ရေထွက်ကုန်ဈေးကျပြီး ကြက်သွန်ဖြူဈေးတက်သည့် ထားဝယ်ဈေးကွက်
Dawei Watch
January 17, 2026ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ရေထွက်ကုန်ဈေးနှုန်းများ ကျဆင်းသွားပြီး ကြက်သွန်ဖြူဈေးနှုန်းမှာမူ မြင့်တက်နေသည်။ ပြီးခဲ့သည့်သီတင်းပတ် ဇန်နဝါရီလ ၁၁ ရက်နေ့က ထားဝယ်ဈေးကွက်တွင် ရေထွက်ပစ္စည်းအချို့ဖြစ်သည့် ပါတူး (ခေါ်) ငါးလုံးတစ်ပိဿာလျှင် ၁၄,၀၀၀ ကျပ် ရှိခဲ့ရာမှ ဇန်နဝါရီ ၁၇ ရက်နေ့တွင် ၁၂,၀၀၀ ကျပ်သို့လည်းကောင်း၊ ငါးကွန်းရှပ်ကြီးတစ်ပိဿာ ၃၀,၀၀၀ ကျပ်မှ ၂၇,၀၀၀ ကျပ်သို့လည်းကောင်း၊ ငါးမဲလုံးတစ်ပိဿာ ၁၁,၀၀၀ ကျပ်မှ ၈,၀၀၀ ကျပ်သို့လည်းကောင်း၊ ပုစွန်ချောကြီးတစ်ပိဿာ ၅၀,၀၀၀ ကျပ်မှ ၄၅,၀၀၀ ကျပ်သို့လည်းကောင်း အသီးသီး ဈေးနှုန်းကျဆင်းသွားသည်။ တစ်ပတ်အတွင်း ပါတူး (ခေါ်) ငါးလုံးတစ်ပိဿာလျှင် ၂,၀၀၀ ကျပ်၊ ငါးကွန်းရှပ်တစ်ပိဿာ ၃,၀၀၀ ကျပ်၊ ငါးမဲလုံးတစ်ပိဿာ ၃,၀၀၀ ကျပ်နှင့် ပုစွန်ချောကြီးတစ်ပိဿာ ၅,၀၀၀ ကျပ် […]


