ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြိတ်တွင် ကားနှစ်စီးတိုက်မိပြီး တိမ်းမှောက် ခရီးသည်အချို့ဒဏ်ရာရ

diz_admin

March 15, 2023

မြိတ်မြို့နယ်၊ပသောင်းကျေးရွာအုပ်စု ပြည်ထောင်စုလမ်းပေါ်တွင် ကားနှစ်စီးတိုက်မိပြီး တစ်စီးတိမ်းမှောက်ကာ ခရီးသည်အချို့ ဒဏ်ရာရခဲ့ကြောင်း ဒေသခံများ ထံမှသိရသည်။ ယနေ့(မတ် ၁၅) ညနေ ၄ နာရီခန့်က ပသောင်းကျေးရွာအုပ်စု၊ တောင်ပုလဲရွာ၊ ရွှေရင်းတောင်ဘုရားအနီးတွင် မြိတ်မှ တနင်္သာရီဘက်သို့သွားသည့်ကားနှင့် မောတောင်မှ မြိတ်သို့လာသည့်ကား တိုက်မိပြီး မြိတ်မှလာသည့်ကား တိမ်းမှောက်ခဲ့သည်ဟု ဒေသခံများ ကပြောသည်။ “ကားက သုံးလေးပတ်လိမ့်ပြီး မြောင်းထဲကျသွားတယ်၊ဘုန်းကြီး ၂ ပါးနဲ့လူ ၂ ဦး ဒဏ်ရာရသွားတယ်”ဟု ဒေသခံအမျိုးသား ကပြောသည်။ တိမ်းမှောက်ခဲ့သည့်ကားတွင် ဒရိုင်ဘာနှင့် သံဃာတော် ၂ ပါးအပါအဝင် လေးဦး လိုက်ပါလာပြီး မောတောင်မှဆင်းလာသည့် ကားတွင်မူ ဒရိုင်ဘာ ၁ ဦးသာပါပြီး လူထိခိုက်မှုမရှိကြောင်း ဒေသခံတို့ကဆိုသည်။ “ကားခေါင်းတော့ ပျက်စီးသွားတယ်။ လူကတော့ နဲနဲပါးပါး ဒဏ်ရာရတာလောက်ပဲ စိုးရိမ်စရာတော့မရှိပါဘူး” […]

တနင်္သာရီ၊ ညောင်ပင်ကွင်းရွာတွင် အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး ဒဏ်ရာပြင်းထန်

diz_admin

March 15, 2023

မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်၊ အနောက်ညောင်ပင်ကွင်း ကျေးရွာတွင် မိုင်းနင်းမိပြီး အမျိုးသမီးတစ်ဦး အပြင်းအထန် ဒဏ်ရာရသွားကြောင်း ဒေသခံများ ထံမှသိရသည်။ မတ်လ ၁၄ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်က အနောက်ညောင်ပင်ကွင်းရွာရှိ ခမရ-၅၆၁ တပ်ရင်းအနီး သီဟိုဠ်ခြံအတွင်း သီဟိုဠ်စေ့ ဝင်ကောက်ချိန် မိုင်းနင်းမိပြီး အသက် ၅၀ အရွယ်အမျိုးသမီး တစ်ဦးခြေတောက်တွင် အပြင်းအထန် ဒဏ်ရာရှိခဲ့သည်ဟု ဒေသခံများ ကပြောသည်။ “တပ်ရင်းတစ်ရင်းလုံး ပတ်ပတ်လည်မှာမိုင်းထောင်ထားတာပါ။ ထိတာလည်း သူတို့တပ်ထဲက အမျိုးသမီးလို့သိရတယ်။ နာမည်တော့ သေချာမသိရသေးဘူး”ဟု ဟု ညောင်ပင်ကွင်းရွာနေ ဒေသခံအမျိုးသမီးက ပြောသည်။ မိုင်းနင်းမိပြီး ခြေတောက်တစ်ဖက် ပြတ်လုနီးပါးဒဏ်ရာရရှိသွားသည်ဟု ကြားရပြီး လက်ရှိတွင် မြိတ်စစ်ဆေးရုံသို့ တက်ရောက်ကုသနေကြောင်း ဒေသခံနောက်တစ်ဦး ကပြောသည်။ ညောင်ပင်ကွင်းကျေးရွာရှိ ခမရ-၅၆၁တပ်ကို ပြီးခဲ့သည့် မတ်လ ၇ […]

ပုလော ကဗျာရွာအနီး တိုက်ပွဲနှစ်ကြိမ်ဖြစ်ပြီး နှစ်ဖက်အကျအဆုံးရှိ

diz_admin

March 14, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကဗျာကျေးရွာအနီးတွင် တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ကျဆုံးမှုများရှိကြောင်း ပုလော ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) တပ်ရင်းက ယနေ့ မတ်လ ၁၄ရက် ညတွင် ထုတ်ပြန်သည်။ မတ်လ ၁၂ရက် ည ၆နာရီခန့်က ကဗျာရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ အမှတ် (၁) တပ်ရင်းအပါအဝင် မဟာမိတ်ပူးပေါင်းတပ်တို့ကြား ပထမအကြိမ်ထိတွေ့တိုက်ပွဲဖြစ်ပွား ကြောင်း ဖော်ပြသည်။ ယင်းနောက် ည ၇ နာရီခွဲတွင် ဒုတိယအကြိမ်နှစ်ဖက် တိုက်ပွဲထပ်မံဖြစ်ပွားကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ယင်းတိုက်ပွဲနှစ်ကြိမ်အတွင်း စစ်ကောင်စီတပ်ဘက်က အရာရှိ တစ်ဦးအပါအဝင် သုံးဦးသေဆုံးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက ရဲဘော် သုံးဦးနှင့် မဟာမိတ်တပ်ပေါင်းစုက ရဲဘော် နှစ်ဦးကျဆုံးသွားကြောင်း […]

ကဏန်းမဲဈေးထပ်တက်၊ တစ်ပိဿာ ကျပ်တစ်သောင်းခုနစ်ထောင်ဖြစ်လာ

diz_admin

March 14, 2023

မြိတ်ဒေသထွက် ကဏန်းမဲဈေးနှုန်းသည် မတ်လအစမှ စပြီး ထပ်တက်သဖြင့် တစ်ပိဿာလျှင် တစ်သောင်းခုနှစ်‌ထောင်ကျပ် ဖြစ်နေကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။ ယခင်က ဂဏန်းမဲ (ဆိုဒ်စုံ) တစ်ပိဿာလျှင် တစ်သောင်းသုံး‌ထောင်ကျပ်ရှိခဲ့ရာမှ ပြီးခဲ့သည့် ဒီဇင်ဘာလ လလည်ခန့်မှစပြီး တစ်ပိဿာလျှင် တစ်သောင်းကျပ်အထိ ထိုးကျခဲ့သည်။ ယင်းနောက် ဖေဖော်ဝါရီလမှစပြီး တစ်ပိဿာလျှင် ခြောက်ထောင်ကျပ်အထိ မြင့်တက်လာသည်။ ယခုမတ်လအစတွင် တစ်‌ထောင်ကျပ် ဈေးထပ်တက်လာကြောင်း ကဏန်းဖမ်းလုပ်ငန်းလုပ်ကိုင်သူအချို့က ပြောသည်။ “ခုဆို တစ်သောင်းခုနစ်ထောင်ဈေးပေါ့။ ကဏန်းဈေးကောင်းတော့ ကဏန်းက သိပ်မရပြန်ဘူး” ဟု အင်းလေးကမ်းရပ်နေ ကဏန်းဖမ်းလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောဆိုသည်။ ကဏန်းဈေးကောင်းနေဖြင့် ဆယ့်ငါးရက်တစ်ကြိမ် ကဏန်းဖမ်းလျှင် ကဏန်းကောင်ရရှိမှုအပေါ်မူတည်ကာ အများဆုံး ကျပ်ခြောက်သိန်းမှ အနည်းဆုံး လေးသိန်းကျပ် ရရှိနေကြောင်း ၎င်းက ဆိုသည်။ လေးသိန်းကျပ်ရရှိသည်ဆိုလျှင် နှစ်သိန်းကျပ်မှ နှစ်သိန်းငါးသောင်းကျပ်အထိ အမြတ်ကျန်ကြောင်း […]

လမ်းပေါ်တွင် နွားကိုရှောင်တိမ်းရာမှ ဘေးတွဲမှောက်ပြီး မောင်းသူသေဆုံး

diz_admin

March 14, 2023

မြိတ်မြို့နယ်၊ ပသောင်းကျေးရွာ လမ်းမကြီးပေါ်တွင်သွားနေသည့် နွားအား မတိုက်မိအောင် ရှောင်တိမ်းရာမှ ဘေးတွဲမှောက်ပြီး မောင်းသူသေဆုံးသွားကြောင်း ရွာသားများထံမှ သိရသည်။ မတ်လ ၁၃ ရက် ည ၆ နာရီခွဲခန့်က ပသောင်းကျေးရွာ ပြည်ထောင်စုလမ်းပေါ်တွင် ယင်းသို့ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဘေးတွဲမှာ လမ်းနံဘေးသို့ ထိုးကျတိမ်းမှောက်ခြင်းဖြစ်ကြောင်း ရွာသားများက ပြောသည်။ “သူ့ဘေးတွဲနဲ့ သူပြန်ဖိမိနေပြီး သေသွားတာပါ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ ဘေးတွဲဖိပြီး ဒဏ်ရာရရှိသဖြင့် အရေးပေါ်ကားဖြင့် မြိတ်ဆေးရုံသို့တင်ပို့စဉ် ပသောင်းကျေးရွာအုပ်စု၊ တက်လက်ငယ်ရွာ အရောက်တွင် သေဆုံးသွားကြောင်း ရွာသားများက ဆိုသည်။ “အခုဒီမနက်ကပဲ မြေမြှုပ်လိုက်ပါပြီ” ဟု ဒေသခံနောက်တစ်ဦးက ပြောသည်။ သေဆုံးသူသည် အသက် ၄၀ ကျော်အရွယ် ဦးနောင်ဖြူဖြစ်ပြီး ပသောင်းရွာတွင်နေထိုင်သူဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ စပါးရိတ်သိမ်းပြီးချိန် နွေရာသီတွင် […]

ဇင်းကျိုက်တွင် ရာအိမ်မှူးတစ်ဦး ပစ်သတ်ခံရ

diz_admin

March 14, 2023

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့ ဖလပ်ကျေးရွာက ရာအိမ်မှူးတစ်ဦး ယနေ့ မတ်လ ၁၄ ရက် နေ့လယ်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဇင်းကျိုက်မြို့၊ ဖလပ်ကျေးရွာ အမှတ် (၂) ရပ်ကွက်နေ အသက် ၅၀ ဝန်းကျင်အရွယ် ရာအိမ်မှူး ဦးကျော်စိုးမိုး (ခေါ်) စတီးရိုးဆိုသူ ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့ ပြောသည်။ ဦးကျော်စိုးမိုးသည် ဆိုင်ကယ်ဖြင့် ဥတ္တံတားကျေးရွာဘက်မှ ဇင်းကျိုက်မြို့ဘက်သို့ ရန်ကုန်-မော်လမြိုင် ကားလမ်းအတိုင်း မောင်းနှင်လာနေစဉ် အနောက်မှ လူနှစ်ဦးက ဆိုင်ကယ်ဖြင့်လိုက်လာပြီး သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း ဒေသခံများထံမှ သိရသည်။ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရမှုကြောင့် ဦးကျော်စိုးမိုးသည် ဝဲနားထင်၊ ဝဲဘက်ရင်အုံ၊ လည်ပင်းနှင့် ဝမ်းဗိုက် ကျည်ဖောက်ဝင် ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း […]

ထားဝယ်တွင် နှစ်ရက်အတွင်း ရွှေတစ်ကျပ်သား ကျပ်ခြောက်သောင်းအထိခုန်တက်

diz_admin

March 14, 2023

အခေါက်ရွှေဈေးမှာ နှစ်ရက်တာကာလအတွင်း တစ်ကျပ်သားလျှင် ငွေကျပ်ခြောက်သောင်းအထိ မြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် နှစ်ဆယ့်ရှစ်သိန်းနှစ်သောင်း (၂,၈၂၀,၀၀၀ ကျပ်) ဖြင့် ရက်အတန်ကြာ ဈေးငြိမ်နေခဲ့သည်။ ယင်းသို့ဈေးငြိမ်နေရာမှ မတ်လ ၁၃ ရက် (တနင်္လာနေ့) မှစကာ တစ်ကျပ်သားလျှင် ကျပ်သုံးသောင်းတက်လာပြီး ယနေ့တွင်လည်း ကျပ်သုံးသောင်းထပ်လာကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ထို့ကြောင့် မတ်လ ၁၄ ရက်နေ့ ထားဝယ်ဈေးကွက်အတွင်းပေါက်ဈေးအရ ရွှေတစ်ကျပ်သားလျှင် ၂၈၈၀၀၀၀ ကျပ် ဈေးဖွင့်ထားသည်။ ပြည်တွင်းရွှေဈေးမြင့်လာခြင်းမှာ ကမ္ဘာ့ရွှေဈေးတက်လာခြင်းကြောင့်ဖြစ်ကြောင်း ထားဝယ်မြို့မှ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။ လက်ရှိကမ္ဘာ့ရွှေပေါက်ဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၉၁၁ ပေါက်ဈေးရှိနေသည်။ ပြီးခဲ့သည့် သုံးရက်ကမူ တစ်အောင်စလျှင် ၁၈၆၇ ဒေါ်လာသာ ပေါက်ဈေးရှိသည်။ ထိုသို့ ဈေးတက်နေသော်လည်း ရောင်းအားဝယ်အားမှာ […]

ဘုန်းကြီးကျောင်းမုခ်ဦး ပြိုကျပြီး ယာဥ်မောင်းသေဆုံး

diz_admin

March 14, 2023

မြိတ်မြို့နယ်၊ကျောက်ဖျာကျေးရွာတွင် ဘုန်းတော်ကြီးကျောင်း မုခ်ဦးပြိုကျပြီး ယာဥ်မောင်းတစ်ဦး သေဆုံးသွားကြောင်း နာရေးကူညီမှုအသင်းနှင့် ဒေသခံများထံမှသိရသည်။ မတ်လ ၁၃ ရက်ညနေ ၄ နာရီခန့်က ကျောက်ဖျာကျေးရွာ၊ ရှင်ကဇိန်ဘုန်းတော်ကြီးကျောင်းမုခ်ဦး မြေသယ်ကား အနောက်ကိုယ်ထည်ဖြင့်ချိတ်မိပြီး ကားခေါင်းပေါ်ပြိုကျသဖြင့် ယာဥ်မောင်း သေဆုံးသွားသည်ခြင်းဖြစ်သည်။ “တင်ပါကိုမချမိပဲနဲ့ မေ့ပြီးမောင်းထွက်သွားရာမှာ မုဒ်ပေါက်နဲ့ချိတ်မိပြီး ကားပေါ်လာပြိုကျသွားတာပါ”ဟု လိုက်ပါကူညီပေးခဲ့သည့် နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူကပြောသည်။ မြေသယ်ယာဉ် နောက်ကိုယ်ထည်ကို ထောင်ကာမြေကြီးချအပြီးတွင် နောက်ကိုယ်ထည်ကိုပြန်မချဘဲ ထောင်ထားမိသဖြင့် အနောက်ကိုယ်ထည်နှင့် ချိတ်မိပြီး မုခ်ဦးတစ်ခုလုံး ကားခေါင်းပေါ် ပြိုကျသွားခြင်းဖြစ်သည်။ “လွတ်တယ်ထင်ပြီး မောင်းလိုက်တာလား။ ဒါမှမဟုတ် မေ့ပြီးမချမိတာလား နှစ်ခုမှာ တစ်ခုပဲ”ဟု ကျောက်ဖြာရွာနေ ဒေသခံတစ်ဦးကပြောသည်။ သေဆုံးသူသည် အသက် ၂၈ နှစ်အရွယ်ရှိ ချမ်းငြိမ်းအောင် ဖြစ်ပြီး ၎င်းမိသားစုရှိရာ ကျွန်းစုမြို့နယ်၊ကတ္တလူရွာသို့ သယ်ဆောင်သွားပြီဖြစ်ကြောင်း လိုက်ပါကူညီခဲ့သည့် နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူကပြောသည်။