ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ရေးတွင် လူငယ်နှစ်ဦးပစ်ခတ်ခံရ၊ သေနတ်ဒဏ်ရာများဖြင့်သေဆုံးသည့် အမျိုးသားတစ်ဦးလည်းထပ်တွေ့

diz_admin

April 3, 2023

မွန်ပြည်နယ်၊ ရေးမြို့နယ် သံဖြူဇရပ်-ရေးကားလမ်းမတွင် မော့ကနင်ရွာသား လူငယ်နှစ်ဦး ပစ်ခတ်ခံရသဖြင့် ဒဏ်ရာရပြီး မော့ကနင်ရွာသစ်သား အမျိုးသားတစ်ဦးလည်း သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဧပြီလ ၂ ရက်နေ့ နံနက် ၅ နာရီခန့်က ရော်ဘာအစေးခြစ်ရန် ဆိုင်ကယ်ဖြင့်ထွက်လာသည့် အသက် ၂၀ ကျော်အရွယ် လူငယ်နှစ်ဦးကို မော့ကနင်ကျေးရွာအထွက် တံတားရှိ စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် လူငယ်တစ်ဦးတွင် ဘယ်ဘက်ဒူးခေါင်း ကျည်ထိမှန်ဒဏ်ရာရရှိပြီး နောက်တစ်ဦးမှာ ဘယ်ဘက်ပေါင် ကျည်ထိမှန်ဒဏ်ရာ ရရှိကြောင်း ဒေသခံရွာသားတစ်ဦးက ဆိုသည်။ “သူတို့က မော့ကနင်ရွာအထွက် တံတားမှာရှိနေတဲ့ စစ်တပ်က လှမ်းပစ်လိုက်တာ။ သူတို့က ရော်ဘာခြစ်ဖို့အသွားမှာ ပစ်ခံရတာဖြစ်တယ်” ဟု ၎င်းက ပြောဆိုသည်။ […]

“လွတ်‌မြောက်မှုအတွက် ရုန်းကန်၊ လက်နက်မဲ့လူထု အားမာန်” လူထုသပိတ် လောင်းလုံးမှာပြုလုပ်

diz_admin

April 2, 2023

Dawei Watch၊ ဧပြီ ၂ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)မှ လောင်းလုံးမြိုနယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုကို “လွတ်‌မြောက်မှုအတွက် ရုန်းကန်၊ လက်နက်မဲ့လူထု အားမာန်” စာသားပါ ဘန်နာကိုကိုင်စွဲ၍ ယနေ့ပြုလုပ်ခဲ့ကြသည်။ ဓာတ်ပုံ – DDMSC

နခံတော ရွာလယ်ကျောင်းကြီး ဆရာတော်၏ အန္တိမဈာပန ကျင်းပမည်

diz_admin

April 2, 2023

စခန်းကြီး သုဓမ္မာပဝါရဏာဂိုဏ်းကြီး၏ အကျိုးတော်ဆောင်ချုပ်ဖြစ်သည့် လောင်းလုံးမြို့နယ် နခံတော ရွာလယ် ကျောင်းကြီးဆရာတော်၏ ဥတုဇရုပ်ကလာပ်တော်ကို ဧပြီလ ၇ရက်နေ့တွင် အန္တိမအဂ္ဂိဈာပနသာဓုကီဠာန ပူဇာဆင်ယင်ကျင်းပမည်ဖြစ်ကြောင်း ဆရာတော်၏ တပည့်တကာများထံမှ သိရသည်။ နခံတော ရွာလယ်ကျောင်းကြီးဆရာတော် ဘဒ္ဒန္တဝါယမသည် ဘဝနတ္ထံပျံလွန်တော်မူချိန်တွင် သက်တော် ၈၁နှစ်၊ ဝါတော် ၆၂ဝါ ရှိပြီဖြစ်သည်။ ဆရာတော်၏ ဥတုဇရုပ်ကလာပ်တော်ထားရှိရာ မူလစံကျောင်းတော်မှ နခံတောရွာရှိ ရပ်ခံတောင်သုသာန်သို့ မတ်လ ၇ရက် နေ့လယ် ၁၂ နာရီတွင် ပို့ဆောင်ကာ ဈာပနကျင်းပမည်ဖြစ်ကြောင်း ဆရာတော်၏ တပည့် ဒါယာကာတစ်ဦးက ပြောသည်။ “ကျောင်းကနေ တပည့်ဒါယာကာတွေ အစုအဖွဲ့အလိုက် သုသာန်အထိ ပခုံးထမ်းလှည့်လည်မယ်” ဟု ဆရာတော်၏တပည့်တစ်ဦးက ပြောဆိုသည်။ ဆရာတော်သည် ၁၃၈၄ ခုနှစ် တန်ခူးလဆန်း ၁၂ ရက် ဧပြီလ […]

မြိတ်တွင် ပိုင်ရှင်မဲ့အလောင်း နှစ်ရက်ဆက်တိုက်တွေ့

diz_admin

April 2, 2023

မြိတ်မြို့တွင် မည်သူမည်ဝါမှန်းမသိဘဲ သေဆုံးနေသည့် အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းတို့ကို ဧပြီလ ၁ရက်နှင့် ၂ ရက်တို့တွက် နှစ်ရက်ဆက်တိုက်တွေ့ရှိကြောင်း မြိတ်အခြေစိုက်ပရဟိတအသင်းအချို့ထံမှ သိရသည်။ မြိတ်တောင်နယ်မြေ ထားဝယ်ကမ်းရပ်ကွက် အောင်ချမ်းသာ (၁) လမ်းတွင် ဧပြီလ ၁ ရက်နေ့ ည ၁ဝနာရီခန့်က သေဆုံးနေသည့် အသက် ၅၀ နှစ်ကျော်အရွယ် အမျိုးသားတစ်ဦးအား တွေ့ရှိကြောင်း ယင်းရပ်ကွက်နေသူတို့က ပြောသည်။ ထို့အပြင် ယနေ့ မွန်းလွဲ ၁နာရီခန့်တွင်လည်း ကွက်သစ်ရပ်ကွက် ကမ်းနားလမ်းရှိ သစ်ယာဝလှေဆိပ်၌ သေဆုံးနေသည့် အသက် ၆၀ နှစ်အရွယ် အမျိုးသားတစ်ဦးအား ထပ်မံတွေ့ရှိကြောင်း တပ်ပြင်ရပ် နာရေးဝန်ဆောင်မှုအဖွဲ့ထံမှ သိရသည်။ “လှေဆိပ်က နားနေဆောင်မှာ သေနေတာ။ ဂျိုင်းထောက်နဲ့ဆိုတော့ မသန်စွမ်းတဲ့ ဦးလေးတစ်ယောက်ပါ” ဟု သစ်ယာဝလှေဆိပ်ရှိ သုံးဘီးအငှားယာဉ်မောင်းနင်သူတစ်ဦးက […]

ရေးတွင် ပစ်ခတ်တိုက်မှုအတွင်း အရပ်သားနှစ်ဦး ကျည်ထိမှန်

diz_admin

April 2, 2023

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေး-သံဖြူဇရပ်ကားလမ်း ဘေးလမိုင်းနှင့် အေးသာယာကျေးရွာအကြား ဖြစ်ပွားခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှုအတွင်း အရပ်သား နှစ်ဦး ကျည်ထိမှန်ဒဏ်ရာရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဧပြီလ ၁ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်က ရေး-သံဖြူဇရပ်ကားလမ်းတွင် စစ်ကောင်စီတပ်ကားကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတို့က ပြောသည်။ စစ်ကောင်စီတပ်ကားနောက်က လိုက်ပါလာသည့် အိမ်စီးကားတစ်စီးတွင် ကျည်ထိမှန်ကာ အရပ်သားနှစ်ဦး ဒဏ်ရာရခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။ ဆေးခန်းပြရန်သွားသည့် မိသားစုဝင် သုံးဦးလိုက်ပါလာသည့် အဆိုပါအိမ်စီးကားမှာ လမ်းတွင် စစ်ကောင်စီတပ်ကားကို တွေ့ခြင်းဖြစ်ပြီး ကျော်ဖြတ်မောင်းနှင်ရန်ပြင်ဆင်နေချိန် ပစ်ခတ်မှုဖြစ်ခြင်းဖြစ်သည်ဟု ကြားသိရကြောင်း လမိုင်းဒေသခံတစ်ဦးက ပြောသည်။ ထို့ကြောင့် ကားပေါ်လိုက်ပါလာသည့် အသက် ၄၈ နှစ်အရွယ် ဦးမောင်ဝနှင့် ဇနီးဖြစ်သူ အသက် ၄၅ နှစ်အရွယ် ဒေါ်ကွမ်းဟလယ်တို့ […]

ယူနိုက်တက် ထိုင်းနေရှင်းပါတီမှတစ်ဆင့် အမတ်နေရာ ဝင်ပြိုင်မည်မဟုတ်ဟု ထိုင်းဝန်ကြီးချုပ်ပြော

diz_admin

April 2, 2023

လက်ရှိ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ အနေနှင့် လာမည့်ရွေးကောက်ပွဲတွင် ယူနိုက်တက် ထိုင်းနေရှင်း ပါတီ (ယူတီအန်)မှတစ်ဆင့် ပါလီမန်အမတ်အဖြစ် ဝင်ရောက်အရွေးခံမည် မဟုတ်ကြောင်း ပြောကြားလိုက်သည်။ သို့သော် ဤသို့ ဆုံးဖြတ်ရခြင်း အကြောင်းရင်းကိုမူ ကိုယ်ရေးကိုယ်တာ ကိစ္စဟုသာ ပြောပြီး အသေးစိတ် ထုတ်ဖော်ရန် ပရာယွတ်က ငြင်းဆိုခဲ့သည်။ ယူအန်တီ ပါတီသည် ၎င်း၏ ပါတီဝင်များ စာရင်းနှင့် မဲဆန္ဒနယ် အသီးသီးအတွက် ကိုယ်စားလှယ်လောင်းများကို အပြီးသတ် ရွေးချယ်လိုက်ကြောင်း အင်္ဂါနေ့တွင် ထုတ်ပြန်ခဲ့ပြီး ဗိုလ်ချုပ်ကြီး ပရာယွတ်သည် ၎င်းတို့စာရင်းတွင် မပါရှိကြောင်း ယူတီအန် ပါတီ အဖွဲ့ဝင် ထာနာခွန် ဝါန် – ဘွန်းကုန်ချနာ က ပြောကြားခဲ့သည်။ ပါတီဝင်တစ်ဦးလည်းဖြစ် ၊ နည်းဗျူဟာ အကြံပေးချုပ် လည်း ဖြစ်ပြီး လက်ရှိ မဲဆွယ်စည်းရုံးရေးလုပ်ငန်းစဉ်များကို ဦးဆောင်နေသော […]

မြိတ်-ကော့သောင်းလမ်းတွင် ခရီးသည်တင်ကား အပစ်ခံရပြီး ကလေးတစ်ဦးနှင့်အမျိုးသမီးတစ်ဦးသေဆုံး

diz_admin

April 2, 2023

 ရန်ကုန်မှကော့သောင်းဘက်သို့သွားသည့် မြတ်မန္တလာခရီးသည်တင်ကား တနင်္သာရီမြို့အထွက် ဆင်ခြေဖုံးအုပ်စု၊လယ်တောင်ရွာနှင့်တမုတ်ချုံးရွာအကြားတွင် ပစ်ခတ်ခံရကြောင်း ဒေသခံများနှင့် ကားသမားအချို့ထံမှသိရသည်။ ဧပြီ ၁ ရက် ည ၈ နာရီဝန်းကျင်က ပစ်ခတ်ခံရခြင်းဖြစ်ပြီး ကားပေါ်လိုက်ပါလာသည့် အသက် ၄၅ နှစ်အရွယ်အမျိုးသမီးတစ်ဦးနှင့် အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးသေဆုံးခဲ့ပြီး သံဃာတော် ၂ ပါးနှင့်အမျိုးသား ၂ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဒေသခံနှင့်ကားသမားတို့ကပြောသည်။ “ချောင်းဇောက် ရော်ဘာတောအနီး အပစ်ခံရတယ်။ အမျိုးသမီးကြီးတစ်ဦးနဲ့ ကလေးတစ်ယောက်သေတယ်လို့ ကြားရတယ်”ဟု မြိတ်-ကော့သောင်း ကားသမားတစ်ဦးကပြောသည်။ သေဆုံးသူနှစ်ဦးမှာ ကော့သောင်းနှင့်ကျွန်းစုမြို့နယ်ဘက်မှ ဒေသခံများဖြစ်ကြသည်ဟု ကြားရကြောင်း ဒေသခံများကပြောသည်။ မြတ်မန္တလာထွန်း ခရီးသည်တင်ကား ပစ်ခတ်ခံရပြီး သေဆုံးမှုများရှိသည်ဟု ကနဦးကြားရသော်လည်း မြိတ်ကားဝင်းမှ ထွက်သွားသည့်ကားမဟုတ်သဖြင့် တိတိကျကျမသိရှိရသေးဟု မြိတ်အဝေးပြေးကားဝင်းမှ တာဝန်ရှိသူကဆိုသည်။ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး မြတ်မန္တလာထွန်း […]

ကိုကိုးကျွန်းတွင် တရုတ်ထောက်လှမ်းရေး စခန်းရှိနိုင်ကြောင်း သံသယဖြစ်ဖွယ် ဂြိုလ်တုဓာတ်ပုံများ ထွက်ပေါ်

diz_admin

April 2, 2023

မကြာသေးမီက ရရှိထားသည့် မြန်မာနိုင်ငံ ကိုကိုးကျွန်းစုနှင့် သက်ဆိုင်နေသော ဂြိုလ်တုဓာတ်ပုံများအရ တရုတ်ထောက်လှမ်းရေး အခြေစိုက်စခန်း ဖြစ်ဖွယ်ရှိသောပုံရိပ်များကို တွေ့ရှိရကြောင်း အိန္ဒိယအခြေစိုက် သတင်းဌာနများက တင်ပြခဲ့ကြသည်။ ယခုနှစ် ဇန်နဝါရီလတွင် မက်ဆာ နည်းပညာ ကုမ္ပဏီမှ ရိုက်ကူးထားသော ဂြိုလ်တုဓာတ်ပုံများအရ ကိုကိုးကျွန်းဒေသတွင်း တည်ဆောက်မှုအသစ်များအဖြစ်  အလယ်ဗဟိုတွင် မကြာသေးမီက တည်ဆောက်ထားသော သိုလှောင်ရုံနှစ်ခု ၊ မြောက်ဘက်ရှိ အဆောက်အအုံ အသစ်အချို့နှင့် ကြီးမားသော ဆိပ်ခံတံတားတစ်ခု တို့နှင့်အတူ ရေတပ်ရေးရာ လှုပ်ရှားမှုများကို အရှိန်မြှင့်နိုင်သည့် ဆိပ်ခံတံတားကြီးတစ်ခု စသည်တို့ကို တွေ့ရှိခဲ့ကြောင်း သိရသည်။ မြန်မာ့မြေ ပိုင်နက် ၊ ကိုကိုးကျွန်းစုကို တရုတ်အစိုးရက စစ်ရေးအရ ဗျူဟာမြောက်ကျွန်းအဖြစ် ကြိုးကိုင်လျက်ရှိကြောင်း အိန္ဒိယနိုင်ငံက ကာလကြာရှည်စွာ သံသယဝင်နေလျက်ရှိသည်။ ရန်ကုန်တိုင်းဒေသကြီးတွင်းရှိ ကိုကိုးကျွန်းစုသည် မဟာဗျူဟာကျကျ တည်ရှိနေသည့် […]