ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

None

ထိုင်းဘတ်ဈေး ဆက်တိုက်ငြိမ်၊ ရက် ၄၉၃ မြောက် ရွှေဈေးမဖွင့် (အောက်တိုဘာ ၁၀)

Dawei Watch

October 10, 2025

ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေဈေးမဖွင့်တော့သည်မှာ ရက် ၄၉၃ မြောက်ရှိလာပြီဖြစ်သည်။ စစ်ကော်မရှင် သတ်မှတ်ဈေးအတိုင်း မရောင်းပါက ဖမ်းဆီးပြီး ပိုင်ဆိုင်မှုကိုပါ သိမ်းဆည်းမည်ဟု ခြိမ်းခြောက်ထားသည့်အတွက် ဇွန်လ ၅ ရက်နေ့မှစကာ အခေါက်ရွှေဈေး မဖွင့်တော့ပေ။ ထိုကြောင့် ထားဝယ်ဈေးကွက်တွင် အခေါက်ရွှေဈေးမဖွင့်တော့ဘဲ ရန်ကုန်ဈေးကွက်ကို အခြေခံကာ ကြိုက်ရောင်းကြိုက်ဝယ် ဖြစ်နေသည်။ ရန်ကုန်ဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် 82 သိန်းအတိ ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ငွေလဲနှုန်းမှာ ကျနေပြီး မြန်မာငွေတစ်သိန်းလျှင် ၈၂၅ ဘတ် ဈေးဖွင့်ထားသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ထိုင်း-မြန်မာနယ်စပ် ထီးခီးရွာကို စစ်အာဏာရှင်တပ် လေယာဉ်ဖြင့် ဗုံးထပ်ကြဲ

Dawei Watch

October 8, 2025

ထိုင်း-မြန်မာနယ်စပ်တွင် ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၄) ထိန်းချုပ်ထားသည့် ထီးခီးရွာကို စစ်အာဏာရှင်တပ်က ယနေ့ အောက်တိုဘာလ ၈ ရက် မွန်းလွဲ ၁ နာရီ ၄၀ မိနစ်ခန့်တွင် ဗုံးထပ်ကြဲကြောင်း KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်ထံမှ သိရသည်။ ယနေ့ နံနက်အစောပိုင်းက ထီးခီးရွာကို Y-12 လေယာဉ်ဖြင့် ဗုံးကြဲခိုက်ခဲ့ပြီးနောက် မွန်းလွဲပိုင်းတွင် တိုက်လေယာဉ်ဖြင့် ဗုံးထပ်ကြဲကြောင်း KNU တပ်မဟာ (၄) ၊ မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။ ဗုံးကြဲတိုက်ခိုက်မှု နှစ်ခုစလုံးတွင် အဆောက်အအုံနှင့် လူနေအိမ်အချို့ ထိခိုက်ပျက်စီးမှုရှိသော်လည်း လူထိခိုက်မှု မရှိကြောင်း ၎င်းက ဆိုသည်။ “သူတို့လုပ်ရပ်က အကြမ်းဖက်လုပ်ရပ်အတိုင်းပဲ။ ပြည်သူလူထုက အခက်အခဲပေါင်းစုံနဲ့ နေရတာ။ သူတို့က ထပ်ပြီးတော့ ပြည်သူလူထုကို […]

စက်တင်ဘာလ ၁၂ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

September 12, 2025

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

ထိုင်းဘတ်ဈေး ပြန်တက်၊ ရက် ၄၄၉ မြောက် ရွှေဈေးမဖွင့် (ဩဂုတ် ၂၈)

Dawei Watch

August 28, 2025

ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေဈေးမဖွင့်တော့သည်မှာ ရက် ၄၄၉ မြောက်ရှိလာပြီဖြစ်သည်။ စစ်ကောင်စီသတ်မှတ်ဈေးအတိုင်း မရောင်းပါက ဖမ်းဆီးပြီး ပိုင်ဆိုင်မှုကိုပါ သိမ်းဆည်းမည်ဟု ခြိမ်းခြောက်ထားသည့်အတွက် ဇွန်လ ၅ ရက်နေ့မှစကာ အခေါက်ရွှေဈေး မဖွင့်တော့ပေ။ ထိုကြောင့် ထားဝယ်ဈေးကွက်တွင် အခေါက်ရွှေဈေးမဖွင့်တော့ဘဲ ရန်ကုန်ဈေးကွက်ကို အခြေခံကာ ကြိုက်ရောင်းကြိုက်ဝယ် ဖြစ်နေသည်။ ရန်ကုန်ဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၇,၆၄၀,၀၀၀ ကျပ် ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ငွေလဲနှုန်းမှာ ပြန်တက်လာပြီး မြန်မာငွေတစ်သိန်းလျှင် ၇၆၀ ဘတ် ဈေးဖွင့်ထားသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

Dawei Watch

August 2, 2025

ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

ဆန်ချောဈေးတက်ပြီး ကြက်သွန်ဖြူ၊ အာလူးဈေးကျသည့် ထားဝယ်ဈေးကွက်

Dawei Watch

June 7, 2025

ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ဆန်ချောဈေးတက်ပြီး ကြက်သွန်ဖြူနှင့် အာလူး ဈေးကျသည်ကို တွေ့ရသည်။ ပြီးခဲ့သည့်သီတင်းပတ် မေလ ၃၁ ရက်တွင် ဆန်ချောအမျိုးအစားများဖြစ်သည့် ရွှေဘိုပေါ်ဆန်း (စင်္ကြာမင်း) တံဆိပ် ဆန်ချော တစ်အိတ်လျှင် ၁၉၀၅၀၀ကျပ်မှ ဇွန်လ ၇ ရက်တွင် ၁၉၃၅၀၀ကျပ်၊ ရွှေဘိုပေါ်ဆန်း (အောင်သီဟ) တစ်အိတ်လျှင် ၁၉၅၀၀၀ကျပ်မှ ၂၀၂၀၀၀ကျပ်သို့ ဈေးတက်သွားခြင်းဖြစ်သည်။ တစ်ပတ်အတွင်း ဆန်ချောတစ်အိတ်လျှင် အမျိုးအစားပေါ်မူတည်ကာ ၃၀၀၀ကျပ်မှ ၇၀၀၀ကျပ်အထိ ဈေးတက်သွားခြင်းဖြစ်သည်။ ကြက်သွန်ဖြူနှင့် အာလူးမှာမူ ယခုသီတင်းပတ်အတွင်း ဈေးကျလာသည်။ ပြီးခဲ့သည့် သီတင်းပတ် မေလ ၃၁ ရက်တွင် ကြက်သွန်ဖြူထူး ၅ အမျိုးအစားတစ်ပိဿာ ၁၁၀၀၀ကျပ်မှ ဇွန်လ ၇ ရက်တွင် ၁၀၅၀၀ကျပ်၊ကြက်သွန်ဖြူ (ကြူကုတ်) မှာ တစ်ပိဿာ ၁၄၀၀၀ကျပ်မှ […]

ထိုင်းဘတ်ဈေး ပြန်ငြိမ်၊ ၃၅၃ ရက်မြောက် ရွှေဈေးမဖွင့် (မေ ၂၃)

Dawei Watch

May 23, 2025

ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေဈေးမဖွင့်တော့သည်မှာ ၃၅၃ ရက်မြောက်ရှိလာပြီဖြစ်သည်။ စစ်ကောင်စီသတ်မှတ်ဈေးအတိုင်း မရောင်းပါက ဖမ်းဆီးပြီး ပိုင်ဆိုင်မှုကိုပါ သိမ်းဆည်းမည်ဟု ခြိမ်းခြောက်ထားသည့်အတွက် ဇွန်လ ၅ ရက်နေ့မှစကာ အခေါက်ရွှေဈေး မဖွင့်တော့ပေ။ ထိုကြောင့် ထားဝယ်ဈေးကွက်တွင် အခေါက်ရွှေဈေးမဖွင့်တော့ဘဲ ရန်ကုန်ဈေးကွက်ကို အခြေခံကာ ကြိုက်ရောင်းကြိုက်ဝယ် ဖြစ်‌နေသည်။ ရန်ကုန်ဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၇,၅၃၀,၀၀၀ ကျပ်ဈေးဖွင့်ထားသည်။ ထိုင်းဘတ်‌ငွေလဲနှုန်းမှာ ပြန်ငြိမ်သွားပြီး မြန်မာငွေတစ်သိန်းလျှင် ၇၅၅ ဘတ် ဈေးဖွင့်ထားသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။