ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်တွင် အိမ်အမိုးဝရိန်ဆော်ရာမှ အမျိုးသားတစ်ဦးဓာတ်လိုက်

Dawei Watch

July 9, 2023

ထားဝယ်မြို့၊ကျောက်မော်ရပ်ကွက်ရှိ နေအိမ်တစ်ဆောင်တွင် အိမ်အမိုးဝရိန်ဆော်ရာမှ အမျိုးသားတစ်ဦး ဓာတ်လိုက်မှုဖြစ်ပွားခဲ့ကြောင်း ဂရုဏာမေတ္တာရှင်သွေးလှူရှင်များအဖွဲ့ထံမှသိရသည်။ ယနေနံနက် ၈ နာရီခွဲခန့်တွင် ကျောက်မော်ရပ်ကွက်ရှိ အိမ်အမှတ် ၆/ခ နှစ်ထပ်တိုက်အိမ် အမိုးမိုးရန်အတွက် သံချောင်းများကို ဝရိန်ဆက်ရမှ ဓာတ်လိုက်မှုဖြစ်ပွားခဲ့သည်ဟုသိရကြောင်း ဂရုဏာမေတ္တာရှင် အဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။ “ပြုတ်ကျသလားတော့ မပြောတတ်ဘူး။ လူကတော့ အပေါ်ဆုံးထပ်ရဲ့ တမံသလင်းပေါ်မှာ အဲဒီနားမှာပဲ ထားဝယ်လျှပ်စစ်ဌာနက ကရိန်းတင်ယာဉ်လည်းရှိနေတော့ လူနာကို ကရိန်းနဲ့ အောက်ချပြီး ဆေးရုံပို့ပေးထားရတယ်”ဟု ၎င်းတာဝန်ရှိသူကပြောသည်။ အဆိုပါဓာတ်လိုက်မှုဖြစ်ပွားသည့်နေအိမ်၏ အပေါ်ဆုံးထပ် အမိုးမိုးသည့်နေရာအနီးတွင် ၁၁၀၀၀ ဗို့ (၁၁ကေဗွီ)အားရှိ လျှစ်စစ်ဓာတ်အား လိုင်းကြိုးရှိသည်ဟုဆိုသည်။ ဓာတ်လိုက်သည့်အတွက်ကြောင့် အသက် ၄၉ နှစ်အရွယ်ရှိ အမျိုးသားဖြစ်သူမှာ နောက်ကျော စုတ်ပြဲသွားပြီး ခန္ဓာကိုယ်အောက်ပိုင်း လှုပ်ရှားမရတော့ကြောင်း အထက်ပါအဖွဲ့ထံမှသိရသည်။ လူနာကို ဇမ္ဗူသီရိအရေးပေါ် လူနာကူညီသယ်ဆောင်ရေးအဖွဲ့နှင့် ဂရုဏာမေတ္တာရှင် သွေးလှူရှင်အဖွဲ့တို့ပူးပေါင်း၍ […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

July 8, 2023

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇူလိုင်လ ၂ ရက်နေ့မှ ၈ ရက်နေ့အထိ အရှေ့တီမော အစိုးရကျမ်းကျိန်ပွဲ NUG တက်ခွင့်ရ၊ စစ်ကောင်စီကန့်ကွက် တီမောလက်စ်တေးနိုင်ငံ ဝန်ကြီးချုပ်သစ်နဲ့ အစိုးရအဖွဲ့ဝင်တွေ ကျမ်းသစ္စာကျိန်ဆိုပွဲကို တရားဝင် ဖိတ်ကြားချက်အရ အမျိုးသားညီညွတ်ရေးအစိုးရ NUG တက်ရောက်ခွင့် ရရှိခဲ့ပါတယ်။ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားကို ဇူလိုင်လ ၁ရက်နေ့က ကျင်းပတာဖြစ်ပါတယ်။ တီမောလက်စ်တေးနိုင်ငံ သမ္မတ ဟိုဆေးရာမို့စ်ဟော်တာရဲ့ ဖိတ်ကြားချက်အရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ချက်သမ္မတနိုင်ငံဆိုင်ရာကိုယ်စားလှယ် ဦးလင်းသန့်တို့ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ သွားရောက်ခဲ့တာဖြစ်ပါတယ်။ ခရီးစဉ်မှာ သမ္မတနဲ့လည်း သီးသန့်တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးခဲ့တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။ အခုလိုတက်ရောက်ဖို့ အသိအမှတ်ပြုဖိတ်ကြားခံရတာဟာ NUG အနေနဲ့ နိုင်ငံတစ်နိုင်ငံရဲ့ […]

သထုံတွင် လက်နက်ကြီးကျည်စထိမှန်ပြီး ကလေးငယ်နှစ်ဦးအပါအဝင် ခြောက်ဦး ဒဏ်ရာရ

Dawei Watch

July 8, 2023

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရွှေရောင်ပြကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကလေး နှစ်ဦးအပါအဝင် ဒေသခံ ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံများထံမှ သိရသည်။ ဇူလိုင်လ ၇ ရက်နေ့ နံနက် ၁၁ နာရီခန့်က သထုံမြို့နယ်အခြေစိုက် စစ်ကောင်စီအမြောက်တပ် (၃၁၄) တပ်ရင်းက ရွှေရောင်ပြကျေးရွာအုပ်စုအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ကေအဲန်ယူက ယနေ့ ဇူလိုင်လ ၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ အဆိုပါတပ်ရင်းက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်တစ်လုံးသည် ရွှေရောင်ပြကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ကျည်စထိမှန်ကာ အသက် ၅ နှစ်နှင့် ၉ နှစ်အရွယ် ကလေးငယ်နှစ်ဦး၊ အသက် ၅၆ နှစ်အရွယ် နော်မုလားဖေ၊ အသက် ၁၈ နှစ်အရွယ် နော်မိထူး၊ အသက် ၅၇ နှစ်အရွယ် […]

ပုရစ်များကို ပရိုတင်းဓာတ်အတွက် အစားထိုးစားသုံးနိုင်ဟုဆို

Dawei Watch

July 8, 2023

ထိုင်းနိုင်ငံ မြောက်ပိုင်း ဖစ်ဆာနူလုပ် ခရိုင်ရှိ နရဲစွမ် တက္ကသိုလ်သည် ပုရစ်များကို ပရိုတင်း အစားထိုး စားသုံးနိုင်သည့် အရင်းအမြစ်တစ်ခုအဖြစ် သုတေသနပြုနေလျက် ရှိကာ အဆိုပါ အင်းဆက်သည် အနာဂတ်တွင် ပရိုတင်းပြတ်လပ်မှုပြဿနာကို ကိုင်တွယ်ဖြေရှင်းနိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။ အဆိုပါ တက္ကသိုလ်၏ စိုက်ပျိုးရေး၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနမှ တွဲဖက်ပါမောက္ခ ၊ ဒေါက်တာ ကာနစ်သာ ရုထရာသနာမုန်ကိုး (Kanittha Rutrattanamongkol) ၏ သုတေသနစာတမ်းအရ ၎င်း၏အဖွဲ့သည် ပရိုတင်းဓာတ် အစားထိုးနိုင်သည့် အရင်းအမြစ်များအဖြစ် အခြေခံ ထုတ်လုပ်ထားသည့် ကြက်သား ၊ ဝက်အူချောင်းများအပြင်  အင်းဆက်များ စသည်တို့ထံမှ ရနိုင်သည့် ပရိုတင်းဓာတ်များကို လေ့လာနေကြောင်း သိရသည်။ ၎င်းသုတေသန ပြုချက်တွင်း အဆိုပြုထားသော ဟင်းပွဲများထဲမှ တစ်ခုသည် […]

Coldplay နှင့် Blackpink ရှိုးပွဲများကြောင့် အင်ဒိုနီးရှားတွင် အွန်လိုင်းပေါ်မှ ချေးငွေရယူနှုန်းမြင့်တက် 

Dawei Watch

July 8, 2023

ကိုဗစ်-၁၉ ကပ်ရောဂါကာလအလွန် ကမ္ဘာတဝှမ်းမှာ တေးဂီတဖျော်ဖြေပွဲများ ပြန်လည်လုပ်လာကြသည့် အတောတွင်း အင်ဒိုနီးရှားနိုင်ငံမှာလည်း Coldplay နှင့် Blackpink စသည့် အဖွဲ့များ၏ ဖျော်ဖြေပွဲများ အတွက် ငွေ အလျင်လိုလာသောကြောင့် အွန်လိုင်းပေါ်မှ တစ်ဆင့် ချေးငွေ ရယူမှုနှုန်း မြင့်တက်လာကြောင်း သိရသည်။ အင်ဒိုနီးရှားနိုင်ငံတွင်း ဒစ်ဂျစ်တယ် ပလက်ဖောင်းများပေါ်မှတစ်ဆင့် ရယူထားပြီး ပေးချေရန် ကျန်ရှိနေသေးသော ချေးငွေများသည် ယခုနှစ် ၊ မေလတွင် ၅၁ ဒသမ ၅ ထရီလီယံ ရူပီယာ ပမာဏ အထိ ရောက်ရှိခဲ့ပြီး အဆိုပါ ပမာဏသည် လွန်ခဲ့သည့် တစ်နှစ်ကျော်ကထက် ၂၈ ရာခိုင်နှုန်း တိုးလာသည်ဟု ဘဏ္ဍာရေး ဝန်ဆောင်မှု အာဏာပိုင်အဖွဲ့ OJK မှပြောကြားခဲ့သည်။ ယခုအခါ သက်ဆိုင်ရာ စည်းကမ်း […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

July 7, 2023

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇူလိုင်လ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ ပြင်သစ်ဆန္ဒပြပွဲ ငါးရက်မြောက်နေ့တွင် လူ ၇၀၀ ကျော်ဖမ်းဆီးခံရ ပြင်သစ်နိုင်ငံ ဆူပူဆန္ဒပြမှုတွေဖြစ်ပေါ်လာပြီး ၅ ရက်မြောက်နေ့မှာ ဖမ်းဆီးခံရသူ ၇၀၀ ကျော် ရှိတယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနက ဇူလိုင်လ ၂ ရက်နေ့က ပြောကြားလိုက်ပါတယ်။   ဆယ်ကျော်သက် လူငယ်တဦးဖြစ်တဲ့ နာဟဲလ်အမ်ကို ရဲတပ်ဖွဲ့ကနေ ဖမ်းဆီးစစ်ဆေးနေချိန် ပစ်သတ်ခဲ့လို့ မကျေနပ်မှုတွေနဲ့ ဆူပူဆန္ဒပြမှုတွေ ဖြစ်ပေါ်လာခဲ့တာပါ။ ဇူလိုင်လ ၁ ရက်နေ့က ဖမ်းဆီးခဲ့သူ အရေအတွက် ၇၁၉ ဦး ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။ ဒီအရေအတွက်က ပြီးခဲ့တဲ့ရက်က ၁၃၀၀ […]

ထားဝယ်တွင် ခုန်တက်သွားသည့် စားအုန်းဆီဈေး အနည်းငယ်ပြန်ကျ

Dawei Watch

July 7, 2023

ထားဝယ်တွင် စားအုန်းဆီ ၁ဝပိဿာဝင် ပုံးဝါတစ်ပုံးလျှင် တစ်ပတ်အတွင်း ကျပ်တစ်သောင်းကျော်အထိ ဈေးခုန်တက် သွားပြီးနောက် ကျပ်နှစ်ထောင်ခန့် ဈေးပြန်ကျလာကြောင်း ထားဝယ်ဈေးကွက်ထံမှသိရသည်။ ဇွန်လ ၂၃ ရက်က ထားဝယ်ဈေးကွက်တွင် စားအုန်းဆီ ပုံးဝါတစ်ပုံးကို ၆၅၅၀၀ ကျပ် ဈေးရှိရာမှ ဇွန်လ ၃၀ ရက်တွင် တစ်ပုံးကို ၇၇၀၀၀ ကျပ် ဖြစ်သွားပြီး တစ်ပတ်အတွင်း ဆီတစ်ပုံး ၁၁၅၀ဝကျပ်အထိဈေးတက်သွားကြောင်း အထက်ပါ ဈေးကွက်အတွင်းမှ သိရသည်။ အတက်ဈေးဖြင့် ဇူလိုင်လ ၅ ရက်အထိ ငြိမ်နေခဲ့ပြီး ဇူလိုင်လ ၆ ရက်တွင် ကျပ်နှစ်ထောင်ခန့် ဈေးပြန်ကျကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ နိုင်ငံခြားမှ တင်သွင်းသည့် စားသုံးကုန်ဖြစ်သောကြောင့် နိုင်ငံခြားငွေလဲနှုန်း‌အပေါ်မူတည်ပြီး ဈေးနှုန်းလည်း လိုက်ပါ ပြောင်းလဲလေ့ရှိကြောင်း ထားဝယ်မြို့ပေါ်ရှိ စားသုံးကုန်စည်အရောင်းဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက […]

သင်္ကန်းတုံးရွာဖြစ်စဉ်တွင် ပျောက်ဆုံးနေသည့် PDF ရဲဘော်တစ်ဦး၏ ရုပ်အလောင်းပြန်တွေ့

Dawei Watch

July 7, 2023

ထားဝယ်မြို့နယ်၊ သင်္ကန်းတုံးရွာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တိုက်ခိုက်ခံရသည့် ဖြစ်စဉ်တွင် ပျောက်ဆုံး နေသည့် ရဲဘော်နှစ်ဦးအနက် တစ်ဦး၏ ရုပ်အလောင်းကို ဇူလိုင်လ ၆ ရက် နံနက်ပိုင်းက ပြန်လည်တွေ့ရှိကြောင်း ထားဝယ် နဂါးတပ်ခွဲ (၂) နှင့် ဥဩစစ်ကြောင်းတို့ထံမှ သိရသည်။ သင်္ကန်းတုံးရွာရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို စစ်ကောင်စီတပ်က ဇူလိုင်လ ၂ ရက်က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဥဩစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “အလစ်ဝင်တိုက်တာမှာ ဘာမှမယူလို့ မရခင်ဘဲ သူက ကျကျန်ခဲ့တာ။ သူ့မှာကျည်ထိထားတယ်” ဟု ၎င်းက ဆိုသည်။ ရဲဘော်အားလုံးစခန်းကို ပြန်ရောက်နေကြပြီဖြစ်သော်လည်း ပြေးရင်းလွှားရင်း လမ်းခုလတ်တွင် ကျန်နေခဲ့သည့် ရဲဘော်နောက်တစ်ဦးမှာ ၎င်းတို့အဖွဲ့နှင့် ယခုအချိန် အဆက်အသွယ် မရသေးကြောင်းလည်း ၎င်းက ပြောဆိုသည်။ ပျောက်ဆုံးနေသူ နှစ်ဦးအနက် အလောင်းပြန်တွေ့သည့် […]