၁၃နှစ်အရွယ် မြန်မာမိန်းကလေးကို အဓမ္မပြုကျင့်ရန်ကြိုးပမ်းသည့် ထိုင်းအမျိုးသားကိုအမှုဖွင့်
diz_admin
September 24, 2022ထိုင်းနိုင်ငံ နွန်ထဘူရီခရိုင်တွင် အသက် ၁၃နှစ်အရွယ် မြန်မာမိန်းကလေးကို အိမ်ဖော်အဖြစ် အလုပ်ခန့်မည်ဟု ပြောဆိုပြီး ဟိုတယ်သို့ခေါ်သွားကာ အဓမ္မပြုကျင့်ရန်ကြိုးပမ်းခဲ့သော ထိုင်းနိုင်ငံသား အမျိုးသားတစ်ဦးကို အမှုဖွင့်ထားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ မိန်ကလေးငယ်၏ ဖခင်ဖြစ်သူက စက်တင်ဘာ ၂၁ ရက်နေ့က ရဲစခန်းသွား၍ အမှုဖွင့်တိုင်ကြားခဲ့ကြောင်း ဖော်ပြသည်။ နွန်ထဘူရီခရိုင် ဘန်းဘိုဝ်ထွန်းဒေသတွင် အသက် ၁၅နှစ်မှ နှစ်၂ဝအတွင်းရှိ မိန်းကလေးအိမ်ဖော်အလိုရှိသည်ဟု ထိုင်းဘာသာဖြင့်ရေးထားသည့် Facebook ပေါ်က ကြော်ငြာကိုတွေ့သဖြင့် ဖခင်ဖြစ်သူက သမီးအတွက် စက်တင်ဘာလ ၂၂ ရက်က လျှောက်ထားခဲ့သည်ဟု ဆိုသည်။ အလုပ်ခေါ်သည့်ပွဲစားနှင့် သိကျွမ်းမှုမရှိဘဲ မြန်မာမိန်းကလေး၏ ပုံနှင့်အချက်အလက်များကို ဖခင်ဖြစ်သူက ပေးပို့ လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ထိုင်းဘာသာဖြင့် “စူဖာချိုင်းရင်နိယွမ်း” အကောင့်ပိုင်ရှင်က အလုပ်ခန့်အပ်ရန် လက်ခံသဖြင့် လာပို့ရန် […]


