ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းတွင် ညဖက်မသွားလာကြရန် ကော်သူးလေသတိပေး

diz_admin

March 20, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းတွင် စစ်ရေးတင်းမာနေသဖြင့်လမ်းအသုံးပြုသူများ ညဖက်မောင်းနှင်သွားလာခြင်း မပြုလုပ်ကြရန် ကော်သူးလေတပ်မတော် (KTLA) ကျားကွန်မန်ဒို တပ်ဖွဲ့က ယနေ့ သတိပေးချက် ထုတ်ပြန်လိုက်သည်။ စစ်ရေးတင်းမာနေသည့် ရေဖြူကျေးရွာနှင့် သဲဖြူလမ်းမကြီးအား ည ၈ နာရီမှ နံနက် ၅ နာရီအတွင်း သွားလာခြင်း မပြုလုပ်ကြရန်၊ စစ်ကောင်စီတပ်များနှင့် အနီးကပ်ရှိနေခြင်း၊ အနီးကပ်သွားလာခြင်းများကိုလည်းရှောင်ရှားကြရန်လည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ယင်းအပြင် မော်တော်ယာဉ်များ မှန်ချမောင်းနှင်ရန်နှင့် တာလပတ်အုပ်ထားပါကလည်း ကားအတွင်းသို့မြင်သာအောင် လှစ်ဟသွားကြရန်၊ ပြည်သူ့တော်လှန်ရေးအဖွဲ့များ စစ်ဆေးလျှင် စစ်ဆေးခံရန် ထုတ်ပြန်ထားသည်။  တနင်္သာရီ-မောတောင်လမ်း သိန်ခွန်းကျေးရွာအုပ်စု၊ ချောင်းနှစ်ပေါက်ရွာတိုးဂိတ်အနီးတွင် မတ်လ ၁၉ရက် နံနက်က စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ယနေ့တွင် သတိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အဆိုပါလမ်းသို့ အသုံးပြုနေကြသည့် ကုန်တင်ကားများ ရာချီရှိနေပြီး နယ်စပ်မြို့ဖြစ်သည့် မောတောင်နယ်စပ်ဂိတ်မှတစ်ဆင့် ထိုင်းနိုင်ငံဖက်သို့ ရေထွက်ပစ္စည်းများ တင်ပို့လျှက်ရှိသည်။ မောတောင်လမ်းနှင့်ပတ်သက်ပြီး အသုံးပြုသူများအား ယခင်ကလည်း စစ်ရေးတင်းမာချိန် ပြည်သူ့ကာကွယ်ရေး တပ်များက သတိပေးချက်များ ထုတ်ပြန်ခဲ့ဖူးသည်။ 

မောင်မယ်ရှောင်ရွာအနီး စစ်ဆေးရေးဂိတ် ပစ်ခတ်ခံရ

diz_admin

March 20, 2023

ထားဝယ်မြို့ မောင်မယ်ရှောင်ရွာအနီး ဘုရားမဲစစ်ဆေးရေးဂိတ် ယနေ့ မတ်လ ၂၀ ရက် မွန်းလွဲပိုင်းတွင် ပစ်ခတ်ခံရပြီး ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ မွန်းလွဲ ၁ နာရီခန့်ကစပြီး ၂ နာရီဝန်းကျင်အထိ တစ်နာရီလောက်နီးပါးကြာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဆက်တိုက်ပစ်ခတ်သံကြားရကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ဂိတ်တိုက်ခိုက်ခံရပြီးနောက် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားနေသည်ဟု ဒေသခံများက ပြောဆိုကြသည်။ “နှစ်ဘက်ပစ်တယ်လို့ထင်တယ်။ ဘာဖြစ်လိုလဲဆိုတော့ စစ်ဆေးရေးဂိတ် အရှေ့ဘက်ကလည်း ပြန်ပစ်သံကြားနေရတယ်” ဟု ဒေသခံနောက်တစ်ဦးက ပြောသည်။ အဆိုပါစစ်ဆေးရေးဂိတ် မည်သည့်အဖွဲ့က လာရောက်ပစ်ခတ်ခြင်း ဖြစ်သည်ကို အတည်မပြုနိုင်သေးသလို ပစ်ခတ်မှုကြောင့် ထိခိုက်မှုအခြေအနေတို့ကို မသိရသေးပေ။ ပစ်ခတ်မှုဖြစ်ပွားနေသောကြောင့် ဒေသခံဥယျာဉ်ခြံလုပ်သားများမှာ ဥယျာဉ်ခြံထဲမှ ထွက်ပြေးလာကြကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ မောင်မယ်ရှောင်ကျေးရွာအနီး အဆိုပါစစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မကြာခဏ တိုက်ခိုက်လေ့ရှိသည်။

ရွှေဈေးထပ်တက်၊ တစ်ကျပ်သား ကျပ်သိန်းသုံးဆယ်နီးပါးဖြစ်လာ

diz_admin

March 20, 2023

ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သိန်းသုံးဆယ်နီးပါးအထိ ဈေးမြောက်နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ မတ်လအစောပိုင်းက တစ်ကျပ်သားလျှင် နှစ်ဆယ့်ရှစ်သိန်းစွန်းစွန်း (၂၈၂၀၀၀၀ ကျပ်) သာ ပေါက်ဈေးရှိရာမှ ယနေ့ မတ်လ ၂၀ ရက်တွင် နှစ်ဆယ့်ကိုးသိန်းသုံးသောင်းကျပ်အထိ ဈေးတက်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ တနင်္ဂနွေနေ့ (မနေ့) ကမူ ရွှေတစ်ကျပ်သားလျှင် ၂၉၉၆၀၀၀ ကျပ်အထိ ခုန်တက်သွားခဲ့သေးသည်။ အမေရိကန်နိုင်ငံရှိ Silicon Valley ဘဏ်နှင့် Signature ဘဏ်တို့ ပြိုလဲသွားပြီးနောက်ပိုင်းတွင် ကမ္ဘာ့ရွှေဈေးမှာ တရိပ်ရိပ်တက်လာခဲ့သည်။ မတ်လ ၁၁ ရက်နေ့က ကမ္ဘာ့ရွှေပေါက်ဈေးမှာ တစ်အောင်စလျှင် ၁၈၆၇ ဒေါ်လာပေါက်ဈေးရှိရာက မတ်လ ၂၀ ရက်တွင် ၁၉၇၅ ဒေါ်လာ ဈေးဖွင့်ထားသည်။ ကမ္ဘာ့ရွှေဈေးတက်လာသည့်အတွက် ပြည်တွင်းရွှေဈေးလည်း လိုက်တက်လာခြင်းဖြစ်ကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက […]

လောင်းလုံး သပြေရှောင်ရွာတွင် ရေလုပ်ငန်းတဲများမီးရှို့ခံရပြီး ဆိုင်ကယ်များသိမ်းဆည်းသွား

diz_admin

March 20, 2023

လောင်းလုံးမြို့၏ တောင်ဘက်ပိုင်းသို့ စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်က သပြေရှောင်ကျေးရွာတွင် ရေလုပ်ငန်းတဲများကို မီးရှို့သွားပြီး ဆိုင်ကယ်များကိုလည်း သိမ်းဆည်းသွားကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ မတ်လ ၂၀ ရက် နံနက် ၅ နာရီခန့်တွင် ‌သပြေရှောင်ကျေးရွာ ထားဝယ်မြစ်ကမ်းပါးရှိ စန္ဒာဆိပ်ဟု ခေါ်သည့်နေရာက တဲဆယ်လုံးခန့်ကို စစ်ကောင်စီတပ်က မီးရှို့သွားကြောင်း ဒေသခံအချို့က ဆိုသည်။ “အဲဒီနားကတဲတွေအကုန်လုံးကို ရှို့သွားတာတဲ့” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ စန္ဒားဆိုသည်မှာ ငါးဖမ်းလုပ်ငန်းအမျိုးအစားတစ်ခုဖြစ်သည်။ သပြေရှောင်ရွာသားအချို့သည် ထားဝယ်မြစ်ထဲတွင် စန္ဒားဖြင့် ငါဖမ်းကာ သား၊ ငါး၊ ငါးပိ၊ ပုစွန်ခြောက် စသည်တို့ကို ထုတ်လုပ်ရောင်းချပြီး အသက်မွေးကြသည်။ ဝါးလုံးများဖြင့် တည်ဆောက်ထားသည့် စန္ဒားများသည် ထားဝယ်မြစ်ထဲတွင်ရှိပြီး စန္ဒားသမားများ နားခိုသည့်တဲကိုမူ မြစ်ကမ်းဘေးတွင် ဆောက်လုပ်ထားကြသည်။ စစ်ကောင်စီတပ်သည် ရေဖြူကျေးရွာအုပ်စု၊ […]

မင်းထိန်ရွာသူရွာသား ခြောက်ဆယ်ကျော်စစ်ဆေးခံရပြီး ကိုးဦးဖမ်းဆီးခေါ်ဆောင်ခံရ

diz_admin

March 19, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မင်းထိန်ရွာအတွင်းသို့ စစ်ကောင်စီတပ်က ဝင်ရောက်လာပြီး ဒေသခံခြောက်ဆယ် ကျော်ကို စစ်ဆေးမေးမြန်းပြီးနောက် ကိုးဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ရွာသားများထံမှ သိရသည်။ မင်းထိန်ရွာအတွင်းသို့ ယနေ့ မွန်းလွဲ ၁ နာရီဝန်းကျင်က ရောက်ရှိလာပြီးနောက် ဘုန်းတော်ကြီးကျောင်းတွင် တပ်စွဲထားကြောင်း ရွာသားများက ပြောသည်။ “အားလုံး အမျိုးသား၊ အမျိုးသမီး ခြောက်ဆယ်ကျော်ကိုဖမ်းပြီး အိမ်ထောင်စု၊ မှတ်ပုံတင်စစ်ဆေးတယ်။ ကိုးဦးကတော့ ဖမ်းသွားတာပါ” ဟု ရွာသားတစ်ဦးက ပြောဆိုသည်။ အဖမ်းခံရသူ ကိုးဦးတွင် အမျိုးသမီးခြောက်ဦးနှင့် အမျိုးသားသုံးဦးပါဝင်ကြောင်း ဒေသခံတို့က ဆိုသည်။ ဖမ်းဆီးခံရသူများတွင် အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးပါဝင်ပြီး ၎င်း၌ ငွေကျပ်သိန်း ၂၀ လည်း ပါသွားကြောင်း အဆိုပါအမျိုးသမီးနှင့် နီးစပ်သည့် ရွာသားအချို့က ပြောသည်။ စစ်ကောင်စီတပ် ရွာအနီးရောက်လာသဖြင့် […]

ဘန်းလမွတ်ကျေးရွာအုပ်စုတွင် မီးရှို့ဖျက်ဆီးခံရမှုအခြေအနေ

diz_admin

March 19, 2023

တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာအုပ်စုသို့ စစ်ကောင်စီတပ်ခြေလျင်စစ်ကြာင်း မတ်လ ၁၆ ရက်က ဝင်ရောက်ပြီးနောက် မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ ထို့ကြောင့် အိမ်သုံးလုံး၊ ကွမ်းသီးဂိုဒောင်တစ်လုံး၊ ဆိုင်ကယ်နှစ်စီးနှင့် ကွမ်းသီးခြံတို့ ပျက်စီးဆုံးရှုံးကြောင်း ၎င်းတို့က ဆိုသည်။ ယင်းနောက် ဘန်းလမွတ်ကျေးရွာအုပ်စုရှိ ငါးရံ့အင်း၊ ရွာဟောင်းနှင့် ရေခမ်းချောင်းတို့မှ ဒေသခံရာနှင့်ချီ တောအတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံတို့က ဆိုသည်။

တနင်္သာရီ သိန်ခွန်းကျေးရွာအနီး တိုက်ပွဲဖြစ်နေ

diz_admin

March 19, 2023

မြိတ်ခရိုင်၊ တနင်္သာရီ-မောတောင်လမ်း သိန်ခွန်းကျေးရွာအုပ်စုတွင် ယနေ့ တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။ သိန်ခွန်းကျေးရွာအုပ်စု၊ ချောင်းနှစ်ပေါက်တိုးဂိတ်တွင် ယနေ့ နံနက် ၉ နာရီဝန်းကျင်မှစတင်ဖြစ်ပွားပြီး စဝ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်များ တိုက်ပွဲဖြစ်နေကြောင်း ဒေသခံများက ပြောသည်။ “လက်နက်ကြီးတွေ အဆက်မပြတ်ပစ်ပြီး တိုက်ပွဲက နည်းနည်းကြမ်းတယ်လို့ သိရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်နှင့်အတူ KNU အပါအဝင် ကော်သူးလေတပ်မတော်တို့လည်း ပူးပေါင်းတိုက်ခိုက်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်နှင့် နီးစပ်သူအမျိုးသားတစ်ဦးက ဆိုသည်။ နှစ်ဖက်ထိခိုက်မှုအခြေအနေကိုမူ မသိရသေးကြောင်း ၎င်းက ပြောဆိုသည်။ ယင်းအပြင် သိန်ခွန်းရွာနှင့် ထုံမခါရွာကြားတွင်လည်း ယနေ့ နေ့လယ်တွင် နှစ်ဖက်တိုက်ပွဲဖြစ်နေသည်ဟု ကြားရပြီး အသေးစိတ်ကိုမူ မသိရသေးကြောင်း ဒေသခံအချို့က ပြောသည်။ တိုက်ပွဲကြောင့်ဒေသခံများမှာ ဘေးလွတ်နေရာများသို့ တိမ်းရှောင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။ […]

သထုံတွင် လက်နက်ကြီးကျည်စထိမှန်ပြီး ၅နှစ်အရွယ်ကလေးငယ်သေဆုံး

diz_admin

March 19, 2023

မွန်ပြည်နယ်၊ သထုံမြို့နယ် အဝင်းကြီးကျေးရွာတွင် လက်နက်ကြီးကျည်ထိမှန်ကာ အသက် ၅ နှစ်အရွယ်ကလေးငယ် တစ်ဦး သေဆုံးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ မတ်လ ၁၈ ရက် ညနေ ၃နာရီခွဲခန့်က သထုံအခြေစိုက်အမြှောက်တပ် ၃၁၄ တပ်ရင်းက ရွှေရောင်ပြကျေးရွာစုဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ အဝင်းကြီးကျေးရွာဘေးတွင် ကျည်တစ်လုံး ကျရောက်ပေါက်ကွဲကြောင်း ၎င်းတို့က ဆိုသည်။ ယင်းသို့ပေါက်ကွဲစဉ် အဝင်းကြီးကျေးရွာဘေး အင်းထဲတွင် မိဘတို့နှင့်အတူ ငါးရှာနေသည့် အသက် ၅ နှစ်အရွယ် ယောက်ျားလေး၏ ဦးခေါင်းတွင် လက်နက်ကြီးကျည်စထိမှန် သေဆုံးခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ယင်းရွာအနီးဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။ မတ်လ ၁၇ ရက် ညကလည်း စစ်ကောင်စီခြေလျင်တပ် ခလရ ၂၄ တပ်ရင်းနှင့် […]