ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ပုလော၊ဝက်တိုးရွာ လက်နက်ကြီးကျပြီး ကလေးငယ်များအပါအဝင် ရွာသားရှစ်ဦးဒဏ်ရာရ

diz_admin

April 5, 2023

မြိတ်ခရိုင်၊ပုလောမြို့နယ်၊ ဝက်တိုးကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ကလေးသုံးဦးအပါအဝင် ရွာသားရှစ်ဦး လက်နက်ကြီးအစ ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများ ထံမှသိရသည်။ ပုလောကုန်းကျေးရွာအုပ်စု၊ ဝက်တိုးရွာသို့ ယနေ့နံနက် ၁၀ နာရီဝန်းကျင်က တစ်မိုင်တောင်ရှိ စစ်ကောင်စီတပ်မှ လက်နက်ကြီး လေးလုံးပစ်ခတ်ခဲ့ပြီး နှစ်လုံးမှာ ရွာအလယ်စာသင်ကျောင်းအနီးတွင် ပေါက်ကွဲခဲ့သည်။ ယင်းပေါက်ကွဲမှုကြောင့် ကလေးငယ်သုံးဦး၊ အမျိုးသမီးနှစ်ဦး၊ အမျိုးသားသုံးဦးတို့ ထိခိုက်ဒဏ်ရာရခဲ့ပြီး ဆေးရုံတွင် ကုသနေရသည်ဟု ဒေသခံများကပြောသည်။ “နှစ်လုံးဆက်တိုက်လာကျတာ။ အမျိုးသမီးတစ်ယောက်နဲ့ ကလေးငယ်တစ်ယောက်က အခြေအနေ တော်တော်ဆိုးရွားနေတယ်။ သေဖို့လမ်းကများနေပြီ”ဟု ဒေသခံအမျိုးသား ကပြောသည်။ လက်ရှိတွင် စစ်ကောင်စီတပ်နှင့် ပုလောပြည်သူ့ကာကွယ်ရေးတပ်တို့အကြား တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။ မနေ့ည ၁၀ နာရီခန့်ကတစ်ကြိမ်၊ မနက်အစောကြီးတစ်ကြိမ်နှင့် ယနေ့နံနက် ၁၀ နာရီခန့်တွင် တစ်ကြိမ် ပုလောကုန်းအုပ်စု ကျေးရွာများဘက်သို့ […]

စစ်ကောင်စီက သင်္ကြန်ပွဲကျင်းပရန် ရပ်ကွက်အချို့တွင် ရေကစားမဏ္ဍပ်များ ဆောက်လုပ်

diz_admin

April 5, 2023

စစ်ကောင်စီက ယခုနှစ်အတာသင်္ကြန်အား မြိတ်မြို့တွင် စည်ကားစွာကျင်းပရန် စီစဉ်မှုများပြုလုပ်နေပြီး မြို့ပေါ်ရပ်ကွက်အချို့တွင် မတ်လကုန်ခန့်မှစကာ သင်္ကြန်ရေကစားမဏ္ဍပ်များ စတင်ဆောက်လုပ်နေကြောင်း တွေ့ရသည်။ စစ်ကောင်စီက ယခုနှစ်သင်္ကြန်ပွဲတော်ကို အောင်မြင်စွာကျင်းပနိုင်ရန်အတွက် အစည်းအဝေးတစ်ခုကို မတ်လ ၁၀ ရက်နေ့က မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးတွင် ပြုလုပ်ခဲ့သည်။ ယင်းနောက် စစ်ကောင်စီက အတာသင်္ကြန်ပွဲအတွက် ဦးမြတ်လေးပန်းခြံ၌ ဗဟိုသင်္ကြန်မဏ္ဍပ်တစ်ခု စတင်ဆောက်လုပ်နေကြောင်း မြို့ခံအချို့က ဆိုသည်။ ယင်းအပြင် လုပ်ငန်းရှင်တစ်ဦးက ကန်ဖျားမြေနီလမ်းတွင် မဏ္ဍပ်ကြီး(ဦးစောဂျက်မဏ္ဍပ်)တစ်ခုနှင့် ရပ်ကွက်အချို့တို့တွင် သင်္ကြန်ရေကစားမဏ္ဍပ်အချို့ ဆောက်လုပ်နေကြောင်း သိရသည်။ “လောလောဆယ် ရပ်ကွက်ဘက်ကရော စစ်ကောင်စီနဲ့ ခရိုနီမဏ္ဍပ်ပေါင်းရင် ငါးခုလောက် ဆောက်ထားတာတွေ့တယ်” ဟု ကလွင်ရပ်ကွက်နေသူတစ်ဦးက ပြောသည်။ လတ်တလောတွင် ရေပုန်းရပ်ကွက်၊ မြိတ်တောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးအရှေ့၊ မြိတ်တောင်နယ်မြေအတွင်းရှိ ရပ်ကွက်အချို့၊ ကန်ဖျားရပ်ကွက်တို့တွင် သင်္ကြန်မဏ္ဍပ်များ ဆောက်လုပ်နေကြောင်း ရေပုန်းရပ်ကွက်နေ အမျိုးသားတစ်ဦးက […]

တနင်္သာရီတိုင်းတွင် KNU နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲအကြိမ်ရေ တစ်ရာကျော်ဖြစ်

diz_admin

April 5, 2023

တနင်္သာရီတိုင်းတွင် စစ်ကောင်စီတပ်နှင့် KNU တို့ ၂နှစ်အတွင်း တိုက်ပွဲအကြိမ်ရေ ၁၂၈ ကြိမ်အထိ ဖြစ်ပွားခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU(ဗဟို)က ထုတ်ပြန်ခဲ့သည်။ စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအထိ မြိတ်-ထားဝယ်ခရိုင် KNU ထိန်းချုပ်နယ်မြေအတွင်းရှိ မြို့နယ်များတွငဖြစ်ပွားသည့် တိုက်ပွဲအကြိမ်အရေအတွက်ဖြစ်သည်။ ဧပြီလ ၅ ရက်နေ့တွင် KNU က ထုတ်ပြန်သည့် ‘မြန်မာစစ်တပ်၏ စစ်ရာဇဝတ်မှုများကြောင့် ရှင်သန်မှု ပျောက်ဆုံးနေသော လူသားဘဝများ’ အမည်ရသည့် အစီရင်ခံစာတွင် ဖော်ပြထားခြင်းဖြစ်သည်။ စစ်တပ်က စစ်ဆင်ရေးလုပ်ရာတွင် ယခင်အခြေအနေနှင့် လက်ရှိအခြေအနေမှာ ကွာခြားမှုရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောသည်။ ယခင်ခေတ်ကာလက စစ်တပ်က စစ်ဆင်ရေးလုပ်ရာတွင် ကျေးရွာများအတွင်းနှင့် ပြည်သူလုပ်ကိုင်စားသောက်နေသည့် […]

စစ်ကောင်စီတပ်သားတစ်ဦးကို ရှင်းလင်းလိုက်သည်ဟု လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ထုတ်ပြန်

diz_admin

April 5, 2023

လောင်းလုံးမြို့နယ် လမ်းပိုင်းတစ်နေရာတွင် သတင်းထောက်လှမ်းနေသည့် စစ်ကောင်စီတပ်သားတစ်ဦးကို ရှင်းလင်းခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ဧပြီလ ၅ ရက်တွင် ထုတ်ပြန်သည်။ ပြီးခဲ့သည့် မတ်လ ၂၂ ရက် ညနေပိုင်းက လောင်းလုံးမြို့နယ်ရှိ ကျေးရွာတစ်ရွာအနီးတွင် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ရှင်းလင်းခံရသော စစ်ကောင်စီတပ်သားမှာ အမှတ် (၇) အလုပ်ရုံတပ်စုမှ ကိုယ်ပိုင်အမှတ် တ-၅၃၂၇၅၂ တပ်သား စိုးပိုင်ဖြစ်‌ကြောင်း ထုတ်ပြန်ချက်အရသိရသည်။ ၎င်းသည် ထားဝယ် မှတ်ပုံတင် ကိုင်ဆောင်ထားပြီး နေရပ်လိပ်စာမှာ မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသော ဓာတ်ပုံမှတ်တမ်းအရ သိရသည်။ ဖြစ်စဉ် အသေးစိတ် အခြေအနေကိုမူ ထုတ်ပြန်ထားခြင်း မရှိပေ။ ပြီးခဲ့သည့် မတ်လ ၄ ရက်မှ ၂၁ ရက်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ကြောင်းဖြင့် […]

အလုံပိတ်ကားထဲ အသက်ရှူမဝ အစာရေစာငတ်ပြတ်နေသော ရိုဟင်ဂျာ ၉ဝနီးပါး ထိုင်းတောင်ပိုင်းတွင်တွေ့

diz_admin

April 5, 2023

ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖော်ခရိုင်တွင် ပစ်ကပ်ကားအတွင်း အပူဒဏ်ကြောင့် ဒုက္ခရောက်နေကြပြီး အစာရေစာ ငတ်ပြတ်နေသော ရိုဟင်ဂျာ ၉၀ နီးပါးကို ဧပြီလ ၄ ရက်နေ့ မွန်းလွဲပိုင်းတွင် ထိုင်းရဲတပ်ဖွဲ့များက ကယ်တင်နိုင်ခဲ့ ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ကလေးများအပါအဝင် ရိုဟင်ဂျာ ၈၉ ဦးသည် အလုံပိတ်ထားသည့် ပစ်ကပ်ကား သုံးစီးဖြင့် တရားမဝင် ဝင်ရောက်လာစဉ် ချွန်ဖော်ခရိုင် အမြန်လမ်းရဲတပ်ဖွဲ့က တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သတင်းတွင်ဖော်ပြသည်။ ၎င်းတို့ကို ပစ်ကပ်ကားသုံးစီး၏ အနောက်ဘက်တွင် အလူမီနီယံပြားများဖြင့် အလုံပိတ်ထားသော အခန်းထဲတွင် ပြည့်ကျပ်စွာ ထည့်သွင်း တင်ဆောင်လာခြင်းဖြစ်ကြောင်း ရေးသားထားသည်။ ထို့ကြောင့် လေဝင်လေထွက်မကောင်းဘဲ အပူချိန်များပြားမှုကြောင့် အများစုမှာ အသက်ရှူမဝ ဖြစ်နေကြပြီး သတိမေ့မြောနေသူများလည်းရှိကြောင်းသည်ဟုဆိုသည်။ ၎င်းတို့အားလုံးသည် အစားအသောက် မစားရသည်မှာ ၂ ရက်ရှိနေပြီဖြစ်သဖြင့် အစာရေစာလည်း […]

စခန်းကြီးအနောက်ကျောင်း ဆရာတော်ပျံလွန်တော်မူ

diz_admin

April 5, 2023

လောင်းလုံးမြို့နယ်၊ စခန်းကြီးရွာ၊ စခန်းကြီးအနောက်ကျောင်း၏ ပဓာနနာယကဆရာတော် ဘဒ္ဒန္တစန္ဒာဝရသည် ဧပြီလ ၄ ရက် ၊တန်ခူးလပြည့်နေ့၊အင်္ဂါနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်တွင် ဘဝနတ်ထံပျံလွန်တော်မူသွားကြောင်း ဆရာတော်၏ တပည့်ဒါယကာများထံမှ သိရသည်။ ပျံလွန်တော်မူချိန်‌တွင် ဆရာတော်၏ သက်တော်မှာ ၈၅ နှစ်ရှိပြီး ဝါတော်မှာ ၆၅ ဝါဖြစ်ကာ ၉၆ ပါးသောရောဂါဖြင့် ပျံလွန်တော်မူသွားကြောင်း ဆရာတော်၏တပည့်တစ်ဦးက ပြောသည်။ “ဆရာတော်က လူကြီးရောဂါနဲ့ပဲ ပျံလွန်တော်မူသွားပါတယ်”ဟု ၎င်းကပြောသည်။ ဆရာတော်သည် ပျံလွန်တော်မမူခင်အထိ စခန်းကြီးသုဓမ္မာ ပဝါရဏာ ဂိုဏ်း၏ ဒုတိယဂိုဏ်းချုပ်တာဝန်ဖြင့် သာသာနာရေးတာဝန်များကို ဆောင်ရွက်ခဲ့သည်။ ဆရာတော်၏ ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလပ်တော်ကို တန်းခူးလပြည့်ကျော် ၇ ရက် (ဧပြီ ၁၁) အင်္ဂါနေ့ မွန်းလွဲပိုင်းတွင် စခန်းကြီးသုဿန်၌ အန္တိမအဂ္ဂိဈာပနာပွဲ ဆင်ယင်ကျင်းပမည်ဖြစ်သည်။ လောင်းလုံးတွင် […]

TikTok အသုံးပြုမှုကို ဩစတေးလျတွင် ပိတ်ပင်ကန့်သတ်မှုများ စတင်

diz_admin

April 5, 2023

တရုတ်အခြေစိုက် အက်ပလီကေးရှင်း တစ်ခုဖြစ်သည့် တစ်တော့ခ် (TikTok) သည် လုံခြုံရေးအတွက် စိုးရိမ်စရာ ဖြစ်လာကြောင်း ပြောဆိုဝေဖန်မှုများ မြင့်တက်လာခြင်းကြောင့် အခြားသော အနောက်နိုင်ငံများနည်းတူ သြစတြေးလျနိုင်ငံသည် အစိုးရသုံး ဆက်သွယ်ရေးဆိုင်ရာ စက်ပစ္စည်းများတွင် TikTok အသုံးပြုမှုကို တားမြစ်လိုက်ပြီ ဖြစ်သည်။ ထောက်လှမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ အေဂျင်စီများထံမှ အကြံဉာဏ်ရယူပြီးနောက် ဤတားမြစ်မှုကို ဧပြီလ ၄ ရက်နေ့တွင် ကြေညာလိုက်ပြီး ရှေ့နေချုပ် မာ့ခ်ဒရေးဖက်စ်က အဆိုပါ ညွှန်ကြားချက်ကို “လက်တွေ့ဖြစ်နိုင်သမျှ အမြန်ဆုံး”အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါဆုံးဖြတ်ချက်သည် သြစတြေးလျအား Five Eyes ထောက်လှမ်းရေးမဟာမိတ်အဖွဲ့မှ အဖွဲ့ဝင်နိုင်ငံများနှင့် တစ်ညီတည်း ဖြစ်စေခဲ့သည်။ အဆိုပါ မဟာမိတ် အဖွဲ့အတွင်း ပါဝင်သည့် အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါနိုင်ငံတို့သည် အလားတူကန့်သတ်ချက်များကို ကြေညာထားပြီး တချိန်တည်းမှာပင် နယူးဇီလန်နိုင်ငံ၏ ပါလီမန်ကလည်း ဥပဒေပြုလွှတ်တော်သို့ သယ်ဆောင်အသုံးပြုခွင့်ရှိသည့် […]

တနင်္သာရီမြို့နယ် ဘန်းလမွတ်ရွာအနီး စစ်ကောင်စီတပ်ကား မိုင်းဆွဲခံရ

diz_admin

April 5, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ရွာအနီး ပြည်ထောင်စုလမ်းမပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ဆယ်ဘီးကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ ဧပြီလ ၄ ရက်နေ့ နေ့လယ်ပိုင်းက မိုင်းဆွဲခံရခြင်းဖြစ်ပြီး ယင်းနောက် စစ်ကောင်စီတပ်သားများက လမ်းဘေးဝဲယာသို့ လက်နက်ငယ်များဖြင့် အဆက်မပြတ်ပစ်ခတ်သွားကြောင်း ဒေသခံများက ပြောသည်။ “တရစပ်ပစ်ပြီး မောင်းပြေးသွားတာ။ ပြည်သူတွေ ထိခိုက်တာတွေတော့ လောလောဆယ် မကြားရသေးဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဘက်ကမူ စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် ဆယ်ဘီးကားအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား အနည်းဆုံး ဆယ်ဦးခန့် ထိခိုက်ဒဏ်ရာရသွားကြောင်း ယနေ့ ဧပြီလ ၅ရက် နံနက်တွင် ထုတ်ပြန်ထားသည်။ အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကို မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တောပုန်းကြီးအဖွဲ့နှင့် တနင်္သာရီ ပကဖ တို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် […]