ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

None

စက်တင်ဘာလ ၁၂ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

September 12, 2025

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

ထိုင်းဘတ်ဈေး ပြန်တက်၊ ရက် ၄၄၉ မြောက် ရွှေဈေးမဖွင့် (ဩဂုတ် ၂၈)

Dawei Watch

August 28, 2025

ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေဈေးမဖွင့်တော့သည်မှာ ရက် ၄၄၉ မြောက်ရှိလာပြီဖြစ်သည်။ စစ်ကောင်စီသတ်မှတ်ဈေးအတိုင်း မရောင်းပါက ဖမ်းဆီးပြီး ပိုင်ဆိုင်မှုကိုပါ သိမ်းဆည်းမည်ဟု ခြိမ်းခြောက်ထားသည့်အတွက် ဇွန်လ ၅ ရက်နေ့မှစကာ အခေါက်ရွှေဈေး မဖွင့်တော့ပေ။ ထိုကြောင့် ထားဝယ်ဈေးကွက်တွင် အခေါက်ရွှေဈေးမဖွင့်တော့ဘဲ ရန်ကုန်ဈေးကွက်ကို အခြေခံကာ ကြိုက်ရောင်းကြိုက်ဝယ် ဖြစ်နေသည်။ ရန်ကုန်ဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၇,၆၄၀,၀၀၀ ကျပ် ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ငွေလဲနှုန်းမှာ ပြန်တက်လာပြီး မြန်မာငွေတစ်သိန်းလျှင် ၇၆၀ ဘတ် ဈေးဖွင့်ထားသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

Dawei Watch

August 2, 2025

ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

ဆန်ချောဈေးတက်ပြီး ကြက်သွန်ဖြူ၊ အာလူးဈေးကျသည့် ထားဝယ်ဈေးကွက်

Dawei Watch

June 7, 2025

ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ဆန်ချောဈေးတက်ပြီး ကြက်သွန်ဖြူနှင့် အာလူး ဈေးကျသည်ကို တွေ့ရသည်။ ပြီးခဲ့သည့်သီတင်းပတ် မေလ ၃၁ ရက်တွင် ဆန်ချောအမျိုးအစားများဖြစ်သည့် ရွှေဘိုပေါ်ဆန်း (စင်္ကြာမင်း) တံဆိပ် ဆန်ချော တစ်အိတ်လျှင် ၁၉၀၅၀၀ကျပ်မှ ဇွန်လ ၇ ရက်တွင် ၁၉၃၅၀၀ကျပ်၊ ရွှေဘိုပေါ်ဆန်း (အောင်သီဟ) တစ်အိတ်လျှင် ၁၉၅၀၀၀ကျပ်မှ ၂၀၂၀၀၀ကျပ်သို့ ဈေးတက်သွားခြင်းဖြစ်သည်။ တစ်ပတ်အတွင်း ဆန်ချောတစ်အိတ်လျှင် အမျိုးအစားပေါ်မူတည်ကာ ၃၀၀၀ကျပ်မှ ၇၀၀၀ကျပ်အထိ ဈေးတက်သွားခြင်းဖြစ်သည်။ ကြက်သွန်ဖြူနှင့် အာလူးမှာမူ ယခုသီတင်းပတ်အတွင်း ဈေးကျလာသည်။ ပြီးခဲ့သည့် သီတင်းပတ် မေလ ၃၁ ရက်တွင် ကြက်သွန်ဖြူထူး ၅ အမျိုးအစားတစ်ပိဿာ ၁၁၀၀၀ကျပ်မှ ဇွန်လ ၇ ရက်တွင် ၁၀၅၀၀ကျပ်၊ကြက်သွန်ဖြူ (ကြူကုတ်) မှာ တစ်ပိဿာ ၁၄၀၀၀ကျပ်မှ […]

ထိုင်းဘတ်ဈေး ပြန်ငြိမ်၊ ၃၅၃ ရက်မြောက် ရွှေဈေးမဖွင့် (မေ ၂၃)

Dawei Watch

May 23, 2025

ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေဈေးမဖွင့်တော့သည်မှာ ၃၅၃ ရက်မြောက်ရှိလာပြီဖြစ်သည်။ စစ်ကောင်စီသတ်မှတ်ဈေးအတိုင်း မရောင်းပါက ဖမ်းဆီးပြီး ပိုင်ဆိုင်မှုကိုပါ သိမ်းဆည်းမည်ဟု ခြိမ်းခြောက်ထားသည့်အတွက် ဇွန်လ ၅ ရက်နေ့မှစကာ အခေါက်ရွှေဈေး မဖွင့်တော့ပေ။ ထိုကြောင့် ထားဝယ်ဈေးကွက်တွင် အခေါက်ရွှေဈေးမဖွင့်တော့ဘဲ ရန်ကုန်ဈေးကွက်ကို အခြေခံကာ ကြိုက်ရောင်းကြိုက်ဝယ် ဖြစ်‌နေသည်။ ရန်ကုန်ဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၇,၅၃၀,၀၀၀ ကျပ်ဈေးဖွင့်ထားသည်။ ထိုင်းဘတ်‌ငွေလဲနှုန်းမှာ ပြန်ငြိမ်သွားပြီး မြန်မာငွေတစ်သိန်းလျှင် ၇၅၅ ဘတ် ဈေးဖွင့်ထားသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ငလျင်ဘေးအပေါ် မင်းဘေးဆင့်

Dawei Watch

April 7, 2025

မတ်လ ၂၈ ရက်နေ့က စစ်ကိုင်းမြို့နဲ့ မန္တလေးမြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်သွားတဲ့ မဂ္ဂနီကျု ၇.၇ ငလျင်ကြောင့် အခုဆိုရင် သေဆုံးသူ ၂၈၀၀ ကျော်ရှိပြီလို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါနဲ့ တဆက်တည်းဆိုသလို ခေါင်းထဲမှာ တွေးစရာတွေ၊ ရေးစရာတွေ အများကြီး ပေါ်လာပါတယ်။ ယိုယွင်းပျက်စီးတတ်သော သဘောရှိတဲ့ သဘာဝတရားကြီးကို ဘယ်သူမှ ကြိုမသိနိုင်၊ မတားဆီးနိုင်ပါဘူး။ ဒါပေမယ့် အထိအခိုက်အနည်းဆုံးဖြစ်အောင်တော့ လူသားတွေဟာ ကြံဆောင်လုပ်ကိုင်လို့ ရပါတယ်။ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာတော့ နိုင်ငံကို အုပ်ချုပ်သူ (သို့မဟုတ်) စီမံခန့်ခွဲသူတွေဟာ ပြည်သူပြည်သားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့အတွက် အမြဲကြံဆောင်ကြပါတယ်။ အဲဒီလို ကြံဆောင်တဲ့နေရာမှာ – (၁) ကြိုတင်ပြင်ဆင်ဆောင်ရွက်မှု (Preaction) ( ၂ ) တုံ့ပြန်ဆောင်ရွက်မှု (Reaction) […]

လောင်းလုံးတွင် လေပြင်းကြောင့် ကျောင်းဟောင်းပြိုကျ၍ ကလေးတစ်ဦး ဒဏ်ရာရ

Dawei Watch

April 4, 2025

လောင်းလုံးမြို့နယ် ၊ ကဒက်ငယ်ဆိပ်ရွာတွင် ဧပြီလ ၃ ရက်က မိုးရွာစဥ် လေပြင်း တိုက်ခတ်မှုကြောင့် မူကြိုကျောင်း အဆောက်အအုံဟောင်းတစ်ခု ပြိုကျ၍ ကလေးတစ်ဦး ဒဏ်ရာရသွားကြောင်း ရွာသားများထံမှသိရသည် ။ မိုးရွာနေစဥ် အဆိုပါ သစ်သားကာ သွပ်မိုး အဆောက်အအုံ အဟောင်းတွင် မိုးဝင်ခိုနေသည့် ကလေးသုံးဦးအနက် တစ်ဦးမှာ ပြိုကျသည့် သစ်သားအပိုင်းအစဖြင့် ဖိမိ၍ ဒဏ်ရာရခဲ့ခြင်းဖြစ်သည် ။ “အသက် ၈ နှစ်လောက်ကလေးတစ်ယောက် ဖိသွားတယ် ။ ချက်ချင်းတော့ သွားဆွဲထုတ်လိုက်ကြတယ်။ ကလေးမှာ ခါးမှာနာသွားတယ် ။ ဒီနေ့(ဧပြီ၄) ထားဝယ်မှာတော့ ဓာတ်မှန်သွားရိုက်နေတယ် ” ဟု ကဒက်ငယ်ဆိပ် ရွာသားတစ်ဦးက ပြောသည် ။ လေပြင်းကြောင့် ကျေးရွာအတွင်း အခြား အဆောက်အအုံ နှင့် လူထိခိုက်ဒဏ်ရာရမှုမရှိခဲ့ကြောင်း […]