ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ညောင်ခါးရှည်ဂိတ် စစ်ဆေးမှုများကြောင့် ကားများပိတ်မိနေပြီး လူနာတင်ယာဉ်များ အခက်တွေ့

diz_admin

March 23, 2023

မွန်ပြည်နယ်နှင့် ပဲခူးတိုင်းကြားရှိ ညောင်ခါးရှည်စစ်ဆေးရေးဂိတ်တွင် X-ray စစ်ဆေးခြင်းကို ယခုရက်ပိုင်းအတွင်း ထပ်မံပြုလုပ်လာနေသဖြင့် ကားတန်းရှည်ကြီးပိတ်မိနေကာ လူနာတင်ယာဉ်များ အခက်တွေ့နေရကြောင်း မြိတ်အခြေစိုက် နာရေးကူညီမှုအသင်းများမှ သိရသည်။ မြိတ်မှ အရေးပေါ်လူနာတို့အား ရန်ကုန်မြို့ရှိ ဆေးရုံသို့ တင်ပို့ရာတွင် ညောင်ခါးရှည်ဂိတ်တွင် ယာဉ်တန်းရှည်ကြီး ပိတ်မိနေသဖြင့် စောင့်ဆိုင်းနေရခြင်းဖြစ်ကြောင်း နာရေးကူညီမှုအသင်းအချို့က ပြောပြသည်။ “အခက်အခဲဖြစ်တာပေါ့ လူနာက အောက်ဆီဂျင်ရှုပြီး စောင့်နေရတာ အောက်ဆီဂျင်ဗူးတော့ လုံလောက်အောင် သယ်သွားရတာပေါ့” ဟု မြိတ်မှ ရန်ကုန်သို့ အရေးပေါ်လူနာတင်ပို့သည့် နာရေးကူညီမှုအသင်းတစ်ခုမှ အသင်းဝင်တစ်ဦးက ပြောသည်။ အဆိုပါ ညောင်ခါးရှည်ဂိတ်တွင် လေးနာရီအထိ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းပြီးမှ ခရီးဆက်ခဲ့ရခြင်းဖြစ်ကြောင်း အထက်ပါနာရေးကူညီမှု အသင်းဝင် ဆိုသည်။ “လူနာတင်ကားလည်း စောင့်ရတာပဲ၊ ကားတွေကလမ်းဖယ်ပေးလို့လည်းမရဘူး၊ လမ်းက ပိတ်နေတာကိုး၊ ကားတွေလည်း စည်းကမ်းမရှိဘူး နီးသလို ထိုးတက်နေကြတာ၊ လမ်းလုနေကြတာ” […]

စစ်ကောင်စီလက်နက်ကြီးကြောင့် ကျိုက်ထိုဒေသခံထောင်ချီ ထွက်ပြေးနေရ

diz_admin

March 23, 2023

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေမှုကြောင့် ကျေးရွာ ၈ ရွာကျော်မှ ဒေသခံထောင်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်ရှိ စစ်ကောင်စီအ‌မြှောက်တပ် ၃၁၀ နှင့် ကင်မွန်းစခန်း ရဲကုန်းတို့မှ မတ်လ ၂၁ ရက် ည ၉ နာရီမှ ၁၂ နာရီအထိ ကျိုက်ထီးရိုးတောင်ခြေ ကင်မွန်းစခန်းအရှေ့ဘက်ရှိ တကေးချောင်းဖျား၊ ငှက်ပျောတော၊ ဇီးကုန်း၊ ပိတောက်တော၊ ချမ်းမြေ့၊ ကရဝေးဆိပ် အစရှိသည့် ကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံတို့က ပြောသည်။  ကျိုက်ထိုမြို့အခြေစိုက် စစ်ကောင်စီ တပ်မ ၄၄ ဌာနချုပ်ကို သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေး တော်လှန်ရေးအင်အားစု TPDF နှင့် KNLA, PDF, KRF ပူးပေါင်းတပ်ဖွဲ့တို့က မတ်လ ၂၁ ရက် […]

သတိပေးချက် ‌စာတိုပို့သော်လည်း မှတ်ပုံမတင်သည့်ဖုန်းဆင်းကတ်များ ခေါ်ဆိုခွင့်ကန့်သတ်မည်ဟု ထုတ်ပြန်

diz_admin

March 23, 2023

မှတ်ပုံတင်ရန် သတိပေးချက်စာတိုပို့သော်လည်း အချက်အလက်အမှန်ဖြင့် မှတ်ပုံမတင်သည့် ဖုန်းဆင်းကတ်များကို ဖုန်းခေါ်ဆိုခွင့် ကန့်သတ်မည်ဖြစ်ကြောင်း ဆက်သွယ်ရေး အော်ပရေတာများက အသီးသီးက ထုတ်ပြန်သတိပေးထားသည်။ အက်တမ်( ယခင်တယ်လီနော) ဆင်းကတ်အတွက် ATOM_SimReg ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အူရီဒူး(Ooredoo) ဆင်းကတ်အတွက် OML_Alret ခေါင်းစဉ်ဖြင့်လည်းကောင်း၊ MPT ဆင်းကတ်များအတွက် MPTSimAlert ခေါင်းစဉ်ဖြင့်လည်းကောင် မိမိဖုန်းသို့ မက်ဆေ့ပို့ထားခြင်းရှိ/မရှိ အရင်စစ်ဆေးရမည်ဖြစ်သည်။ စာတိုမက်ဆေ့များ ပေးပို့ထားသည်ကို တွေ့ရှိပါက မိမိမှတ်ပုံတင်နံပါတ်ဖြင့် ဆင်းကတ်မှတ်ပုံတင်ရမည် ဖြစ်သည်။ မှတ်ပုံတင်ခြင်း မလုပ်ဆောင်ပါက ထိုဆင်းကတ်သည် ဖုန်းအဝင်အထွက်ခေါ်ဆိုခြင်း၊ မက်‌ဆေ့ပို့ခြင်းများ ပြုလုပ်နိုင်တော့မည် မဟုတ်ကြောင်း ဆက်သွယ်ရေးကုမ္ပဏီများက သတိပေးထားသည်။ အချို့သူများ၏ ဖုန်းဆင်းကတ်များထံသို့ အထက်ဖော်ပြပါခေါင်းစဉ်များဖြင့် မက်ဆေ့များ ဝင်ရောက်နေကြောင်းလည်း စုံစမ်းသိရှိရသည်။ “မှတ်ပုံမတင်ရင် ဖျက်ခံရမယ်လို့‌ပြောတယ်။ ကျွန်မက မလုပ်တတ်တော့ ဘယ်လိုလုပ်ရမလဲမသိသေးဘူး။ ဆိုင်ကိုသွားလုပ်ခိုင်းမှရမယ်ထင်တယ်” ဟု ထားဝယ်ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။ စစ်ရေးတင်းမာနေသည့်အချိန် ဆင်းကတ်ဖျက်သိမ်းခံရပြီး ဖုန်းအဝင်အထွက်ခေါ်ဆိုမရဘဲ မိတ်ဆွေ၊ ဆွေးမျိုးများနှင့်  အဆက်အသွယ်ပြတ်သွားမည်ကို စိုးရိမ်ကြောင်းလည်း ၎င်းအမျိုးသမီးကဆိုသည်။ […]

ထားဝယ်ခရိုင် သပိတ်ကော်မတီဝင်များနေအိမ် စစ်တပ်ဝင်ရောက်ရှာဖွေ၊ ပစ္စည်းများယူဆောင်ခံရ

diz_admin

March 23, 2023

ထားဝယ်ခရိုင် သပိတ်ကော်မတီဝင်များနေထိုင်သည့် နေအိမ်ကို စစ်ကောင်စီ စစ်တပ်က ဝင်ရောက်ရှာဖွေခဲ့ပြီး ပစ္စည်းများ မီးရှို့ဖျက်ဆီးခြင်း၊ သိမ်းယူသွားခြင်းများ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံအချို့နှင့် ထားဝယ်ခရိုင်သပိတ်ကော်မတီထံက သိရသည်။ မတ်လ ၁၇ ရက်နေ့က ထားဝယ်ခရိုင် သပိတ်ကော်မတီဝင်များ နေထိုင်သည့် နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်ရှာဖွေခဲ့ပြီး သပိတ်စစ်ကြောင်းတွင် အသုံးပြုသည့် ဘန်နာများ၊ အလံများ၊ ပရင်တာတစ်လုံး၊ လက်တောပ့် ၂ လုံး၊ မိတ္တူကူးစက်ငယ်တစ်လုံးနှင့် ဆိုင်ကယ်တစ်စီး သိမ်းဆည်းခံခဲ့ရသည်ဟု ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ စည်းရုံးလှုံ့ဆော်ရေးဆပ်ကော်မတီ တာဝန်ခံ ကိုမင်းလွင်ဦးက ပြောသည်။ “ကျွန်တော်တို့ရဲဘော်တွေနေတဲ့ အိမ်ပဲ၊ ကျွန်တော်တို့မှာက ပွင့်ပွင့်လင်းလင်းပြောရရင် ဘာလက်နက်မှလည်း မရှိဘူးလေ၊ လက်နက်ကိုင်တပ်ဖွဲ့လည်း မဟုတ်ဘူးဆိုတော့ အဲ့ဒါကြောင့်ပဲ အိမ်ကိုမီးမရှို့ဘဲနဲ့ ထားခဲ့တယ်လို့ထင်တယ်။ ကျွန်တော်တို့ သပိတ်မှာသုံးနေတဲ့ ဘန်နာတွေဘာတွေကတော့ အကုန်လုံးမီးရှို့ပစ်ခဲ့တယ်။ သုံးရတာတွေကတော့ […]

စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားသည့် လောင်းလုံးတွင် လူထုသပိတ်လှုပ်ရှားမှုပြုလုပ်

diz_admin

March 23, 2023

စစ်ကောင်စီက စစ်ကြောင်းထိုးမှုများ လုပ်ဆောင်နေပြီး လုံခြုံရေးတင်းကျပ်ထားသည့် လောင်းလုံးတွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ယနေ့နေ့လယ်ပိုင်းက ပြုလုပ်ခဲ့သည်။ ယခုလအတွင်း စစ်ကောင်စီတပ်များက လောင်းလုံးမြို့နယ်သို့ စစ်ကြောင်းထိုးဝင်ရောက်ပြီး အရပ်သားပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ နေအိမ်များမီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်နေရာတွင် ယခုလဆန်းမှ ယနေ့အထိ နေအိမ် ၁၅၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ယင်းသပိတ်ကော်မတီက ထုတ်ပြန်ထားသည်။

မြိတ်တွင် ဒူးရင်းသီးစထွက်၊ တစ်လုံး ၂၅၀၀၀ ကျပ်အထိ ဈေးပေါက်

diz_admin

March 23, 2023

မြိတ်ဒေသထွက် ရာသီပေါ်သီးနှံတစ်မျိုးဖြစ်သည့် ဒူးရင်းသီးမှာ ယခုနှစ်တွင် မတ်လလယ်ခန့်မှ စတင်ထွက်ရှိနေပြီး တစ်လုံးလျှင် နှစ်သောင်းငါးထောင်ကျပ်အထိ ဈေးပေါက်နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ဒူးရင်းသီးအရွယ်အစားအပေါ် မူတည်ပြီး အနည်းဆုံး ငါးထောင်ကျပ်မှ အများဆုံး နှစ်သောင်းငါးထောင်ကျပ်အထိ ရှိနေခြင်းဖြစ်သည်။ “စပေါ်ချိန်ဆို နှစ်တိုင်းဒီလိုပဲ ဈေးကြီးစ၊ ပေါလာတဲ့အချိန်မှပဲ ဝယ်စားဖြစ်တာ” ဟု မြစ်ငယ်ရပ်နေ အမျိုးသမီးတစ်ဦးက ပြောသည်။ ဒူးရင်းသီးအထွက်များလာသည့်အချိန်တွင် တစ်လုံးလျှင် နှစ်ထောင်မှ ငါးထောင်၊ တစ်သောင်းအထိ ဈေးကျဆင်းလာချိန်တွင်သာ ဝယ်စားဖြစ်ကြောင်း ၎င်းက ဆိုသည်။ ပြီးခဲ့သည့်နှစ် ဒူးရင်းသီးစပေါ်ချိန် မတ်လအတွင်းက တစ်လုံးလျှင် အများဆုံး နှစ်သောင်းကျပ်အထိသာ ဈေးရှိပြီး ယခုနှစ်တွင် နှစ်သောင်းငါးထောင်ရှိနေသဖြင့် ယခင်နှစ်ထက် ငါးထောင်ကျပ် မြင့်တက်လာကြောင်း ဒူးရင်းသီးရောင်းချနေသူအချို့ထံမှ သိရသည်။ ‌”ဈေးကြီးဆို ဝယ်ဈေးလည်းမလွယ်ဘူး ဈေးကြီးပေးဝယ်ရတာပဲ၊ ဒီကြားထဲ လှေခ၊ […]

မဲဆောက်တွင် တော်လှန်ရေးအဖွဲ့များ နေထိုင်ရာအဆောက်အအုံ ဝင်စီးခံရ

diz_admin

March 22, 2023

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေသော တော်လှန်ရေးအင်အားစုများနေထိုင်ရာ လေးထပ်အဆောက်အအုံကို ထိုင်းစစ်သားများက ယနေ့(မတ် ၂၁)တွင် ဝင်ရောက်စီးနင်းခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံမှတစ်ဆင့် တာခ့်ခရိုင်အတွင်းသို့ နယ်စပ်ဖြတ်ကျော်လာသော တော်လှန်ရေးအင်အားစုများသည် ယင်းအဆောက်အအုံများတွင် နေထိုင်နေကြောင်း စုံစမ်းတွေ့ရှိခဲ့ရာမှ ထိုင်းစစ်သားများက ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ စီးနင်းရာတွင် ကျည်ဆန်များ၊ ကျန်းမာရေးထောက်ပံ့ပစ္စည်းများ၊ PDF အမှတ်တံဆိပ်ပါ ယူနီဖောင်းများနှင့် စစ်သုံးပစ္စည်းများစွာ သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။ ထိုင်းစစ်တပ်၏ သတင်းအရင်းအမြစ်များအရ ၎င်းနေရာရှိ အဆောက်အအုံများတွင် တော်လှန်ရေးအင်အားစု ၂၀၀ ခန့် နေထိုင်နေသည်ကို တွေ့ရှိခဲ့ရပြီး အချို့မှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြကြောင်း သတင်းတွင်ဖော်ပြထားသည်။ တော်လှန်ရေးအင်အားစုများသည် နိုင်ငံတကာအဖွဲ့အစည်းများထံမှ အထောက်အပံ့အချို့လည်း ရရှိနေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဖြည့်စွက်ချက် —————-မြေပြင်အခြေအနေမှာ ရှုပ်ထွေးမှုများရှိနေပြီး ထိုင်းသတင်းဌာနများတွင် ဖော်ပြထားချက်များနှင့် ကွဲလွဲသည့် […]

သရက်ချောင်း ရငဲရွာတွင် ပျူစောထီးအဖွဲ့ဝင်ဟောင်းဆိုသူ အမျိုးသားပစ်သတ်ခံရ

diz_admin

March 22, 2023

ထားဝယ်ခရိုင်၊သရက်ချောင်းမြို့နယ် ရငဲကျေးရွာတွင် လက်နက်ဖြုတ်သိမ်းခံထားရသည့် ပြည်သူ့စစ်အဖွဲ့ဝင်ဟောင်းဆိုသူ အမျိုးသားတစ်ဦး ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံအချို့ကပြောသည်။ သေဆုံးသူမှာ အသက် ၆၀ ‌ဝန်းကျင်အရွယ် ဦးဂွတိုဆိုသူဖြစ်ပြီး နေအိမ်တွင်ရှိနေစဉ် အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။ “အိမ်ရှေ့မှာလမ်းလျှောက်နေတဲ့အချိန် မျက်နှာစည်းတွေနဲ့လူတွေ ဆိုင်ကယ်နဲ့ရောက်လာပြီးပစ်သတ်သွားတာ” ဟု ဒေသခံတစ်ဦးကဆိုသည်။ ဦးဂွတိုမှာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားသည့် ပျူစောထီးခေါ် ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းတွင် ၎င်းတို့တစ်ဖွဲ့လုံးကို စစ်ကောင်စီက လက်နက်ဖြုတ်သိမ်းခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။ လက်နက်ဖြုတ်သိမ်းခံရပြီးနောက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုက ဒေသခံများကို အန္တရာယ်မပေးရန် သတိပေးခဲ့ကြောင်း ဒေသခံအချို့ကပြောသည်။ “သူက အခုနောက်( လက်နက်ဖြုတ်သိမ်းခံရပြီးနောက်ပိုင်း) သတင်းပေးမပေးဆိုတာတော့ မသိဘူးပေါ့နော်။ နောက်ကွယ်ကနေ ဖုန်းနဲ့သတင်းပေးနေရင်လည်း မသိနိုင်ဘူးလေ” ဟု ဒေသခံတစ်ဦးကဆိုသည်။ ဒေသခံအချို့ကမူ ဦးဂွတိုအား ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်ခတ်ခဲ့ကြောင်း‌ပြောဆိုကြပြီး […]