လောင်းလုံးတွင် လေပြင်းကြောင့် ကျောင်းဟောင်းပြိုကျ၍ ကလေးတစ်ဦး ဒဏ်ရာရ
Dawei Watch
April 4, 2025လောင်းလုံးမြို့နယ် ၊ ကဒက်ငယ်ဆိပ်ရွာတွင် ဧပြီလ ၃ ရက်က မိုးရွာစဥ် လေပြင်း တိုက်ခတ်မှုကြောင့် မူကြိုကျောင်း အဆောက်အအုံဟောင်းတစ်ခု ပြိုကျ၍ ကလေးတစ်ဦး ဒဏ်ရာရသွားကြောင်း ရွာသားများထံမှသိရသည် ။ မိုးရွာနေစဥ် အဆိုပါ သစ်သားကာ သွပ်မိုး အဆောက်အအုံ အဟောင်းတွင် မိုးဝင်ခိုနေသည့် ကလေးသုံးဦးအနက် တစ်ဦးမှာ ပြိုကျသည့် သစ်သားအပိုင်းအစဖြင့် ဖိမိ၍ ဒဏ်ရာရခဲ့ခြင်းဖြစ်သည် ။ “အသက် ၈ နှစ်လောက်ကလေးတစ်ယောက် ဖိသွားတယ် ။ ချက်ချင်းတော့ သွားဆွဲထုတ်လိုက်ကြတယ်။ ကလေးမှာ ခါးမှာနာသွားတယ် ။ ဒီနေ့(ဧပြီ၄) ထားဝယ်မှာတော့ ဓာတ်မှန်သွားရိုက်နေတယ် ” ဟု ကဒက်ငယ်ဆိပ် ရွာသားတစ်ဦးက ပြောသည် ။ လေပြင်းကြောင့် ကျေးရွာအတွင်း အခြား အဆောက်အအုံ နှင့် လူထိခိုက်ဒဏ်ရာရမှုမရှိခဲ့ကြောင်း […]


