ကိုးလကျော်အတွင်း ထိုင်းက မြန်မာလုပ်သားနှစ်ထောင်ကျော် ပြန်လွှဲပေး
diz_admin
December 10, 2022ယခုနှစ် မတ်လမှ ဒီဇင်ဘာလ ၉ ရက်နေ့အထိ ထိုင်းနိုင်ငံက ပြန်လည်လွှဲပြောင်းပေးသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား ၂၀၃၀ဦး အထိ ရှိနေပြီဖြစ်ကြောင်း ပြန်လွှဲပြောင်းသည့်စာရင်းများအရ သိရသည်။ ဘန်ကောက်အခြေစိုက် မြန်မာအလုပ်သမားသံအရာရှိရုံး၏ ထုတ်ပြန်ချက် စာရင်းများနှင့် အလုပ်သမား ပြန်လည် လက်ခံရာတွင် ကူညီပေးနေသည့် ကော့သောင်းအခြေစိုက် ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့၏ စာရင်းများအရ သိရခြင်းဖြစ်သည်။ မြန်မာရွှေ့ပြောင်းအလုပ်သမားတို့သည် ထိုင်းနိုင်ငံတောင်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရကာ ပြစ်ဒဏ်ကျခံရသူများဖြစ်သည်။ ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းမြို့ရှိ လူဝင်မူကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းတွင် ထပ်မံထိန်းသိမ်းခံရပြီးနောက် ကော့သောင်းဘက်သို့ ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။ ယင်းသို့လွှဲပြောင်းပေးရာတွင် မတ်လအတွင်းက ၁၂၉ဦး၊ မေလတွင် ၁၃၂ဦး၊ ဇွန်လတွင် ၃၂၄ဦး၊ ဇူလိုင်လတွင် ၁၆၆ဦး၊ ဩဂုတ်လတွင် ၃၄၄ဦး၊ စက်တင်ဘာလတွင် ၁၇၀ဦး၊ အောက်တိုဘာလတွင် ၃၆၈ဦး၊ နိုဝင်ဘာလတွင် ၂၁၀ဦးနှင့် ဒီဇင်ဘာလတွင် […]


