒေသရှိ ဆေးရုံရှေ့တွင် အာဏာပိုင်များက တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ရပ်တန့်စစ်ဆေးခံရန် အချက်ပြသော်လည်း ကားမှာ ရပ်တန့်ခြင်းမရှိဘဲ မော်ဝါးဆိုသည့်ရွာဘက်သို့ လမ်းကြောင်းပြောင်း ထွက်ပြေးသွားကြောင်း ဖော်ပြသည်။ ယင်းနောက် အာဏာပိုင်များက လိုက်လံဖမ်းဆီးခဲ့ရာ မော်ဝါးရွာလမ်းဘေးတွင် အရှိန်လွန်ကာ လမ်းဘေး ထိုးရပ် ခဲ့သော ပစ်ကပ်ကားကို တွေ့ရှိပြီး ကား၏ အနောက်ဘက်တွင်လိုက်ပါလာသည့် […]


