ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

လောင်းလုံး ခမောင်းတောင်ရွာက နေအိမ်သုံးဆောင်ထက်မနည်းကို စစ်ကောင်စီတပ်မီးရှို့

Dawei Watch

July 12, 2023

လောင်းလုံးမြို့နယ် ခမောင်းတောင်ရွာက နေအိမ်သုံးဆောင်ထက်မနည်းကို စစ်ကောင်စီတပ်က ယနေ့ ဇူလိုင်လ ၁၂ ရက် ညနေ ၆ နာရီဝန်းကျင်တွင် မီးရှို့လိုက်ကြောင်း ဒေသခံအချို့ကပြောသည်။ စက်သုံးဆီဆိုင်တစ်ဆိုင်၊ ပျဉ်ထောင်အိမ်တစ်လုံးနှင့် အခြားအိမ်‌တစ်ဆောင် စုစုပေါင်းသုံးဆောင် မီးရှို့ခံထားရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “အခုမီးရှို့ခံရတဲ့အိမ်တွေက ရွာပြင်မှာရှိတဲ့အိမ်တွေပါတယ်” ဟု ၎င်းဒေသခံက ပြောဆိုသည်။ ရွာသားအချို့ကိုလည်း ခေါ်ယူစစ်ဆေးမေးမြန်းပြီး သံသယရှိသူများကို ဖမ်းဆီးသွားကြောင်း ဒေသခံအချို့က ဆိုသည်။ လူ‌ဦးရေမည်မျှ ဖမ်းဆီးခံထားရသည်ကိုမူ လတ်တလောတွင် မသိရသေးပေ။ ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေကြသဖြင့် ရွာထဲတွင် လူအနည်းငယ်သာကျန်ရှိတော့ကြောင်းလည်း ဆက်လက်ပြောဆိုသည်။ ယနေ့ နံနက်ပိုင်းမှစပြီး စစ်ကောင်စီတပ်က နခံတောကျေးရွာရှိ တောင်ထိပ်တစ်နေရာသို့ရောက်လာပြီး တပ်စွဲနေရာယူထားကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းနောက် နခံတောရွာနှင့် တဆက်တည်းရှိသည့် ခမောင်းတောင်ရွာဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အသက် […]

ယူကရိန်း၏ ရုရှားကျူးကျော်စစ်‌ ခုခံရေးလုပ်ငန်းစဉ်ကို အချိန်အကန့်အသတ်မရှိ ပံ့ပိုးသွားရန် နေတိုးသဘောတူ 

Dawei Watch

July 12, 2023

မြောက်အတ္တလန်တိတ် စာချုပ် အဖွဲ့ (နေတိုး – NATO) ဝင် နိုင်ငံများက မည်မျှပင် အချိန်ယူရပါစေ ၊ ယူကရိန်း၏ ရုရှား ခုခံရေး ခရီးစဉ်တစ်လျှောက် ပံ့ပိုးကူညီမည်ဟု ကတိပြုထားကြောင်း ဇူလိုင် ၁၂ ရက်နေ့ က ပြုလုပ်သည့် ထိပ်သီးအစည်းအဝေးတွင် အထွေထွေအတွင်းရေးမှူး ယန်စ် စတိုလ်တန်ဘာ့ဂ် က ကြေညာခဲ့သည်။ လစ်သူယေးနီးယား နိုင်ငံ ၊ မြို့တော် ဗေးလ်နီးယပ်စ် မှာ ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါ ထိပ်သီးအစည်းအဝေးအတွင်း နေတိုး အဖွဲ့၏ ခေါင်းဆောင်များနှင့် ယူကရိန်းသမ္မတ ဘိုလိုဒီမာ ဇယ်လန်စကီ တို့ တွေ့ဆုံခဲ့ကြသည်။ အပိုင်းသုံးပိုင်းပါဝင်သော ၊ ယူကရိန်းကို နေတိုးနှင့် ပိုမိုနီးကပ်စေမည့် အစီအစဉ် အရ “နေတိုး-ယူကရိန်းကောင်စီအသစ်ကို ဖွဲ့စည်းမည်ဖြစ်ပြီး ယူကရိန်းကို ၎င်းတို့၏ အဖွဲ့ဝင် ဖြစ်လာရေး […]

MAI လေကြောင်းလိုင်း၏ ဘဏ်အကောင့်များကို စင်ကာပူ UOB ဘဏ်ကပိတ်သိမ်းသွားမည်ဟုဆို

Dawei Watch

July 12, 2023

စင်္ကာပူအခြေစိုက် ဘဏ်တစ်ခု ဖြစ်သည့်  United Overseas Bank (UOB) သည် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (Myanmar Airways International – MAI) နှင့် သက်ဆိုင်သည့် ဘဏ်အကောင့်များအားလုံးကို သြဂုတ် ၁၅ ရက်နောက်ဆုံးထားပြီး ပိတ်သိမ်းသွားမည် ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။ MAI လေကြောင်းလိုင်း ဘက်မှ ပေါက်ကြားသည်ဟု ယူဆရသည့် စာရွက်စာတမ်းများအရ ၎င်းတို့၏ ဘဏ်စာရင်းများကို ပိတ်ခြင်းမပြုရန် MAI ၏ တောင်းဆိုမှုကို UOB ဘဏ်ဘက်က ပြန်လည်ငြင်းဆိုထားသည့် စာတစ်စောင် ကို တွေ့ရှိရကြောင်း Thai PBS World သတင်းဌာန က ဖော်ပြထားသည်။ UOB ဘဏ် အနေနှင့် MAI လေကြောင်းလိုင်းပိုင် ဘဏ်အကောင့် ၅ […]

လောင်းလုံး ခမောင်းတောင်ရွာက လက်နက်ကြီးကျည်စထိမှန်သည့် အမျိုးသမီးငယ်သေဆုံး

Dawei Watch

July 12, 2023

လောင်းလုံးမြို့နယ်၊ ခမောင်းတောင်ရွာတွင် ယနေ့ ဇူလိုင် ၁၂ ရက် နံနက်ပိုင်းက လက်နက်ကြီးကျည်စထိမှန်သည့် အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ် သေဆုံးသွားပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ယနေ့ နံနက်ပိုင်းတွင် ထားဝယ် ကမြောကင်းတံတားဘက်မှ နခံတောကျေးရွာဘက်သို့ စစ်ကောင်စီတပ်ကား ၄ စီးဖြင့် ဝင်ရောက်လာပြီး ယင်းကျေးရွာတောင်ထိပ်မှ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ နခံတောရွာနှင့် တစ်ဆက်တစ်စပ်တည်းတည်ရှိသည့် ခမောင်းတောင်ရွာတွင် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ခမောင်းတောင်ရွာသူ အသက် ၁၈ နှစ်အရွယ်ရှိ မီးငယ်ဟား (ခေါ်) မယဉ်ဌေးတွင် ဦးခေါင်း ကျည်စထိမှန် ဒဏ်ရာရကြောင်း ၎င်းတို့က ဆိုသည်။ “လက်နက်ကြီး အသံကြားလို့ ထွက်ပြေးရင်းနဲ့ လမ်းပေါ်ကျလာတဲ့ လက်နက်ကြီးကျည်ဆံစက သူကိုထိမှန်ခဲ့‌တာ” ဟု […]

ပုလောတွင် စိတ်ကြွဆေးဖြန့်ဖြူးသူကို ပြည်သူ့ကာကွယ်ရေးတပ်က ဖမ်းဆီး

Dawei Watch

July 12, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ လက္ကူးရွာတွင် စိတ်ကြွဆေး ဖြန့်ဖြူးရောင်းချနေသူကို ပြည်သူ့ကာကွယ်ရေးတပ်က လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံများ ထံမှသိရသည်။ လက္ကူးရွာနေ စိတ်ကြွဆေး ဖြန့်ဖြူးရောင်းချနေသည့် ညီအကိုနှစ်ဦး၏ နေအိမ်ကို ပြည်သူ့ကာကွယ်ရေးတပ်က ဇူလိုင် ၁၀ ရက်ညတွင် လာရောက်ဖမ်းဆီးခဲ့ရာ စိတ်ကြွဆေး(မြင်းဆေး) အမြောက်အများနှင့် ငွေကျပ်သိန်းလေးရာနီးပါးကို သိမ်းဆည်းရမိသည်ဟု ဒေသခံများ ကပြောသည်။ ယင်းသို့ဖမ်းဆီးရာတွင် အကိုဖြစ်သူကိုဖမ်းမိခဲ့သော်လည်း ညီဖြစ်သူ ကိုသိန်းကြီး ဆိုသူမှာ ထွက်ပြေးလွတ်မြောက်သွားသည်ဟု ဒေသခံများ ကပြောသည်။ “သူတို့က ပင်လယ်ငါးဖမ်းလှေတွေကို အကြီးအကျယ် ဖြန့်ဖြူးနေတဲ့သူတွေပါ။ (စိတ်ကြွဆေး)အလုံးအရေအတွက်တော့ တိကျမသိဘူး။ဆေးတန်ဖိုးက သိန်းတစ်ထောင်နီးပါးလောက် ရှိတယ်လို့ပြောတယ်။ ကြေးပြား(ပိုက်ဆံ)က သိန်းလေးရာနီးပါး အသိမ်းခံရတယ်လို့သိရတယ်”ဟု ဒေသခံအမျိုးသား ကပြောသည်။ ဖမ်းဆီးခဲ့မှုနှင့် ပတ်သက်ပြီး အချက်အလက်များကိုတော့ သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်က လတ်တလော သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။ လက္ကူးရွာတွင် မူးယစ်ဆေးရောင်းချနေမှုကို […]

လောင်းလုံးတွင် စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် ခမောင်းတောင်ရွာသူတစ်ဦးဒဏ်ရာရ

Dawei Watch

July 12, 2023

လောင်းလုံးမြို့နယ် နခံတောကျေးရွာဘက်မှ စစ်ကောင်စီတပ်သည် ယနေ့ ဇူလိုင်လ ၁၂ရက် နံနက် ၉နာရီခန့်မှ စတင်ကာ လက်နက်ကြီးဖြင့်ပစ်ခတ်နေပြီး ခမောင်းတောင်ရွာသူတစ်ဦး လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။ ယနေ့ နံနက်ပိုင်းတွင် ထားဝယ် ကမြောကင်းတံတားဘက်မှ နခံတောကျေးရွာဘက်သို့ စစ်ကောင်စီတပ်ကား ၄ စီးခန့် ဖြင့် ဝင်ရောက်လာပြီး ယင်းကျေးရွာတောင်ထိပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်နေခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ယင်းသို့ပစ်ခတ်သည့် လက်နက်ကြီးကျည်မှာ နခံတောနှင့် တစ်ဆက်တစ်စပ်တည်း တည်ရှိသည့် ခမောင်းတောင်ရွာတွင် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦး ဒဏ်ရာရထားကြောင်း ဒေသခံတို့က ပြောဆိုသည်။ စစ်ကောင်စီတပ်ဖွဲ့သည် နခံတောကျေးရွာ၊ ခမောင်းတောင်ကျေးရွာ လမ်းပိုင်းတစ်လျှောက်တွင် နေရာယူထားပြီး နခံတောတောင်ထိပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်နေခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ နံနက် ၁၀ နာရီခန့်တွင် မိနစ်အနည်းငယ်ကြာ […]

ထားဝယ်ထောင် ဝန်ထမ်းအချို့ဆီမှ မူးယစ်ဆေးဝါးများတွေ့ဟုဆို

Dawei Watch

July 12, 2023

ထားဝယ်အကျဉ်းထောင်ကို စစ်ကောင်စီ နယ်လုံဝန်ကြီးနှင့် စစ်ကောင်စီတပ်သားများ ဇူလိုင်လ ၁၁ ရက်နေ့က ဝင်ရောက်စစ်ဆေးမှုအပြီး ထောင်ဝန်ထမ်းအချို့ဆီမှ မူးယစ်ဆေးဝါးများတွေ့ရှိကြောင်း ထောင်နှင့် နီးစပ်သူအချို့ထံက သိရသည်။ စစ်ကောင်စီ၏ တနင်္သာရီတိုင်း နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းလင်းကိုယ်တိုင် ဝင်စစ်ခြင်းဖြစ်သည်ဟု အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ “ထောင်ဝန်ထမ်းတွေမှာ ကိုယ်တိုင် မူးယစ်ဆေးတွေတွေ့လို့ပြောတယ်” ဟု အထက်ပါအမျိုးသားက ဆိုသည်။ ထားဝယ်အကျဉ်းထောင်တွင် ထောင်ဝန်ထမ်းများကိုယ်တိုင် မူးယစ်ဆေးဝါးရောင်းချနေတာရှိသည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ ပြောဆိုချက်များအရ သိရသည်။ “ထောင်ထဲမှာကတော့ အဲ့လိုပဲ၊ ထောင်ထဲမှာလည်း စစ်တာရှိသလို လူကြီးတွေလာတဲ့အခါ အဖွဲ့စုံနဲ့ စစ်ဆေးတာလည်းရှိတယ်။ ထောင်ဝန်ထမ်းတွေကိုယ်တိုင် မူးယစ်ဆေးရောင်းတာရှိတယ်” ဟု နိုင်ငံရေးအကျဉ်းသား‌ဟောင်း တစ်ဦးကဆိုသည်။ မနေ့နေ့လယ်ပိုင်းက ထားဝယ်အကျဉ်းထောင်အတွင်းနှင့် အပြင်တွင် စစ်ကောင်စီတပ်သားများကို အင်အားအလုံးအရင်းနှင့်တွေ့ရပြီး ကား ၇ စီးခန့်ရှိသည်ဟုလည်း မျက်မြင်‌တွေ့သူအချို့၏ […]

ရန်ကုန်-မော်လမြိုင်လမ်းတွင် မိုင်းပေါက်ကွဲပြီး အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာရ

Dawei Watch

July 12, 2023

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် မိုင်းပေါက်ကွဲပြီး ဘေးတွဲဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဇူလိုင်လ ၁၁ ရက်နေ့ နံနက်ပိုင်းက ၇ နာရီခွဲဝန်းကျင်က မိုင်းပေါက်ကွဲမှုဖြစ်ပွားစဉ် နောင်ကုလားကျေးရွာဘက်မှ သထုံမြို့ဘက်သို့ မောင်းနှင်လာသည့် ဘေးတွဲဆိုင်ကယ်တစ်စီးအား ထိမှန်သွားကြောင်း ၎င်းတို့က ပြောသည်။ မိုင်းထိမှန်မှုကြောင့် ဘေးတွဲဆိုင်ကယ်မောင်းနှင်သူ နောင်ကုလားကျေးရွာသား အသက် ၄၅နှစ်အရွယ် ဦးအောင်မြင့်ကြည် (ခေါ်) ကိုမောင်စီးဆိုသူသည် ဝမ်းဗိုက်၊ ပေါင်နှင့် ခြေထောက်တို့တွင် ပြင်းထန်ဒဏ်ရာရကြောင်း ဒေသခံတို့က ဆိုသည်။ မိုင်းစထိမှန် ဒဏ်ရာရရှိသူကို လူမှုကယ်ဆယ်ရေးအဖွဲ့အကူအညီဖြင့် သထုံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ထိုမှတစ်ဆင့် ရန်ကုန်ဆေးရုံသို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ “ဒီလမ်းပိုင်းမှာ ပစ်ခတ်မှုတွေလည်း ခဏခဏဖြစ်နေတယ်။ ကားတွေ ဆိုင်ကယ်တွေ မိုင်းထိတဲ့ဖြစ်စဉ်ကလည်း ခပ်စိပ်စိပ်ပါပဲ။ […]