ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဆယ်ကျော်သက် ထိုင်းလူငယ်များကို ရိုက်နှက်သည်ဟုဆိုကာ မြန်မာလူငယ်အုပ်စုကို ရှာဖွေ

Dawei Watch

May 18, 2026

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် ပတ္တယားတွင် ဆယ်ကျော်သက် ထိုင်းနိုင်ငံသား လူငယ်များကို ရိုက်နှက်ခဲ့သည်ဟုဆိုကာ မြန်မာလူငယ်အဖွဲ့ကို ရဲတပ်ဖွဲ့က လိုက်လံရှာဖွေစုံစမ်းနေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ချွန်ဘူရီခရိုင် ဘန်းလမောင်းဒေသက လမ်းပေါ်တွင် အသက် ၁၅ နှစ်အရွယ် ထိုင်းလူငယ်သုံးဦးကို မြန်မာလူငယ် ၁၀ဦးခန့်ပါသည့် အုပ်စုက ရိုက်နှက်ခဲ့ကြောင်း ဖော်ပြသည်။ မေလ ၁၆ ရက်ညက ထိုင်းလူငယ်သုံးဦး ဆိုင်ကယ်စီးလာစဉ် မြန်မာလူငယ်အဖွဲ့က နောက်ကလိုက်လာပြီး ၎င်းတို့၏ ဆိုင်ကယ်ကို ရပ်ခိုင်းခဲ့ကြောင်း ထိုင်းလူငယ်က ရဲစခန်းတွင် ထွက်ဆိုသည်ဟု ဖော်ပြသည်။ မြန်မာလူငယ်အဖွဲ့က ၎င်းတို့ကို စိုက်ကြည့်သည်ဟုဆိုကာ ထိုင်းလူငယ်သုံးဦးအနက် တစ်ဦးကို ဆိုင်ကယ်ပေါ်မှ ဆွဲချပြီး ထိုးကြိတ်ကန်ကျောက်ကာ ရိုက်နှက်ခဲ့ကြောင်း ဆိုသည်။ ဆိုင်ကယ်ကိုလည်း ရိုက်ခဲ့ပြီး ဖိနပ်ကိုလည်း ဆွဲချွတ်လုယူကာ လူကို တံတွေးဖြင့် ထွေးခဲ့ပြီးနောက် […]

ချင်းမိုင်တွင် မြန်မာပိုင် မျက်မှန်ဆိုင်ကို ထိုင်းရဲဝင်ဖမ်း၊ မြန်မာ ၅ ဦး ဖမ်းဆီးခံရ

Dawei Watch

May 12, 2026

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့တွင် မြန်မာနိုင်ငံသားပိုင် မျက်မှန်ဆိုင်ကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ပြီး မြန်မာနိုင်ငံသား ၅ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မေလ ၁၁ ရက်နေ့က ချင်းမိုင်တက္ကသိုလ်အနီး ဖွင့်လှစ်ထားသော The New Trend Optic မျက်မှန်ဆိုင်ကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ မျက်မှန်ဆိုင်အတွင်းသို့ ရဲတပ်ဖွဲ့က မျက်စိစမ်းသပ်ရန်နှင့် မျက်မှန်ဝယ်ယူရန် အသွင်ယူဝင်ရောက်ခဲ့စဉ် ဆိုင်ဝန်ထမ်းများက ထိုင်းဘာသာစကား မတတ်ဟုဆိုကာ ထိုင်းနိုင်ငံသားများကို ဝန်ဆောင်မှုပေးရန် ငြင်းဆန်ခဲ့ပြီး အခြားဆိုင်များသို့သာ ညွှန်းဆိုခဲ့ကြောင်း သတင်းတွင်ဖော်ပြသည်။ ယင်းလုပ်ဆောင်ချက်သည် ထိုင်းနိုင်ငံအတွင်း မသင့်တော်သဖြင့် ရဲတပ်ဖွဲ့က အခြားဌာနများနှင့် ပူးပေါင်းကာ ဆိုင်အတွင်း ဝင်ရောက်စစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်အပါအဝင် မြန်မာနိုင်ငံသား ၅ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အဆိုပါဆိုင်ကို မကြာသေးခင်က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ချင်းမိုင်မြို့ရှိ […]

ထားဝယ်ဘက်မှတစ်ဆင့် တရားမဝင် ဝင်လာသူ ၁၉ ဦး ကန်ချနဘူရီတွင် ထိုင်းရဲဖမ်းမိ

Dawei Watch

April 28, 2026

တနင်္သာရီတိုင်း ထားဝယ်ခရိုင်ဘက်မှတစ်ဆင့် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၁၉ ဦးကို ကန်ချနဘူရီခရိုင် စိုင်ယွတ်ဒေသတွင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဧပြီလ ၂၇ ရက်နေ့ ညနေ ၅ နာရီခန့်က စိုင်ယွတ်ဒေသ ဝပ်ဖူဖွန်ဘုန်းကြီးကျောင်းအနီးတွင် နယ်ခြားစောင့်တပ်များ ကင်းလှည့်နေစဉ် အုပ်စုလိုက် လမ်းလျှောက်နေသော မြန်မာနိုင်ငံသားများကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသောနေရာသည် ထီးခီးမြို့နှင့် ကီလိုမီတာ ၅၀ ခန့်အကွာတွင် ရှိသည်။ မြန်မာနိုင်ငံသားများတွင် အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၄ စုစုပေါင်း ၁၉ ဦးကို ပါဝင်ပြီး အားလုံးတွင် တရားဝင် စာရွက်စာတမ်းများကို မတွေ့ရကြောင်း ဖော်ပြထားသည်။ မြန်မာနိုင်ငံသားများသည် တနင်္သာရီတိုင်း ထားဝယ်ခရိုင်မှတစ်ဆင့် တောလမ်းအတိုင်း တရားမဝင် ဝင်လာကြပြီး ရတ်ချ်ဘူရီခရိုင်သို့ သွားရောက်ရန် […]

ထိုင်းတွင် ပထွေးဖြစ်သူ ဓားဖြင့်ထိုးသဖြင့် မြန်မာတစ်ဦးသေဆုံး

Dawei Watch

April 27, 2026

ထိုင်းနိုင်ငံ အန်ထောင်းခရိုင်တွင် မြန်မာနိုင်ငံသားအချင်းချင်း ဓားထိုးမှုကြောင့် တစ်ဦးသေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ ဧပြီလ ၂၇ ရက် နံနက် ၂ နာရီခန့်တွင် အန်ထောင်းမြို့ စလာဒင်းဒေသတွင် ပထွေးဖြစ်သူနှင့် ဇနီးသည်ဘက်က ပါသည့် သားဖြစ်သူတို့ အချင်းချင်း စကားများ ရန်ဖြစ်ခဲ့ပြီးနောက် ဓားထိုးမှုဖြစ်သည်။ ဓားထိုးခံရမှုကြောင့် အသက် ၂၂ နှစ်အရွယ် မြန်မာနိုင်ငံသား၏ ဗိုက်တွင် ဒဏ်ရာအပြင်းအထန်ရရှိထားသဖြင့် အန်ထောင်းဆေးရုံကြီးသို့ မိခင်ဖြစ်သူက အရေးပေါ်ပို့ဆောင်ပေးခဲ့သော်လည်း နောက်ပိုင်းတွင် သေဆုံးခဲ့ကြောင်း ဖော်ပြသည်။ ပထွေးဖြစ်သူမှာ ဓားထိုးမှုဖြစ်ပြီးနောက် ဆိုင်ကယ်စီး၍ ထွက်ပြေးသွားခဲ့ကြောင်း ဖော်ပြသည်။ ဓားကို အမှိုက်ပုံးအနီးတွင် ပစ်သွားခဲ့သဖြင့် ရဲတပ်ဖွဲ့က သက်သေအနေဖြင့် သိမ်းဆည်းခဲ့ကြောင်း ဆိုသည်။ လက်ရှိတွင် ထွက်ပြေးနေသော သံသယရှိသူကို ဖမ်းဆီးရမိရေး ရဲတပ်ဖွဲ့က ရှာဖွေနေဆဲဖြစ်ကြောင်း […]

ဘန်ကောက်တွင် အသက် ၇ နှစ်အရွယ် မြန်မာကလေးသေဆုံးမှု ရဲတပ်ဖွဲ့က မိခင်ကို ဖမ်းဝရမ်းထုတ်

Dawei Watch

April 2, 2026

သေဆုံးသူ ကလေးငယ်၏ မိခင်ဖြစ်သူမှာ အိမ်မှထွက်သွားပြီးနောက် ပျောက်ဆုံးနေဆဲဖြစ်ပြီး သံသယရှိသူဟု သတ်မှတ်၍ ရဲတပ်ဖွဲ့က အပြင်းအထန် ရှာဖွေနေခြင်းဖြစ်သည်။ ကလေးငယ်၏ မိဘနှစ်ပါးမှာ ကလေးမွေးဖွားပြီးနောက် ကွာရှင်းပြတ်စဲထားကြောင်း သိရသည်။

ချင်းမိုင်စီးပွားရေး တိုးတက်စေသဖြင့် မြန်မာများအတွက် ဗီဇာစည်းမျဉ်းသစ်များ ဖန်တီးပေးရန်တိုက်တွန်း

Dawei Watch

April 1, 2026

၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းအထိ ချင်းမိုင်မြို့တွင် မြန်မာနိုင်ငံမှ ရှောင်တိမ်းလာသည့် ဘွဲ့ရကျွမ်းကျင်လုပ်သားဦးရေ အနည်းဆုံး ၆,၀၀၀ အထိ ရှိနိုင်ကြောင်း Surin Pitsuwan Foundation အဖွဲ့က ထုတ်ပြန်သည်။

ဖူးခက်တွင် ဘတ် ၃ သန်းကျော်တန်ဖိုးရှိ ပစ္စည်းများ ခိုးယူမှုဖြင့် မြန်မာ ၁ ဦး ဖမ်းဆီးခံရ

Dawei Watch

March 27, 2026

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့ရှိ အိမ်ရာထဲတွင် တန်ဖိုးကြီး နာရီအပါအဝင် ဘတ် ၃ သန်းကျော်တန်ဖိုးရှိ ပစ္စည်းများကို ခိုးယူမှုဖြင့် မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ နိုင်ငံခြားသားသည် ပြည်ပခရီးစဉ်မှ ပြန်လာစဉ် ဖူးခက်မြို့ ချလောင်ဒေသရှိ ငှားထားသော အိမ်ထဲတွင် ငွေသားနှင့် တန်ဖိုးကြီးပစ္စည်းများစွာ ပျောက်ဆုံးနေသဖြင့် ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ခြင်းဖြစ်သည်။ ခိုးယူခံရသည့် ပစ္စည်းများမှာ ဘတ် ၂၇ သိန်းတန်ဖိုးရှိ Rolex နာရီ ၃ လုံး၊ ဘတ် ၁ သိန်းနီးပါးတန်ဖိုးရှိ ငွေသားများ၊ iPhone နှင့် ဖုန်းပစ္စည်းများ၊ Play Station ဂိမ်းစက်နှင့် အခြားပစ္စည်းများဖြစ်ကာ အားလုံးစုစုပေါင်း ဘတ် ၃ သန်းကျော် တန်ဖိုးရှိကြောင်း သတင်းအရ သိရသည်။ ရဲတပ်ဖွဲ့က CCTV […]

တစ်လကျော်ကြာ ပိတ်ထားသည့် မြိတ်-ထားဝယ်ကားလမ်း ပြန်ဖွင့်ဟုဆို

Dawei Watch

March 27, 2026

တစ်လကျော်ကြာ ပိတ်ထားသည့် မြိတ်-ထားဝယ်ကားလမ်း ယနေ့ ပြန်လည်သွားလာခွင့်ရကြောင်း ဒေသခံအချို့နှင့် ကားသမားအချို့က ပြောသည်။ KNLA နှင့် ပူးပေါင်းတပ်တော်လှန်ရေးတပ်များက မြိတ်-ထားဝယ်ကားလမ်းရှိ ဝင်းဝစခန်းသိမ်းတိုက်ပွဲဆင်နွှဲရန် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၈ ရက်မှ မတ်လ ၂၆ ရက်အထိ ၄၇ရက်ကြာ ပိတ်ထားခဲ့ခြင်းဖြစ်သည်။ “ကားလမ်းဖွင့်ပြီလို့ ပြောတယ်။ ထားဝယ်ဘက်က ဆင်းလာတဲ့ကားတွေ ပုလော၊ ပလောက်ဘက်ကို ရောက်နေပြီလို့ ပြောတယ်။ မြိတ်ဘက်က တက်တဲ့ကားတွေလည်း ထားဝယ်ကိုရောက်ကုန်ပြီလို့ပြောတယ်။ မနက်ဖြန်လောက်ဆိုရင်တော့ သေသေချာချာသိရမယ်” ဟု မြိတ်-ထားဝယ် ကားလမ်းအသုံးပြုနေသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ မြိတ်-ထားဝယ် ပြေးဆွဲသည့် မှန်လုံကား ပိုင်ရှင်တစ်ဦးကမူ ကားလမ်းဖွင့်ပြီဟု ပြောဆိုနေသော်လည်း မသွားလာရဲသေးသဖြင့် အခြေအနေကို စောင့်ကြည့်နေဆဲဖြစ်ကြောင်း ပြောဆိုသည်။ မြိတ်-ထားဝယ် ကားလက်မှတ်ရောင်းနေသူ အမျိုးသမီးတစ်ဦးကမူ ကားလမ်းအခြေအနေကို စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း […]