ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဗိုလ်မိုးကြိုး ပြည်သူ့ကာကွယ်ရေးပုလောမြို့ အမည်ကိုအသုံးပြုကာ အကောင့်အတုဖြင့် ငွေအလှူခံ

Dawei Watch

July 3, 2023

ဗိုလ်မိုးကြိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပုလောမြို့အမည်ကို အသုံးပြုပီး အကောင့်အတုဖြင့် ငွေကြေး အလှူခံနေသည်ကို တွေ့ရကြောင်း ဗိုလ်မိုးကြိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပုလောမြို့၏ တရားဝင်လူမှုကွန်ရက် စာမျက်နှာက ထုတ်ပြန်သည်။ လူတစ်စုက BMK – ပြည်သူ့ကာကွယ်ရေးအဖွဲ့ အမည်ဖြင့် လူမှုကွန်ရက်တွင် အလှူခံနေရခြင်းဖြစ်သည်ဟု ဆိုသည်။ ယင်းစာမျက်နှာတွင် ‘ဗိုလ်မိုးကြိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပုလောမြို့’ တရားဝင်စာမျက်နှာတွင် တင်ထားသည့် ဓါတ်ပုံများ၊ ဗီဒီယိုဖိုင်များကို ကူးယူဖော်ပြပြီး ဒဏ်ရာရစစ်သည်ပုံများကိုလည်း အလွဲသုံးစားလုပ်ကာ အလှူခံနေ ကြောင်း ဇွန်လ ၂၉ ရက်က ထုတ်ပြန်ထားသည်။ အလှူခံသည့်အပြင် သတင်းမှားများကိုလည်း ဖြန့်ချီနေသည်ကိုတွေ့ရကြောင်း ဗိုလ်မိုးကြိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပုလောမြို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ဗိုလ်မိုးကြိုးအဖွဲ့သည် ဒဏ်ရာရ စစ်သည်များ၏ ဓာတ်ပုံများကို အသုံးပြုကာ အလှူခံခြင်း ယနေ့အချိန်အထိ လုပ်ဆောင်ခဲ့ခြင်း […]

စစ်ကောင်စီက ကလိန်အောင်-ကံပေါက်လမ်း ဖြတ်သန်းသွားလာခွင့် ပိတ်ဆို့ကန့်သတ်

Dawei Watch

July 3, 2023

ရေဖြူမြို့နယ် ကလိန်အောင်မြို့မှ ကံပေါက်ကျေးရွာအုပ်စုသို့ သွားသည့်လမ်းပိုင်းကို စစ်ကောင်စီတပ်က ဖြတ်သန်းသွားလာခွင့်ကို ပိတ်ဆို့ကန့်သတ်လိုက်ကြောင်း ခရီးသည်အချို့ကပြောသည်။ ယနေ့ (ဇူလိုင် ၃) မနက်အ‌စောပိုင်းမှစပြီး ကလိန်အောင်- ကံပေါက်လမ်းပိုင်းကို ဖြတ်သန်းခွင့်မပြုတော့ဘဲ ကန့်သတ်လိုက်ခြင်းဖြစ်သည်။ ယနေ့ မနက် ၆ နာရီဝန်းကျင်အချိန်တွင် မောရဝတီရေတပ်မှ စစ်ကား ၆ စီးထွက်ခွာသွားပြီး ကလိန်အောင်-ကံပေါက်လမ်းပိုင်းတွင် နေရာလေးခုခွဲကာ ပိတ်ဆို့ထားခြင်း ဖြစ်ကြောင်း ခရီးသည်တို့ပြောဆိုသည်။ ကံပေါက်လမ်းဆုံအနီး၊ ဂန့်ဂေါ်တောင်ရွာအဝင် ၊ ဂန့်ဂေါ်တောင်ဘုန်းကြီးကျောင်းအနီးနှင့် သစ်တောရုံးလမ်းဆုံ စသည့်နေရာတို့တွင် လမ်းပိတ်ထားခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။ “ခရီးသည်တင်ကားတွေရော၊ စျေးကားတွေရော အားလုံးပြန်လှည့်လာရတယ်။ ဒါတောင် ကံပေါက်က ကားမှ အဝင်လက်ခံတယ်။ ထားဝယ်ဘက်က ကားတွေအဝင်မရဘူး” ဟု လမ်းပိတ်ဆို့ခံခဲ့ရသည့် ကားသမားတစ်ဦးကပြောသည်။ ကံပေါက်-ထားဝယ် ပြေးဆွဲနေသည့် ခရီးသည်တင်ယာဥ်လိုင်းများလည်း ရပ်နားထားရသည်ဟုဆိုသည်။ အဆိုပါ […]

စစ်အာဏာရှင်ကျဆုံးရေးအတွက် ဘန်ကောက်ရှိ မြန်မာနိုင်ငံသားများ ကုလသမဂ္ဂရုံးရှေ့တွင် ဆန္ဒပြ

Dawei Watch

July 2, 2023

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂ (UN) ရုံးရှေ့တွင် မြန်မာနိုင်ငံသားများသည် စစ်အာဏာရှင် ကျဆုံးရေးအတွက် ယနေ့ မွန်းလွဲပိုင်းတွင် ဆန္ဒပြခဲ့ကြသည်။ ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် စစ်အာဏာရှင်ခေါင်းဆောင် မင်းအောင်လှိုင်၏ မွေးနေ့မတိုင်မီ တစ်ရက်အလိုတွင် ရာနှင့်ချီသော မြန်မာအလုပ်သမားများ ယနေ့ မွန်းလွဲ ၂ နာရီမှ ၅ နာရီအထိ စုဝေးဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ “မတရားမှုဆိုတာကလေ ကိုယ့်အိမ်ရှေ့ကို တံခါးလာခေါက်မှ တော်လှန်ရမှာ မဟုတ်ဘူး။ မတရားမှုကို တွေ့တဲ့နေရာကနေ တော်လှန်ရမှာ” ဟု ဆန္ဒပြပွဲကို တက်ရောက်လာသူတစ်ဦးက ဟောပြောခဲ့သည်။ ဆန္ဒပြပွဲတွင် စစ်ကောင်စီအစိုးရကို အသိမှတ်မပြုရေး၊ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကို အစိုးရအဖြစ် အသိအမှတ်ပြုရေး ၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားများ အားလုံးလွှတ်ပေးရေး […]

ထားဝယ်မြစ်ထဲတွင် အမည်မသိ အမျိုးသားအလောင်းတွေ့

Dawei Watch

July 2, 2023

ထားဝယ်မြစ်ထဲတွင် အမည်မသိ အမျိုးသားအလောင်း တွေ့ရှိရကြောင်း  ဇမ္ဗူသီရိအရေးပေါ် လူနာကူညီသယ်ဆောင်ရေးအဖွဲ့ ထံမှသိရသည်။ ယနေ့ (ဇူလိုင် ၂) မနက်ပိုင်းတွင် ထားဝယ်မြစ်ကြောင်းအတိုင်း မျောပါနေသော ပုတ်ပွနေသည့် အမျိုးသားအလောင်းကို ငါးဖမ်းလှေသမားများက စတင်တွေ့ရှိခဲ့သည်ဟုသိရ‌ကြောင်း ဇမ္ဗူသီရိအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်ကပြောသည်။ “ကျွန်တော်တို့ကို ဖုန်းဆက်လာတာ မနက် ၁၀ နာရီခွဲလောက်ရှိပြီ ကမြောကင်း ကူးတို့ဆိပ်ဟောင်းရဲ့ ကမ်းစပ်တစ်နေရာကို လှေသမားတွေက ဆွဲလာပေးထားတာ ပုတ်ပွပြီး ပိုးလောက်တွေတောင် ထွက်နေပြီ”ဟု ဦးနိုင်မျိုးသွင်ကပြောသည်။ ယင်းအမျိုးသား သေဆုံးရသည့်အကြောင်းရင်းနှင့် မည်သူမည်ဝါဖြစ်ကြောင်းလည်း မသိရသေးကြောင်း ဦးနိုင်မျိုးသွင်ကဆိုသည်။ ထိုရုပ်အလောင်းကို ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့မှ ထားဝယ်ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားသည်ဟု ယင်းအဖွဲ့ထံမှသိရသည်။

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

July 1, 2023

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇွန်လ ၂၅ ရက်နေ့မှ ဇူလိုင်လ ၁ ရက်နေ့အထိ မြန်မာတွင် ဒေါ်လာသန်းတစ်ရာကျော်ထုတ်ချေးထားတဲ့ အသေးစားငွေချေးလုပ်ငန်း PGMF ထွက်ခွာ မြန်မာနိုင်ငံမှာ ချေးငွေ အမေရိကန်ဒေါ်လာသန်း ၁၅၀ ကျော် ထုတ်ချေးထားတဲ့ အသေးစားငွေချေးလုပ်ငန်းဖြစ်တဲ့ PGMF ဟာ ဇွန်လ ၃၀ နောက်ပိုင်းမှာ လုပ်ငန်းရပ်ဆိုင်းပြီး မြန်မာနိုင်ငံကနေ ထွက်ခွာတော့မှာဖြစ်ပါတယ်။ ပြည်သူ ရှစ်သိန်းကိုးသောင်းဆီ ထုတ်ချေးထားတဲ့ ဒေါ်လာ ၁၅၆သန်းကို လျှော်ပစ်ပြီး လုပ်ငန်းပိတ်သိမ်းတော့မယ်လို့ Pact Global Microfinance Fund (PGMF) က ဇွန်လ ၂၆ရက်နေ့မှာ ကြေညာပါတယ်။ အဖွဲ့အစည်းရဲ့ အကျိုးအမြတ်နဲ့ ပိုင်ဆိုင်မှုအားလုံးကို အနာဂတ်မှာ လွှဲပြောင်းပေးဖို့ […]

ပန်းသပိတ်တွင်ပါသည်ဟုဆိုကာ ဖမ်းဆီးခံရသည့် ဖောင်းတောဒေသခံအမျိုးသမီးလေးဦး ပြန်လွတ်

Dawei Watch

July 1, 2023

ပန်းသပိတ်တွင်ပါဝင်သည်ဟုဆိုကာ ဖမ်းဆီးခံရသည့် ရေဖြူမြို့နယ် ဖောင်းတောရွာက ဒေသခံအမျိုးသမီးလေးဦး ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ မောရဝတီရေတပ်စခန်းအတွင်း ဆယ်ရက်အကြာ ဖမ်းဆီးစစ်ဆေးခံရပြီးနောက် ဇွန်လ ၃၀ ရက်က ပြန်လည်လွတ်မြောက်လာခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “စစ်တပ်ကားနဲ့ သူတို့အိမ်တွေကို ပြန်လာပို့ပေးသွားတယ်” ဟု ဖောင်းတောရွာသားတစ်ဦးက ပြောဆိုသည်။ ပန်းသပိတ်တွင်ပါဝင်သည်ဟုဆိုကာ ဖောင်းတောရွာခံ မမီးချို၊ မမီးလေး၊ မနှင်းမြင့်နှင့် မစုဝေ တို့ လေးဦးကို စစ်ကောင်စီတပ်က ဓာတ်ပုံမှတ်တမ်းနှင့်တကွ ဇွန်လ ၁၉ ရက်တွင် လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဇွန်လ ၂၀ ရက်က အဖမ်းခံရသည့် ကံပေါက်ရွာက ကိုအောင်ဇော်ဦးနှင့် မဥမ္မာအောင်တို့ ဇနီးမောင်နှံ နှစ်ဦးမှာလည်း ဖောင်းတောဒေသခံလေးဦးနှင့်အတူတူ တစ်ချိန်တည်းပြန်လွတ်မြောက်လာခဲ့သည်။ ဖောင်းတောရွာက ဖမ်းဆီးခံထားရသူ ၆ ဦးလုံး ပြန်လွတ်လာပြီဖြစ်ကြောင်း ရွာသားများထံမှ သိရသည်။ […]

လေယာဉ်ပျံနေစဉ် တံခါးဖွင့်ရန် ကြိုးပမ်းခဲ့သည့် တောင်ကိုရီးယားသား မူးယစ်ဆေးဝါး သုံးစွဲခဲ့ကြောင်းဝန်ခံ

Dawei Watch

July 1, 2023

လေယာဉ်ပျံသန်းနေစဉ်အတွင်း အရေးပေါ် တံခါးဖွင့်ရန် ကြိုးပမ်းမှုအတွက် စုံစမ်းစစ်ဆေးခံနေရသည့် အသက် ၁၉ နှစ်အရွယ် တောင်ကိုရီးယားနိုင်ငံသားတစ်ဦးသည် အခင်းမဖြစ်မီ ရက်ပိုင်းအလိုတွင် (မက်သာဖက်တမင်း) စိတ်ကြွဆေးပြား သောက်ခဲ့သည်ကို ဝန်ခံခဲ့ကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က ဇွန်လ ၃၀ ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ အမည်မဖော်ပြထားသည့် အဆိုပါ လူငယ်သည် ဖိလစ်ပိုင်နိုင်ငံမှ တောင်ကိုရီးယား၏ အဓိကလေဆိပ် တည်ရှိရာ အင်ချွန်းမြို့သို့ ပျံသန်းသည့် ခရီးစဉ်တွင် ယခုလို လေယာဉ်တံခါးဖွင့်ရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။ ယင်းဖြစ်စဉ်၏ ကနဦးမှာပင် အင်ချွန်း အပြည်ပြည်ဆိုင်ရာ လေဆိပ် ရဲတပ်ဖွဲ့ ၏ စစ်ဆေးမှု ကို ခံခဲ့ရသည့် ၎င်းသည် အဆိုပါ ခရီးစဉ် မတိုင်မီ နှစ်ရက်အလိုတွင် ဖိလစ်ပိုင်နိုင်ငံသား ခြောက်ဦးနှင့်အတူ ဖိလစ်ပိုင် နိုင်ငံ ၊ […]

နိုင်ငံတွင်း Facebook အသုံးပြုခွင့်ကို ပိတ်ပင်မည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ်ခြိမ်းခြောက်

Dawei Watch

July 1, 2023

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က နိုင်ငံရေး ပြိုင်ဘက်များကို ရိုက်နှက်မည်ဟု ခြိမ်းခြောက်ထားသည့် ဗီဒီယိုကို ကွန်ရက်မှ ဖယ်ရှားမည်ဟု Facebook ကကြေညာခဲ့ပြီးနောက် ဟွန်ဆင်ကလည်း သူ့အနေနှင့် နိုင်ငံတွင်း Facebook အသုံးပြုခွင့်ကို အချိန်မရွေး ပိတ်ပင်နိုင်ကြောင်း ဇွန်လ ၃၀ ရက်နေ့တွင် ပြောကြားခဲ့သည်။  လာမည့် ရွေးကောက်ပွဲမတိုင်မီ ဟွန်ဆန် ခေါင်းဆောင်သည့် အာဏာရ ကမ္ဘောဒီးယားပြည်သူ့ပါတီ၏ ပြိုင်ဘက် ပါတီ ခေါင်းဆောင်ကို အာဏာပိုင်များက မှတ်ပုံတင်ခွင့်ပေးရန် ငြင်းဆိုပြီးနောက် ယခုလို သတိပေးချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ဇူလိုင် ၂၃ရက်နေ့ တွင် ကျင်းပသွားမည့်  ကမ္ဘောဒီးယားနိုင်ငံ၏  ရွေးကောက်ပွဲသည် ဟန်ပြ လုပ်ရပ် ဟူ၍ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံနေရသည်။ လူမှုကွန်ရက်တစ်ခု ဖြစ်သည့် Facebook သည် ၎င်းတို့အနေနှင့် ကြီးကြပ်ရေးဘုတ်အဖွဲ့၏ စီရင်ချက်နှင့်အညီ ဟွန်ဆန်၏ ဗီဒီယိုများထဲမှ တစ်ခုကို ဖယ်ရှားမည်ဖြစ်ကြောင်း နှင့် […]