ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

None

သမိုင်းကြောင်းတိုက်ဆိုင်မှု ငါးခုနဲ့ ပေါ်တူဂီ

Dawei Watch

June 19, 2026

ပေါ်တူဂီဟာ ပြိုင်ပွဲမစခင် အရမ်းကို ရေပန်းစားခဲ့ပေမဲ့ အဖွင့်ပွဲအပြီးမှာ အကြီးအကျယ် ဝေဖန်ခံရတာတွေလည်း ထပ်တူကို ဖြစ်ပျက်နေတာပါ။

ကမ္ဘာ့ဖလားမှာ ပထမဆုံးဟက်ထရစ် ဂိုးနဲ့အတူ သမိုင်းသစ်ရေးထိုးလိုက်တဲ့ မက်ဆီ

Dawei Watch

June 17, 2026

မက်ဆီဟာ အခုလို ဟက်ထရစ် ရယူလိုက်နိုင်တဲ့အတွက် ဂျာမနီတိုက်စစ်မှူး ကလိုဆေး တင်ရှိထားတဲ့ ကမ္ဘာ့ဖလားသွင်းဂိုးအများဆုံး ၁၆ ဂိုးစံချိန်ကို လိုက်မီသွားခဲ့ပြီဖြစ်ပြီး ရှေ့လာမယ့်ပွဲစဉ်တွေမှာ တစ်ဂိုး ထပ်သွင်းနိုင်တာနဲ့ ကလိုဆေးကို ကျော်ဖြတ်ပြီး မက်ဆီက ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းကြောင်းမှာ သွင်းဂိုးအများဆုံးကစားသမား စံချိန်သစ်တင်နိုင်သူအဖြစ် ရပ်တည်လာနိုင်ပါတော့မယ်။

အယုဒ္ဓယတွင် အလုပ်ရှင်က မြန်မာလုပ်သား ခြောက်ဦးကို အလုပ်ထုတ်ပြီး ဘတ်တစ်သိန်း တောင်း

Dawei Watch

June 15, 2026

ထိုင်းနိုင်ငံအလယ်ပိုင်း အယုဒ္ဓယခရိုင် ဆောက်လုပ်ရေးလုပ်ငန်းတွင် အလုပ်ရှင်က မြန်မာအလုပ်သမား ခြောက်ဦးကို လုပ်အားခ မထုတ်ပေးဘဲ အလုပ်ထုတ်လိုက်သည့်အပြင် ဘတ်တစ်သိန်းပါ ထပ်တောင်းနေသဖြင့် မြန်မာအလုပ်သမားများ အခက်အခဲဖြစ်နေကြောင်း ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။ မြန်မာအလုပ်သမား ခြောက်ဦးသည် လမ်းဆောက်လုပ်ရေးလုပ်ငန်းတွင် နှစ်နှစ်ကျော်ကြာ လုပ်ကိုင်ခဲ့ပြီး လွန်ခဲ့သော နှစ်လခန့်မှစ၍ အလုပ်ရှင်က လုပ်အားခများကို မထုတ်ပေးတော့ကြောင်း အဖွဲ့ထံမှ သိရသည်။ မြန်မာအလုပ်သမားများသည် လုပ်အားခမရသဖြင့် စားဝတ်နေရေး အခက်အခဲဖြစ်နေစဉ် မြန်မာအလုပ်သမားများ ရဲအဖမ်းခံရစဉ်က စိုက်ထုတ်ပေးထားသည်ဟုဆိုကာ ဘတ်တစ်သိန်းကို အလုပ်ရှင်က ပြန်တောင်းနေသဖြင့် ပို၍ အခက်အခဲဖြစ်နေကြောင်း အဖွဲ့ထံမှ သိရသည်။ ယင်းအခက်အခဲများကို ဖြေရှင်းရန် မြန်မာအလုပ်သမားခြောက်ဦးက WAG အဖွဲ့ထံ ဇွန်လ ၁၁ ရက်နေ့က အကူအညီတောင်းခံခဲ့ကြောင်း ကိုမုန်တိုင်းက ပြောသည်။ “လက်ရှိ […]

ထားဝယ်တွင် ယခုလဝက်အတွင်း စစ်မှုထမ်းအဓမ္မစုဆောင်းခံရသူ ၁၀ ဦးကျော်ရှိ

Dawei Watch

June 15, 2026

ကမြောကင်းတံတား စစ်ဆေးရေးဂိတ်တွင် တစ်လလျှင် နှစ်ကြိမ်ထက်မနည်း ခရီးသွားလူငယ်များကို စစ်မှုထမ်းအဖြစ် လစဉ် အဓမ္မဖမ်းဆီးလေ့ရှိသည်။

ရေဖြူ ဧကနိရွာဝန်းကျင်ကို စစ်အာဏာရှင်တပ် ဂျိုင်ရိုကော်ပတာဖြင့် ဗုံးကြဲ၊ နှစ်ဦးသေဆုံး

Dawei Watch

June 3, 2026

ရေဖြူမြို့နယ်၊ ဧကနိကျေးရွာဝန်းကျင်ကို စစ်အာဏာရှင်တပ်က ယနေ့ မွန်းလွဲပိုင်းတွင် ဂျိုင်ရိုကော်ပတာဖြင့် ဗုံးသုံးလုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး ကလေးငယ်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံနှင့် တော်လှန်ရေးအင်အားစုများထံမှ သိရသည်။ သေဆုံးသူ အမျိုးသမီးမှာ ကိုယ်ဝန်ဆောင်ဖြစ်သည်ဟုလည်း ဒေသခံအချို့က ဆိုသည်။ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ မောရဝတီရေတပ်စခန်းဘက်မှ ပျံသန်းလာသည့် ဂျိုင်ရိုကော်ပတာနှစ်စီးသည် ယနေ့နံနက်ပိုင်းမှစ၍ ထားဝယ်အထူးစီးပွားရေးဇုန်ဒေသတွင် ပျံဝဲနေပြီး၊ မွန်းလွဲပိုင်းတွင် ဗုံးသုံးလုံး ကြဲချခဲ့ကြောင်း ဒေသခံက ပြောသည်။ အဆိုပါ ဗုံးသုံးလုံးအနက် တစ်လုံးမှာ ဧကနိကျေးရွာရှိ စိုက်ပျိုးခြံရုံးခန်းအနီးတွင်လည်းကောင်း၊ ကျန်နှစ်လုံးမှာ ရငဲရွာဝန်းကျင်နှင့် ရငဲဝဇွန်းတောကျေးရွာကြားတွင်လည်းကောင်း ပေါက်ကွဲခဲ့ပြီး၊ ရွှေ့ပြောင်းလုပ်သား အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးကာ ကလေးငယ်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံနှင့် တော်လှန်ရေးအင်အားစုများက ပြောသည်။ စစ်အာဏာရှင်တပ်သည် တိုက်ပွဲမဖြစ်ဘဲ ဧကနိကျေးရွာအနီးဝန်းကျင်ကို […]

အပစ်ရပ်သဘောတူညီချက် အမေရိကန် ချိုးဖောက်ကြောင်း အီရန်စွပ်စွဲ

Dawei Watch

May 27, 2026

အပစ်ရပ်သဘောတူညီချက်ကို အမေရိကန်က ချိုးဖောက်ကြောင်း အီရန်က မေလ ၂၆ ရက်တွင် စွပ်စွဲလိုက်သည်။ အီရန်ဒုံးကျည်စခန်းများနှင့် ရေမြှုပ်မိုင်းထောင်သည့် ရေယာဉ်များကို အမေရိကန်က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် အီရန်ဘက်က ယင်းသို့ စွပ်စွဲပြောဆိုလိုက်ခြင်းဖြစ်ပြီး လက်တုံ့ပြန်ရန် အသင့်ရှိကြောင်း သတိပေးထားသည်။ အမေရိကန် ဗဟိုစစ်ဌာနချုပ်က နောက်ထပ် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ကြေညာအပြီးတွင် ဘရန့် ရေနံစိမ်းစျေးနှုန်းသည် ၄ ရာခိုင်နှုန်းကျော် မြင့်တက်သွားခဲ့သည်။ တစ်ချိန်တည်းတွင်ပင် တရုတ်နိုင်ငံက နှစ်ဖက်စလုံးအနေဖြင့် အပစ်အခတ်ရပ်စဲရေးကို လေးစားလိုက်နာကြရန်နှင့် ပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းကြရန် တိုက်တွန်းထားသည်။ ဗြိတိန်အခြေစိုက် ရေကြောင်းကုန်သွယ်မှု လုပ်ငန်းအဖွဲ့ (UKMTO) ၏ အဆိုအရ အိုမန်ကမ်းလွန်ပင်လယ်ပြင်တွင် ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ရာ ရေနံတင်သင်္ဘောတစ်စီး၏ ရေပြင်နှင့်ထိစပ်နေသော ကိုယ်ထည်ပိုင်း ပျက်စီးသွားခဲ့ကြောင်း သိရသည်။ ဟော်မုဇ်ရေလက်ကြားအနီးရှိ တောင်ပိုင်းဆိပ်ကမ်းမြို့ […]