ထိုင်းတောင်ပိုင်း ရော်ဘာခြံတွင် မြန်မာလုပ်သားထံမှ လက်လုပ်သေနတ်သုံးလက် ဖမ်းမိဟုဆို
diz_admin
October 11, 2022ထိုင်းနိုင်ငံတောင်ပိုင်း စွန်ခရာခရိုင်တွင် ရာဘာခြံအတွင်း နေထိုင်လုပ်ကိုင်လျက်ရှိသော မြန်မာခြံအလုပ်သမားများထံမှ တရားမဝင် လက်လုပ်ပြောင်းရှည်သေနတ် ၃ လက်ကို ယနေ့ (အောက်တိုဘာ ၁၁) ဖမ်းဆီးရမိခဲ့ကြောင်း Bangkok Post သတင်းဌာနတွင် ရေးသားထားသည်။ စွန်ခရာခရိုင် စဒေါင်းဒေသ စမ်နက်ခမ်းရွာ ရာဘာခြံထဲရှိ အလုပ်သမားတန်းလျားကို ထိုင်း အမှတ် (၅) တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ ဝင်ရောက်စစ်ဆေးစဉ်တွင် ဖမ်းမိခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ၎င်းနေရာတစ်ဝိုက်တွင်နေထိုင်သော မြန်မာအလုပ်သမားများတွင် တရားမဝင် လက်လုပ်သေနတ်များရှိပြီး တောထဲရှိ တိရစ္ဆာန်များကို အမဲလိုက်ရန် ထိုသေနတ်များကို အသုံးပြုနေကြကြောင်း သတင်းရရှိခဲ့သဖြင့် ဝင်ရောက်စစ်ဆေးခြင်း ဖြစ်သည်ဟု ဆိုသည်။ တန်းလျားသို့ စစ်ဆေးရန် ဝင်ရောက်ချိန်တွင် မြန်မာအလုပ်သမား အမျိုးသားတစ်ဦးမှာ ထွက်ပြေးသွားခဲ့ပြီး ကျန်ခဲ့သော မိန်းမဖြစ်သူနှင့် နောက်အမျိုးသမီးတစ်ဦးတို့ကို တွေ့ရှိကြောင်း ရေးသားထားသည်။ […]


