ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဖောင်းတောရေအားလျှပ်စစ်စက်ရုံကိုသွားသည့် စစ်ကောင်စီအဖွဲ့ နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခံရ

Dawei Watch

June 22, 2023

ထားဝယ်အရှေ့တော‌ဒေသရှိ ဖောင်းတောရေအားလျှပ်စစ်စက်ရုံသို့ သွားသည့် စစ်ကောင်စီအဖွဲ့ကိုကော်သူးလေအာမီ-KTLA က နှစ်ရက်ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KTLA နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်အချို့က ပြောသည်။ ထားဝယ်မြို့မှ ဖောင်းတောသို့ သွားရောက်စဉ် ဇွန်လ ၂ဝရက် မွန်းလွဲ ၂နာရီခန့်က လမ်းခုလတ်ရှိ မိုင် ၄ဝတွင် တစ်ကြိမ်တိုက်ခိုက်ခဲ့ပြီး ဇွန် ၂၁ရက် နံနက်ပိုင်းတွင်လည်း မိုင် ၄ဝသို့ မရောက်မီ ဒုတိယအကြိမ် တိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ စစ်ကောင်စီတပ်ဖွဲ့က မြေသယ်ကားများဖြင့် လာခြင်းဖြစ်သလို ခြေလျင်စစ်ကြောင်းကလည်း နယ်မြေရှင်းလင်းသည့် ပုံစံဖြင့် လိုက်ပါလာကြောင်း KTLA မှ တာဝန်ရှိသူတစ်ဦးနှင့် ထားဝယ်စုပေါင်းစစ်ကြောင်းက တာဝန်ရှိသူ ကိုရေလှိုင်းတို့က ပြောဆိုသည်။ စစ်ကောင်စီတပ်နှင့်အတူ ဦးပိုင်ကုမ္ပဏီက တာဝန်ရှိသူများ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက အရာရှိများပါ […]

ကလိန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်ခံရ၊ လူအသွားအလာတိတ်ဆိတ်

Dawei Watch

June 22, 2023

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်ခံရကြောင်း မြို့ခံအချို့က ပြောသည်။ ကလိန်အောင်မြို့အတွင်းရှိ ရေး-ထားဝယ်ကားလမ်းမပေါ်တွင် ဇွန်လ ၂၁ရက်ည ၁၁ နာရီခန့်ကစပြီး ညသန်းခေါင်ကျော်အထိ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်သံများကြားရကြောင်း မြို့ခံတို့က ဆိုသည်။ “ည ၁၁နာရီလောက်က သေနတ်သံ ၂ချက် စကြားရတယ်။ ပြီးတာနဲ့ သေနတ်သံရော၊ လက်နက်ကြီးသံရော ည ၁ နာရီကျော်လောက်အထိ ဆက်တိုက်ကြားနေရတယ်။ အဓိကကြားရတာက ထွေအုပ်ရုံးနဲ့ စာသင်ကျောင်းဘက်က ကြားရတာ” ဟု ကလိန်အောင်မြို့ခံတစ်ဦးက ပြောဆိုသည်။ အထွေထွေအုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်ခံရခြင်းဖြစ်ပြီး ရုံးနံရံတွင် မီးလောင်ထားသည့်အရာများတွေ့ရကြောင်း မြို့ခံအချို့က ယနေ့ ဇွန်လ ၂၂ရက် နေ့လယ်ပိုင်းတွင် ပြောသည်။ ရေး-ထားဝယ် ကားလမ်းမပေါ်တွင်လည်း ကျည်ဆန်အခွံများ တွေ့ရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ အဆိုပါပစ်ခတ်တိုက်ခိုက်မှုကို မည်သည့်အဖွဲ့က […]

ထားဝယ်ပင်မသပိတ်စစ်ကြောင်း ဦးဆောင်သူတစ်ဦးဖြစ်သည့် မညိုမာဦး လွတ်ရက်စေ့သဖြင့်ပြန်လွတ်

Dawei Watch

June 22, 2023

စစ်ကောင်စီက ဖမ်းဆီးထောင်ချထားသည့် ထားဝယ်ပင်မသပိတ်စစ်ကြောင်း ဦးဆောင်သူ တစ်ဦးဖြစ်သည့် မညိုမာဦး(ခ)မညိုမာမှာ ယနေ့(ဇွန် ၂၂) မနက်ပိုင်းက ထားဝယ်အကျဉ်းထောင်မှ လွတ်ရက်စေ့သဖြင့် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်းသားကွန်ရက်က သတင်းထုတ်ပြန်သည်။ ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် မညိုမာဦးသည် ပင်မသပိတ်စစ်ကြောင်းကို ဦးဆောင်ပါဝင်ခဲ့သူ တစ်ဦးဖြစ်ပြီး ၂၀၂၁ ခုနှစ် မေလ ၂၉ ရက်ညပိုင်းက ထားဝယ်မြို့၊ ကျောက်မော်ကြီးရပ်ကွက်တွင် အခြားလူငယ်သုံးဦးနှင့်အတူ စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံခဲ့ရခြင်းဖြစ်သည်။ မညိုမာဦးကို စစ်ကောင်စီတပ်ဖွဲ့က ပုဒ်မ ၅၀၅(က)၊ ၅၀၅(ဂ)၊ ၁၉ (စ)တို့ဖြင့်တရားစွဲဆိုခဲ့ပြီး ထားဝယ်ထောင်တွင်းတရားရုံးက ထာင်ဒဏ် ၃ နှစ် ၆လ အမိန့်ချမှတ်ခဲ့ခြင်းလည်းဖြစ်သည်။ မညိုမာဦးနှင့် အတူဖမ်းဆီးခံခဲ့ရသည့် ကိုသူရဇော်၊ ကိုစိုးသက်ဇော်၊ ကိုခန့်ညီညီသန့်တို့သုံးဦးမှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မေလ ၂၁ ရက်က လွတ်ရက်စေ့ပြီး ပြန်လွတ်လာကြခြင်းဖြစ်သည်ဟု […]

ရေး-သံဖြူဇရပ်လမ်းပိုင်းတွင် အရပ်ဝတ်ဖြင့်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦးဖမ်းမိကြောင်းထုတ်ပြန်

Dawei Watch

June 22, 2023

မွန်ပြည်နယ်၊ ရေးမြို့နှင့် သံဖြူဇရပ်မြို့ကြား မော်လမြိုင်-ရေး-ထားဝယ် ကားလမ်းမတွင် အရပ်ဝတ်ဖြင့် ခရီးသည်တင်ကားတွင် လိုက်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးကို ဖမ်းမိကြောင်း အထူးစစ်ဆေးရေးတပ်ဖွဲ့ (S.O.F) က ဇွန်လ ၂၁ ရက်က ထုတ်ပြန်သည်။ မော်လမြိုင်-ရေး-ထားဝယ် အမှတ် (၈) ကားလမ်းမတစ်လျှောက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့တို့ စစ်ဆေးမှုများဆက်တိုက်ပြုလုပ်နေကြောင်း ဒေသခံနှင့် ကားသမားတို့ထံမှ သိရသည်။ ယင်းကားလမ်းမတစ်လျှောက်တွင် ဇွန်လ ၁၈ ရက်နေ့မှစတင်ကာ နေ့စဉ် စစ်ဆေးမှုများ ပြုလုပ်ပြီး စစ်ကောင်စီ တပ်သားများသွားလာမှုကို စောင့်ကြည့်နေသည်ဟု KNLA နှင့် PDF တို့ ပူးပေါင်းဖွဲ့ထားသည့် အထူးစစ်ဆေးရေးတပ်ဖွဲ့ (S.O.F) က ထုတ်ပြန်သည်။ ထိုသို့ စစ်ဆေးနေစဉ် ခရီးသည်အသွင်ဖြင့် မော်တော်ယာဉ်ပေါ် […]

ပုလော နှစ်ရက်တာတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦးကျဆုံး

Dawei Watch

June 22, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် ပြီးခဲ့သည့် နှစ်ရက်တာတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦး ကျဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက ထုတ်ပြန်သည်။ ပုလောမြို့နယ်၊ ပဝတ်ကုန်းကျေးရွာသို့ ဇွန်လ ၂၀ ရက်နေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်က စစ်ကြောင်း သုံးကြောင်း ထိုးကာ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားကြောင်း ဖော်ပြသည်။ အင်အား ၂၀၀ ပါ စစ်ကောင်စီစစ်တပ်နှင့် အနီးကပ်ထိတွေ့တိုက်ပွဲပြီး ဇွန်လ ၂၁ ရက် ည ၇နာရီအထိ အပြင်းအထန် အကြိမ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးအကြိမ်ရေ ရာနှင့်ချီပစ်ခတ်ခဲ့ကြောင်းလည်း ဖော်ပြပါရှိသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၁၀ ဦးသေဆုံးခဲ့ပြီး အလောင်းတစ်လောင်း ရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်ဘက်ကလည်း […]

ကော့သောင်းသို့ မှောင်ခိုပို့မည် ဆိုင်ကယ်နှစ်စီးကို ထိုင်းစစ်တပ်ဖမ်း၊ ပို့ဆောင်သူ မြန်မာနှစ်ဦးမြစ်ထဲခုန်ချထွက်ပြေး

Dawei Watch

June 22, 2023

ထိုင်း-မြန်မာနယ်စပ် ရနောင်းမြို့မှ ကော့သောင်းမြို့သို့ မှောင်ခိုပို့ဆောင်မည့် ဆိုင်ကယ်နှစ်စီးကို ထိုင်းတပ်မတော်က ဖမ်းဆီးခဲ့ပြီး ပို့ဆောင်သူ မြန်မာနိုင်ငံသားနှစ်ဦးမှာ မြစ်ထဲသို့ ခုန်ချကာ ထွက်ပြေးလွတ်မြောက်သွားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဇွန်လ ၂၁ရက် နံနက် ၁ဝနာရီက ရနောင်းခရိုင် ကရဘူရီဒေသတွင် ပါချန်မြစ်ကို ဖြတ်၍ မြန်မာနိုင်ငံ ကော့သောင်းမြို့ ဘက်သို့ ဆိုင်ကယ်များ တရားမဝင်ပို့ဆောင်နေသည့်သတင်းရသဖြင့် သွားရောက်စစ်ဆေးခဲ့သည်ဟုဆိုသည်။ ထိုင်း အမှတ် (၂၅) ခြေမြန်တပ်ရင်းက သွားရောက်စစ်ဆေးချိန် ရာမဟာ ဆိုင်ကယ်နှစ်စီးကို လှေဖြင့် ကော့သောင်းဘက်သို့ သယ်ယူရန်ပြင်ဆင်နေသော မြန်မာနိုင်ငံသားနှစ်ဦးကို တွေ့ရှိရကြောင်း သတင်းတွင် ရေးသားထားသည်။   ထိုင်းစစ်တပ်ကို မြင်ချိန်တွင် မြစ်ထဲသို့ခုန်ချ၍ ကော့သောင်းခရိုင် လုံးဖောကျေးရွာဘက်သို့ ကူးခတ်သွားကြောင်း‌ ဖော်ပြသည်။ ထိုင်း အမှတ် ၂၅ ခြေမြန်တပ်ရင်းက အင်ဂျင်ပါလှေတစ်စီးနှင့် […]

ကန်ချနဘူရီ ကား ၃ ဆင့်တိုက်မှုတွင် မြန်မာနိုင်ငံသား ၁ ဦးသေဆုံး

Dawei Watch

June 22, 2023

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် ကားသုံးစီးဆင့်တိုက်မှုဇွန်လ ၂၁ ရက်နေ့ ညပိုင်းတွင် ဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံသားတစ်ဦး သေဆုံးခဲ့ကြောင်း ကန်ချနဘူရီခရိုင်ရှိ ကယ်ဆယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ ည ၉ နာရီအချိန်ခန့်တွင် တိုယိုတာကား ၂ စီးနှင့် ဟွန်ဒါကားတစ်စီးသည် ကန်ချနဘူရီခရိုင် ထာ့မကားဒေသရှိ လမ်းဆုံတစ်နေရာတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိလာသောအခါ ယာဉ်တိုက်မှုကြောင့် ထိုင်းနိုင်ငံသား နှစ်ဦးနှင့် မြန်မာနိုင်ငံသားတစ်ဦး ဒဏ်ရာရရှိနေသည်ကို တွေ့ရှိခဲ့ရကြောင်း ဖော်ပြထားသည်။ ၎င်းတို့အနက် မြန်မာနိုင်ငံသားသည် ဒဏ်ရာရရှိမှု ပြင်းထန်ခဲ့သဖြင့် သေဆုံးသွားခဲ့သည်။ သေဆုံးသူ၏ အထောက်အထားကို စစ်ဆေးမှုအရ အသက် ၄၅ နှစ်အရွယ် ကိုဖိုးသားအမည်ရှိသော မြန်မာနိုင်ငံသားဖြစ်ကြောင်း ဖော်ပြထားသည်။ ကျန်ဒဏ်ရာရရှိသူနှစ်ဦးကို ကယ်ဆယ်ရေးအဖွဲ့များမှ အရေးပေါ်ကုသပေးခဲ့ပြီးနောက် မကားရက်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။ ယာဉ်တိုက်မှုကို အသေးစိတ်သိရှိနိုင်ရန်အတွက် ထာ့မကားရဲစခန်းက ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း‌ […]

တိုက်ပွဲကြောင့် နှစ်ရက်ဆက်တိုက်ပိတ်မိနေသည့် ကားများသွားခွင့်ရ

Dawei Watch

June 22, 2023

ပုလောမြို့နယ်အတွင်း ဖြစ်ပွားနေသည့်တိုက်ပွဲကြောင့် နှစ်ရက်တိတိပိတ်မိနေသည့် ကားများသွားခွင့်ရပြီဖြစ်ကြောင်း ခရီးသည်များနှင့် ကားသမားများထံမှသိရသည်။ ယင်းမြို့နယ်ရှိ ပဝတ်ကုန်းကျေးရွာတွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ ဇွန်လ ၂၀ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်မှစပြီး ၂၁ ရက်နေ့ ညပိုင်းအထိ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့သည်။ တိုက်ပွဲဖြစ်ခဲ့သည့် ပဝတ်ကုန်းရွာသည် ပလမြို့နှင့် ပုလောမြို့ကြားတွင်တည်ရှိပြီး မြိတ်-ရန်ကုန် ပြည်ထောင်စုလမ်းပေါ်တွင် တည်ရှိသည်။ တိုက်ပွဲဖြစ်နေသည့်အတွက် မြိတ်မြို့မှ ရန်ကုန်သို့ သွားသည့်ကားများ ပလမြို့တွင်ပိတ်မိနေခဲ့ပြီး ရန်ကုန်မှမြိတ်သို့ လာသည့် ကားများမှာ ပုလောမြို့အဝင်တွင် ပိတ်မိနေခဲ့ကြောင်း ကားသမားများ ကပြောသည်။ထိုသို့ ပိတ်မိနေသည့်ကားအစီးရေမှာ ရာချီရှိခဲ့သည်။ ယင်းနောက် ပစ်ခတ်မှုရပ်သွားသဖြင့် ယနေ့နံနက်တွင် ကားများသွားလာခွင့်ရပြီဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “ဒီမနက်ပဲ ရန်ကုန်တက်တဲ့ကားရော မြိတ်ဆင်းတဲ့ကားပါ အားလုံးသွားခွင့်ရသွားပြီ။တစ်ချို့ကားတွေဆို ပြန်ရောက်နေကြပြီ။နှစ်ရက်တိတိ ပိတ်မိသွားတာပေါ့”ဟု မြိတ်မြို့ရှိ ခရီးသည်တင်ယာဥ်လိုင်းတစ်ခု၏ […]