ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ရက်ဆက်လာသည့် ထိုင်းနိုင်ငံတွင်း တောမီးလောင်မှုများ

diz_admin

March 31, 2023

ထိုင်းနိုင်ငံတွင်း ပြည်နယ်တစ်ခုရှိ တောင်တန်းများတွင် ဆက်တိုက်ဖြစ်ပွားနေသော တောမီးလောင်မှုကို ရပ်တန့်နိုင်ရန် ထိုင်းအာဏာပိုင်များက မတ်လ ၃၀ရက်နေ့တွင် အရေးပေါ်စီမံချက်များ ဆောင်ရွက်ရန် အမိန့်ထုတ်ခဲ့သည်။ ဘန်ကောက်မြို့၏ အရှေ့မြောက်ဘက် ၊ ၁၁၄ ကီလိုမီတာ (၇၀ မိုင်) အကွာ ၊ နခွန်နရော့ ပြည်နယ်ရှိ ခေါင် ချပလူ တောင်ပေါ်တွင် စတင်လောင်ကျွမ်းခဲ့သော တောမီးသည် လေပြင်းတိုက်ခတ်မှုကြောင့် အနီးနားရှိ ခေါင်လမ် ၊ ခေါင်ကောဝ် နှင့် ခေါင်တဘာ့ခ် ဒေသများ၏  ၇၀၀ ရိုင် (၂၇၆ ဧကကျော်) ဧရိယာရှိသည့် တောင်အများအပြားထံ ကူးစက်ပျံ့နှံ့သွားခဲ့ကြောင်း ဒေသခံမီဒီယာများထံမှ သိရသည်။ ဗုဒ္ဓဟူးနေ့ညက ဖြစ်ပွားခဲ့သော အဆိုပါ မီးလောင်မှုအား ငြှိမ်းသတ်ရန်အတွက် မီးသတ်ယာဉ်များ ဖြန့်ကျက်ချထားခဲ့ကြောင်း ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ အနုချာဘူရာပါချိုင်စရီကပြောပြီး […]

ထိုင်းရွေးကောက်ပွဲ အကြိတ်အနယ်ယှဉ်ပြိုင်ရနိုင်ဟု စစ်တမ်းများ ဖော်ပြ

diz_admin

March 31, 2023

လာမည့်မေလတွင် ကျင်းပသွားမည့် ထိုင်းနိုင်ငံ၏ ပါတီစုံအထွေထွေရွေးကောက်ပွဲသည် ပြိုင်ဆိုင်မှု ပြင်းထန်ပြီး အကြိတ်အနယ်ယှဉ်ပြိုင် ရနိုင်ကြောင်း ရွေးကောက်ပွဲစစ်တမ်းများအရ တွေ့ရသည်။ မျက်မှောက်ခေတ် ထိုင်းနိုင်ငံရေးလောက၏ အဓိက အတိုက်အခံပါတီ ဖွေထိုင်းသည် သဘောထား စစ်တမ်းများအရ ထောက်ခံမှုအများဆုံးရနေသော်လည်း လက်ရှိအာဏာရ ညွန့်ပေါင်းပါတီများ၏ ပေါင်းစပ် ထောက်ခံမှုရရှိရန် လိုအပ်နေသည်။ မေလ ၁၄ ရက်နေ့တွင် ကျင်းပမည့် အဆိုပါ အထွေထွေရွေးကောက်ပွဲသည် လက်ရှိ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနှင့် ပေထုံတန် ရှင်နာဝပ်ထရာ၊ တစ်နည်းအားဖြင့်  စစ်တပ်နောက်ခံအင်အားစု နှင့် ရှင်နာဝပ်ထရာ မိသားစုနောက်ခံ ဖွေထိုင်းပါတီတို့အကြား ပြင်းထန်သော ယှဉ်ပြိုင်မှု တစ်ခု ဖြစ်လာမည် ဖြစ်သည်။ ဝန်ကြီးချုပ် ပရာယွတ် သည် အသက် ၆၉ နှစ်အရွယ် ရှိပြီဖြစ်ပြီး  ယခင်ရှင်နာဝပ်ထရာ မိသားစုဝင် ဝန်ကြီးချုပ် နှစ်ဦး၏ […]

သောကြာပြင်တွင် မိုင်းမတော်တဆပေါက်ကွဲပြီး PDF တစ်ဦးကျဆုံးကြောင်းထုတ်ပြန်

diz_admin

March 31, 2023

လောင်းလုံးမြို့နယ် သောကြာပြင်ရွာနှင့် ထိန်သစ်ရွာ ဆိုင်းဘုတ်နှစ်ခုကြား တံတားငယ်အနီး လက်လုပ်မိုင်းမတော်တဆ ပေါက်ကွဲမှုဖြစ်ပြီး လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF)မှ ရဲဘော် တစ်ဦးကျဆုံးခဲ့သည်ဟု ယင်းအဖွဲ့က ယနေ့(မတ် ၃၁)တွင် ထုတ်ပြန်လာသည်။ မတ်လ ၂၂ ရက်နေ့ သောကြာပြင်ပေါက်ကွဲမှုတွင် မိုင်းတပ်စုမှ ရဲဘော်ကျားကလေး ကျဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ယင်းအဖွဲ့၏ ပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။ “ဒဏ်ရာရသူ တစ်ဦးက အခုတော့ သက်သာလာနေပါပြီ”ဟု တာဝန်ရှိသူက ပြောသည်။ ကမြောကင်းတံတားဖွင့်ပွဲ လုံခြုံရေးလာယူသည့် စစ်ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်ရန် သောကြာပြင်ရွာ ဆိုင်းဘုတ်အနီးရှိ တံတားငယ်တွင် ဖုန်းဖြင့် ချိန်ကိုက်မိုင်းထောင်နေစဉ် ဖုန်းမက်ဆေ့ဝင်လာပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးနှင့် ဒေသခံအချို့က ပြောဆိုသည်။ တံတားသစ်ဖွင့်ပွဲလုံခြုံရေးအတွက် စစ်ကောင်စီက လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးခြင်းများ လုပ်ဆောင်ခဲ့ပြီး ကျေးရွာများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုံခြုံရေးယူခြင်း၊ […]

လောင်းလုံးဆေးရုံတွင် ကလေးငယ်များကို ကာကွယ်ဆေး ယနေ့ ပြန်ထိုးပေး

diz_admin

March 31, 2023

လောင်းလုံးဆေးရုံတွင် ကလေးများကို ယနေ့ (မတ်လ ၃၁) ကာကွယ်ဆေး ပြန်ထိုးပေးနေပြီဖြစ်ကြောင်း ကလေးငယ်ကို ကာကွယ်ဆေးထိုးရန် ဆေးရုံသို့ ရောက်ရှိနေသည် မိခင်များနှင့် ဆေးရုံနှင့် နီးစပ်သူတို့ထံမှ သိရသည်။ ‌လောင်းလုံးဆေးရုံတွင် ဖေဖော်ဝါရီလအတွင်း ကလေး ကာကွယ်ဆေးထိုး‌ပေးခြင်းကို ရပ်နားခဲ့ခြင်းဖြစ်ပြီး ယခုမတ်လတွင် ပြန်ထိုးပေးရန်ဆောင်ရွက်လာခြင်းဖြစ်သည်။ လောင်းလုံးဆေးရုံတွင် ကာကွယ်ဆေးထိုးပေးနေခြင်းမှာ မှန်ကန်ကြောင်း ဆေးရုံနှင့်နီးစပ်သူတစ်ဦးက ပြောသည်။ ကာကွယ်ဆေးကို ယနေ့ နံနက် ၉ နာရီတွင် စတင်ထိုးပေးမည်ဖြစ်ပြီး လက်ရှိတွင် စာအုပ်တင်ထားရကြောင်း ကလေးမိခင်တစ်ဦးက ပြောဆိုသည်။ လောင်းလုံးဆေးရုံတွင် ဖေဖော်ဝါရီလက ကာကွယ်ဆေးထိုးနှံခြင်းကို ရပ်နားလိုက်သဖြင့် မြို့နယ်အတွင်းနေထိုင်သူများမှာ ထားဝယ်မြို့သို့ သွားရောက်ထိုးနှံခဲ့ရသည်။ “လောင်းလုံးမှာကျတော့ နီးနီးနားနားအဆင်ပြေဆုံးပဲ။ ထားဝယ်မှကျတော့ တကူးတက သွားနေရသေးတယ်။ ကလေးငယ်ငယ်လေးကို အဝေးကြီးခေါ်ခေါ်သွားနေရတာ သိပ်အဆင်မပြေဘူး။ အခုက နေလည်းအရမ်းပူတယ်လေ” ဟု […]

လောင်းလုံးတွင် လူထုသပိတ်လှုပ်ရှားမှု ယနေ့ပြုလုပ်

diz_admin

March 30, 2023

ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)မှ လောင်းလုံးမြိုနယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ယနေ့ (မတ် ၃၀) နေ့လယ်တွင် ပြုလုပ်ခဲ့တယ်။

ထားဝယ်တွင် စစ်ဘေးသင့်ပြည်သူများအတွက် စားနပ်ရိက္ခာနှင့် အသုံးအဆောင်များတင်လာသည့်ကား အဖမ်းခံရ

diz_admin

March 30, 2023

ထားဝယ်အရှေ့တောဒေသက စစ်ဘေးသင့်ပြည်သူများကို ထောက်ပံ့ပေးအပ်မည့် စားနပ်ရိက္ခာနှင့် အသုံးအဆောင် ပစ္စည်းများ တင်ဆောင်လာသည့် ကားကို ပကာရီရဲကင်းစခန်း စစ်ဆေးရေးဂိတ်က မတ်လ ၂၈ ရက်က ဖမ်းဆီးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ စားနပ်ရိက္ခာများ၊ အိုးခွက်၊ ဖျာ၊ အမိုးအကာ စသည့် ပစ္စည်းများ တင်ဆောင်လာသည့်ကားဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ PDF များနှင့် ဆက်စပ်နိုင်သည်ဟု သံသယဖြင့် စွပ်စွဲကာ ထောက်ပံ့ရေးပစ္စည်းများ၊ ကားတို့ကို ပကာရီစစ်ဆေးရေး ဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက သိမ်းဆည်းထားပြီး ကားသမားသားအဖတို့ကိုလည်း ဖမ်းဆီးခဲ့ကြောင်း ဒေသခံတို့က ပြောဆိုသည်။ အဆိုပါပစ္စည်းများကို NGO တစ်ခုက စစ်ဘေးသင့်ပြည်သူတွေအတွက် ကူညီထောက်ပံ့ခဲ့တာဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ယခင်ကလည်း တစ်ကြိမ်ထောက်ပံ့ဖူးပြီး ဝကုန်းကျေးရွာက စစ်ဘေးသင့်ပြည်သူများ၊ နေအိမ်မီးရှို့ခံရသူများနှင့် နေအိမ်ဖျက်ဆီးခံရသည့် ပြည်သူများ အထောက်အပံ့များ […]

ထိုင်းတွင် ဗီဇာမလိုဘဲနေထိုင်ခွင့် ၁၄ရက်သာ ရတော့မည်

diz_admin

March 30, 2023

ထိုင်းနိုင်ငံသို့ မြန်မာအပါအဝင် နိုင်ငံအချို့က နိုင်ငံသားများကို ဗီဇာမလိုဘဲ ၄၅ ရက် နေထိုင်ခွင့် ပေးထားရာမှ လာမည့် ဧပြီလ ၁ ရက်ကစပြီး ၁၄ ရက်သာပေးတော့မည်ဖြစ်ကြောင်း ဘန်ကောက်မြို့ရှိ စစ်ကောင်စီ၏ မြန်မာသံရုံးက ယနေ့ ထုတ်ပြန်လိုက်သည်။ ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်သော နိုင်ငံခြားသားခရီးသွားများအတွက် ၂၀၂၂ ခုနှစ် အောက်တိုဘာလမှစ၍ ဗီဇာမလိုဘဲ ၄၅ ရက် နေထိုင်ခွင့်ပြုပေးခဲ့ပြီး ၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် စမ်းသပ်ကာလ ကုန်ဆုံးမည်ဖြစ်သည်။ ယခင်က ခွင့်ပြုပေးထားခဲ့အတိုင်း ဗီဇာမလိုဘဲ ၁၄ ရက်ကြာ နေထိုင်ခွင့်ကိုသာ ပြန်လည်ခွင့်ပြုတော့မည်ဖြစ်သည်။ “ထိုင်းအစိုးရ ဆုံးဖြတ်ချက်ပါရှင့်။ ၄၅ ရက်က စမ်းသပ်ကာလအနေနဲ့ လပိုင်းပဲ ပေးတာပါ။ အဲ့ဒါကို ဆက်မပေးတော့ဘဲ ဖြုတ်လိုက်တာပါ” ဟု […]

ဖမ်းဆီးခံထားရသည့် လောင်းလုံးမြိုနယ်မှ စစ်ဘေးရှောင် အများစုပြန်လွတ်

diz_admin

March 30, 2023

လောင်းလုံးမြို့နယ်တွင် စစ်ဘေးရှောင်းရင်း အဖမ်းခံလိုက်ရသူ ၁၃ ဦးအနက် ၁၂ ဦး ပြန်လွတ်လာပြီဖြစ်ကြောင်း ‌မိသားစုဝင်များကပြောသည်။ လောင်းလုံးမြို့နယ် ကျေးရွာတစ်ရွာတွင် စစ်ဘေးရှောင်နေသူများကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က မတ်လ ၁၇ ရက်နေ့တွင် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး မတ်လ ၂၉ ရက် ညနေပိုင်းတွင် ပြန်လွတ်လာခြင်းဖြစ်သည်။ အဖမ်းခံရသူများမှာ လောင်းလုံးမြိူ့နယ် ဇလွတ်ကျေးရွာဒေသခံများဖြစ်ပြီး ရွာအနီးတိုက်ပွဲများကြောင့် တိမ်းရှောင်နေစဉ် စစ်ကောင်စီတပ်က ဖမ်းသွားခြင်းဖြစ်သည်။ ၁၁ ရက်အကြားဖမ်းဆီးသွားသည့် ကာလအတွင်း လောင်းလုံးမြို့နယ် တစ်ကြော စစ်ကြောင်းထိုးရာ တစ်လျှောက် စစ်ကောင်စီတပ်နှင့်အတူ လိုက်ပါနေရကြောင်း မိသားစုဝင်တစ်ဦးကဆိုသည်။ “တောင်‌တွေတောင် သုံးလုံးလောက် ကျော်ခဲ့ရတယ်” ဟု မိသားစုဝင်တစ်ဦးကဆိုသည်။ ဖမ်းဆီးခံထားရစဉ်အတွင်း မိသားစုဝင်များနှင့် လုံးဝအဆက်အသွယ်‌ပြတ်တောက်နေခဲ့သည်။ အဖမ်းခံသူများအနက် လူလတ်ပိုင်းအရွယ် ကိုမျိူးဇော်ဦးဆိုသူတစ်ဦးမူ ပြန်လွတ်သည့်အထဲ မပါ‌သေးကြောင်း မိသားစုဝင်တစ်ဦးကပြောသည်။ ၎င်းကိုမည်သည့်နေရာတွင် […]