တနင်္သာရီနှင့် ပုလောက ကျေးရွာအချို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ
diz_admin
March 25, 2023မြိတ်ခရိုင်၊ တနင်္သာရီနှင့် ပုလောမြို့နယ်တို့က ကျေးရွာအချို့ကို ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။ တနင်္သာရီမြို့နယ် ဘန်လောကျေးရွာအုပ်စုသို့ စစ်ကောင်စီအမြှောက်တပ် (၅၆၁) တပ်ရင်းက လက်နက်ကြီးဖြင့်ပစ်ခတ်သောကြောင့် ရွာသားအချို့ထွက်ပြေးနေရကြောင်း ဒေသခံများက ပြောသည်။ အဆိုပါ တပ်ရင်းကို ပြည်သူ့ကာကွယ်ရေးတပ်က မတ်လ ၂၃ ရက်တွင် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု ရှိမရှိကိုမူ မသိရသေးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်နှင့် နီးစပ်သူတဦးက ဆိုသည်။ ယင်းနောက် ၂၃ရက်နှင့် ၂၄ ရက်တို့တွင် စစ်ကောင်စီအမြှောက်တပ်ရင်းက ဘန်လောကျေးရွာအုပ်စုသို့ လက်နက်ကြီးဖြင့် မကြာခဏ ပစ်ခတ်နေကြောင်း ဒေသခံများက ပြောဆိုသည်။ “ဒီနေ့လည်း ဆင်ခေါင်းရွာဖက်ကို ငါးလုံးပစ်လိုက်သေးတယ်။ လူထိခိုက်မှုတော့ မကြားရဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက မတ်လ ၂၄ ရက်ညပိုင်းက ပြောဆိုသည်။ […]


