ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

လောင်းလုံး အောက်ကျောက်ဝပ်ရွာလည်း မီးရှို့ခံရ

diz_admin

March 21, 2023

‌ညောပြင်ရွာနှင့်ကပ်လျက်တွင်ရှိသည့် အောက်ကျောက်ဝပ်ကျေးရွာတွင်လည်း နေအိမ်များ မီးရှို့ခံ‌နေရကြောင်း ဒေသခံတစ်ဦးက ယနေ့  ညနေ ၂ နာရီခန့်ကပြောသည်။ “ညောပြင်ရွာကိုရှို့ပြီးမှ အောက်ကျောက်ဝပ်မှာလာရှို့တာ။ ရွာအလယ်အပိုင်းကနေစပြီး ရှို့နေတယ်လို့ကြားရတယ်” ဟု တိမ်းရှောင်နေရသည့် ဒေသခံတစ်ဦးကပြောသည်။ အောာက်ကျောက်ဝပ်ကျေးရွာအနီး ပင်လယ်ပြင်တွင်မူ စစ်သင်္ဘောတစ်စီး ရပ်ထားထားကြောင်း ဒေသခံများကဆိုသည်။ လူမူကွန်ရက်ပေါ်တွင် ဒေသခံများမျှဝေထားသည့် ဓာတ်ပုံထဲတွင်လည်း စစ်သင်္ဘောတစ်စီးကိုတွေ့ရှိရသည်။ အဆိုပါ စစ်သင်္ဘောမှာ ယနေ့မနက်ပိုင်းကတည်းက ရောက်ရှိနေခြင်းဖြစ်ပြီး စစ်သင်္ဘောတွင်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ညောပြင်ရွာနှင့် အောက်ကျောက်ဝပ်ရွာကို မီးရှို့နေခြင်းဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။ အောက်ကျောက်ဝပ်ရွာတွင်မူ ဆိုင်ကယ်၊ သုံးဘီးများကိုပါ သိမ်းဆည်းပြီး ကားဖြင့်တင်ဆောင်သွားကြောင်း ဒေသခံတစ်ဦးကပြောသည်။ အောက်ကျောက်ဝပ်ရွာတွင်မူ ညောပြင်လောက် မီးရှို့ခံရသည့်နေအိမ်မများကြောင်း သိရသည်။ မီးလောင်ပျက်စီးသွားသည့် နေအိမ်မည်မျှရှိသည်ကိုမူ ယနေ့ညနေ ၃ နာရီခန့်အထိ မသိရသေးပေ။

လောင်းလုံး၊ စစ်ပြဲရွာတွင် နေအိမ်နှစ်ဆောင်မီးလောင်

diz_admin

March 21, 2023

လောင်းလုံးမြို့နယ်၊ စစ်ပြဲကျေးရွာအုပ်စု ရှေ့ဖက်ကားကျေးရွာတွင် နေအိမ်နှစ်ဆောင် ယနေ့(မတ် ၂၁) နံနက်ပိုင်းက မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။ “ဝါယာ‌ရှော့ဖြစ်ပြီး မီးလောင်တာ။ အခုတော့ မီးငြိမ်းသွားပြီ” ဟု ဒေသခံတစ်ဦးက ယနေ့ နေ့လယ် ၂ နာရီခန့်တွင် ပြောသည်။ လောင်းလုံးမြို့နယ်အပါအဝင် ထားဝယ်ခရိုင်အတွင်း ‌ယခုနွေရာသီတွင် နေအိမ်မီးလောင်ခြင်း၊ တောမီးလောင်ခြင်းတို့ မကြာခဏဖြစ်ပေါ်လျက်ရှိသည်။

ညောပြင်ကျေးရွာ မီးရှို့ခံရ

diz_admin

March 21, 2023

လောင်းလုံးမြို့နယ် ညောပြင်ကျေးရွာသို့ ရေလမ်းကရောက်ရှိလာသည့် စစ်ကောင်စီတပ်က ယနေ့(မတ် ၂၁) နေ့လယ် ၁၂ နာရီခန့်တွင် နေအိမ်များကိုမီးရှို့ခဲ့သည်။ မီးလောင်ပျက်စီးသွားသည့်နေအိမ် မည်မျှရှိသည်ကို လတ်တလောမသိရသေးပေ။ ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေကြပြီး ပင်လယ်မှငါးဖမ်းပြန်လာသည့် ဒေသခံအချို့ အဖမ်းခံထားရသည်ဟုဆိုသည်။

ဖမ်းဆီးခေါ်ဆောင်ခံရသည့် မင်းထိန် ရွာသူရွာသားများ ပြန်မလွတ်သေး

diz_admin

March 21, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မင်းထိန်ကျေးရွာက ဖမ်းဆီးခေါ်ဆောင်သွားသည့် ဒေသခံများကို စစ်ကောင်စီတပ်က ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း ဒေသခံများထံမှသိရသည်။ မတ်လ ၁၉ ရက်က မင်းထိန်ကျေးရွာသို့ စစ်ကောင်စီတပ် စစ်ကြောင်း ဝင်ရောက်လာပြီးနောက် အမျိုးသမီးခြောက်ဦးနှင့် အမျိုးသားလေးဦးတို့အား ဖမ်းဆီးကာ ပုလောမြို့သို့ ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ ပုလောမြို့ရှိ စစ်ကောင်စီတပ်ရင်းတွင် အစစ်ဆေးခံနေရသည်ဟု ကြားသိရကြောင်း ဒေသခံတို့က ဆိုသည်။   “ဘယ်သူနဲ့မှလည်း ပေးမတွေ့ဘူး။ မျက်နှာတွေကိုလည်း အဝတ်နဲ့စည်းပြီး စစ်ဆေးနေတယ်လို့ကြားရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ၎င်းတို့ကို မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးသွားသည်ကို မသိရသေးကြောင်း ဒေသခံအချို့က ပြောဆိုသည်။ စစ်ကောင်စီတပ်သည် မင်းထိန်ရွာဘုန်းတော်ကြီးကျောင်းတွင် တပ်စွဲထားပြီး ရွာထဲက ရွာသားအချို့ကိုလည်း ဘုန်းတော်ကြီးကျောင်းတွင် ဖမ်းဆီးစစ်ဆေးနေကြောင်း ဒေသခံများက ဆိုသည်။ “ယောင်္ကျားမိန်းမ အကုန်လုံးရွာထဲ […]

လောင်းလုံး ညောပြင်ရွာ မီးရှို့ခံနေရ

diz_admin

March 21, 2023

လောင်းလုံးမြို့နယ် ညောပြင်ကျေးရွာသို့ ရေလမ်းကရောက်ရှိလာသည့် စစ်ကောင်စီတပ်က ရွာကိုမီးရှို့နေကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ မတ်လ ၂၁ ရက် နေ့လယ် ၁၂ နာရီခန့်တွင် မီးရှို့နေခြင်းဖြစ်ပြီး ရွာထဲမှ မီးခိုလုံးများထွက်ပေါ်နေကြောင်း တိမ်းရှောင်နေရသည့် ဒေသခံတစ်ဦးက ဆိုသည်။ “စဝင်လာတုန်းက လက်နက်ကြီးပစ်တာတွေပါ ရှိတယ်။ အခုတော့ လက်နက်ကြီးပစ်သံ မကြားရတော့ဘူး။ ရွာကိုတော့မီးရှို့ထားလိုက်ပြီ” ဟု ဒေသခံတစ်ဦးက ယနေ့ နေ့လယ် ၁၂ နာရီက ပြောဆိုသည်။ စစ်ကောင်စီတပ်က လောင်းလုံးဘက်သို့ စစ်ကြောင်းထိုးနေသောကြောင့် ညောပြင်ဒေသခံများမှာ ကြိုတင်‌တိမ်းရှောင်နေကြသဖြင့် ရွာထဲတွင်လူမရှိသလောက်ဖြစ်နေကြောင်း ဒေသခံအချို့က ပြောသည်။ ‌ပင်လယ်မှ ငါးဖမ်းပြီးပြန်လာသည့် ဒေသခံအချို့မှာ အဖမ်းခံထားရသည်ဟု ၎င်းတို့က ပြောဆိုသည်။ စစ်ကောင်စီတပ်သည် ရေ‌လမ်းကြောင်းဖြင့် ယနေ့ နံနက်ပိုင်းက အောက်ကျောက်ဝပ်ရွာသို့ လှေဖြင့်ရောက်လာပြီး ယင်းမှတစ်ဆင့် […]

ထိုင်း လွှတ်တော် ဖျက်သိမ်း

diz_admin

March 20, 2023

ထိုင်းနိုင်ငံ၌ မေလတွင် ကျင်းပရန် ရည်ရွယ်ထားသော ရွေးကောက်ပွဲ မတိုင်မီ လွှတ်တော်ကို ဖျက်သိမ်းလိုက်သည်။ ထိုကြောင့် ရွေးကောက်ပွဲရက် မကြာမီ ကြေညာရတော့မည်ဖြစ်သည်။ ယင်းရွေးကောက်ပွဲတွင် လက်ရှိ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ၏ ယူနိုက်တက် ထိုင်းနေးရှင်း ပါတီနှင့် သက်ဆင် ရှင်နာဝပ်၏ သမီးဖြစ်သူ ပက်တွန်တန်၏ ပွေထိုင်းပါတီတို့ အကြိတ်အနယ် ယှဉ်ပြိုင်ရဖွယ်ရှိနေသည်။ လွှတ်တော် ဖျက်သိမ်းပြီး ရက် ၆၀ အတွင်း ကျင်းပရမည်ဖြစ်သဖြင့် မကြာမီ ရက်ပိုင်းအတွင်း ရွေးကောက်ပွဲရက် ကြေညာဖွယ်ရှိသည်။ ရွေးကောက်ပွဲ အကြိုစစ်တမ်းများအရ ပက်တွန်တန်၏ ပွေထိုင်းပါတီက ပရာယွတ်၏ ပါတီထက် အသာရလျက်ရှိသည်။ ထိုင်းလွှတ်တော်တွင် ကိုယ်စားလှယ် ဦးရေ ၅၀၀ ရှိပြီး ၄၀၀ ဦးမှာ သက်ဆိုင်ရာ မဲဆန္ဒနယ်အလိုက် ရွေးကောက်ခံများ ဖြစ်ပြီး ၁၀၀ […]

ရေဖြူ မူးဒူးရွာ မိုင်တဲတာဝါတိုင် မီးရှို့ဖျက်ဆီးခံရ

diz_admin

March 20, 2023

ရေဖြူမြို့နယ် မူးဒူးရွာရှိ Mytel ဖုန်းဆက်သွယ်ရေးတာဝါတိုင် မီးရှို့ဖျက်ဆီးခံရကြောင်း ဒေသခံအချို့က ပြောသည်။ မတ်လ ၁၉ ရက် နေ့လယ်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုက လာရောက်မီးရှို့ခဲ့ခြင်းဖြစ်ပြီး တာဝါတိုင်ကိုလည်း ဖြိုလှဲချခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။ “ကျွန်တော်တို့ကြားတာကတော့ PDF လေးငါးခြောက်ယောက်လောက် ဆိုင်ကယ်နဲ့လာပြီး မီးရှို့သွားတယ်လို့ကြားတယ်” ဟု မူးဒူးဒေသခံတစ်ဦးက ပြောဆိုသည်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်အချို့ဟုသာသိပြီး မည်သည့်အဖွဲ့ကလုပ်ဆောင်သည်ကိုမူ မသိရသေးကြောင်း ၎င်းက ပြောသည်။ တာဝါတိုင်ရှိ ဘတ္ထရီ၊ ဆိုလာပြားနှင့် အခြားပစ္စည်းများကို သိမ်းဆည်းသွားကြောင်းလည်း ဆိုသည်။ တာဝါတိုင်ဖြိုချခံရပြီးနောက် အနီးအနားတွင် Mytel ဖုန်းလိုင်းများပြတ်တောက်သွားခဲ့ပြီး ကျန်ဖုန်းလိုင်းများမှာမူ ပုံမှန်အတိုင်း အသုံးပြုရနေဆဲဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ Mytel တာဝါတိုင်သည် ရေနက်ဆိပ်ကမ်းနယ်မြေရဲစခန်းမှ ငါးမိုင်ကျော်အကွာတွင်ရှိပြီး မူးဒူးရွာလမ်းဘေးဥယျာဉ်ခြံတစ်ခုထဲတွင် စိုက်ထူးထားခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဖေဖော်ဝါရီလ ၆ […]

အဖမ်းမခံရရန်အာမခံသည်ဟု အွန်လိုင်းတွင်ပို့စ်တင်လူခေါ်ပြီး မှောင်ခိုပို့သောမြန်မာပွဲစားကားကို ထိုင်းရဲစောင့်ဖမ်း

diz_admin

March 20, 2023

အဖမ်းမခံရရန် အာမခံသည်ဟု အွန်လိုင်းတွင်ပို့စ်တင်ပြီး လူခေါ်ကာ မြန်မာအလုပ်သမားများကို ထိုင်းနိုင်ငံသို့ တရားမဝင် ပို့ဆောင်သည့် မြန်မာပွဲစားကား၏ကားကို ထိုင်းရဲတပ်ဖွဲ့က စောင့်ဆိုင်းဖမ်းဆီးကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။ အွန်လိုင်းပို့စ်ကြောင့် မြန်မာပွဲစားကားကို စမွတ်ပရကန်ခရိုင် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က မတ်လ ၁၇ ရက်တွင် နောက်ယောင်ခံကာ စောင့်ကြည့်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ မြန်မာအလုပ်သမားများကို တရားမဝင်ခေါ်ဆောင်ကာ လှိ်ဳ႕ဝှက်ထားရှိသည် စမွတ်ပရာကန်ခရိုင် ဘန်ပူဒေသရှိ တိုက်ခန်းရှိရာသို့ ကားဝင်လာချိန် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ မြန်မာပွဲစားနှစ်ဦးသည် ကျော်မင်းနောင်နှင့် ရွှေစင် အမည်များဖြင့် Facebook နှင့် Tiktok များတွင် မြန်မာဘာသာဖြင့် ရေးသား ပို့စ်တင်ကာ လူခေါ်ခဲ့ခြင်းဖြစ်သည်။ မြန်မာပြည်မှ ဘန်ကောက်သို့ တက်လာလိုသူများကို အဖမ်းအဆီး လုံးဝမရှိဘဲပို့ဆောင်ပေးမည်ဟု ရာနှုန်းပြည့် အာမခံကြောင်း ရေးသားထားသည့်စာနှင့်အတူ ပို့ဆောင်ရာတွင် အသုံးပြုသည့် ကားဓာတ်ပုံကိုပါ တွဲတင်ခဲ့ကြောင်း […]