လောင်းလုံးမြို့နယ်တကြော စစ်ကြောင်းထိုးနေပြီး ဒေသခံများ ဖမ်ဆီး၊ ပစ်ခတ်ခံရ
diz_admin
March 17, 2023လောင်းလုံးမြို့နယ်တကြောကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး ဒေသခံနှစ်ဦး ပစ်ခတ်ခံရကာ ဖမ်းဆီးခံရသူများလည်း ရှိနေကြောင်း စုံစမ်းသိရှိရသည်။ မတ်လ ၁၆ ရက်တွင် စစ်ကောင်စီတပ်က လောင်းလုံးမြို့နယ် ရေဖြူကျေးရွာအုပ်စု၊ စမ်းလှမ်း၊ တီဇစ် ကျေးရွာအနီးတွင် စစ်ကြောင်းတစ်ကြောင်း၊ မင်းရပ်၊ သာယာကုန်း၊ အင်းဝန်း၊ ကမြောကျေးရွာတို့ဖက်တွင် စစ်ကြောင်းတစ်ကြောင်းတို့ဖြင့် တောနင်းရှာဖွေနေကြောင်း ဒေသခံအချို့က ပြောသည်။ ယင်းသို့စစ်ကြောင်းထိုးရှာဖွေမှုများကြောင့် ဒေသခံများမှာ တိမ်းရှောင်နေကြရကြောင်း ၎င်းတို့က ဆိုသည်။ ဒေသခံအချို့လည်း ဖမ်းဆီးခံထားရပြီး ပစ်ခတ်ခံရသူလည်းရှိလာနေကြောင်း ဒေသခံတို့က ပြောဆိုသည်။ မတ်လ ၁၆ ရက် နံနက်ပိုင်းတွင် မင်းရပ်ကျေးရွာဘက်မှ ထားဝယ်မြို့ဘက်သို့ လာသည့် ခြေလျင်စစ်ကြောင်း တစ်ကြောင်းသည် လမ်းတစ်လျှောက် သေနတ်ပစ်ဖောက်ပြီး သွားနေသည်ကိုတွေ့ရကြောင်း ခရီးသည်အချို့က ပြောသည်။ သာယာကုန်းကျေးရွာက စိတ်ဝေဒနာသည်အမျိုးသားတစ်ဦးအား စစ်ဆေးရန်ခေါ်ယူသည်ကို မလာဟုဆိုကာ ပစ်ခတ်ခဲ့သဖြင့် […]


