ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

သရက်ချောင်းတွင် စစ်ကြောင်းထိုးသည့် စစ်ကောင်စီတပ် နေအိမ်များရှိပစ္စည်းများကိုယူဆောင်သွားသည်ဟုဆို

Dawei Watch

June 20, 2023

သရက်ချောင်းမြို့နယ်ကို စစ်ကြောင်းထိုးသည့် စစ်ကောင်စီတပ်စစ်ကြောင်းက ဒေသခံများ၏ နေအိမ်များက ပစ္စည်းများကို ယူဆောင်သွားကြောင်း ဒေသခံတို့က ပြောသည်။ ဇွန်လ ၈ရက် နံနက်ပိုင်းမှ ၁၆ ရက်အထိ မင်းဒပ်၊ သိမ်ကုန်း၊ ကမြိုင်၊ ရငဲ၊ ကျောက်ခမောက်၊ ကျွဲမင်းကုန်း၊ ကနက်သီရိကျေးရွာများကို စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များပစ်ခတ်ကာ စစ်ကြောင်းထိုး ဝင်ရောက်လာသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ စစ်ကြောင်းဝင်ချိန် ဒေသခံများကို ဖမ်းဆီးခြင်း၊ နေအိမ်များကို မီးရှို့ခြင်းများ လုပ်ဆောင်ခဲ့သည့်အပြင် နေအိမ်များကို ဝင်ရောက်ရှာဖွေကာ ဒေသခံများ ပိုင်ဆိုင်သည့်ပစ္စည်းများကိုလည်း ယူဆောင်သွားကြောင်း ဒေသခံတို့က ဆိုသည်။   ကနက်သီရိကျေးရွာက ဒေသခံတစ်ဦး၏ ဖုန်းဆိုင် စစ်ကြောင်းဝင်ချိန်တွင် ဖောက်ထွင်းခံရကြောင်း ဆိုင်ပိုင်ရှင်နှင့် ဆွေမျိုးနီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။ ဖုန်းအသစ် အလုံးရေ ၄၀၀ ခန့်၊ […]

ရန်ပုံငွေအခက်အခဲကြောင့် ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ ဒုတိယအကြိမ်ယာယီရပ်နား

Dawei Watch

June 20, 2023

ထားဝယ်ခရိုင်တွင် အရေးပေါ်လူနာများကို အိမ်တိုင်ရာရောက်ကူညီသယ်ဆောင်ပေးနေသည့် ဇမ္ဗူသီရိအရေးပေါ် လူနာကူညီသယ်ဆောင်ရေးအဖွဲ့သည် ရန်ပုံငွေပြတ်တောက်သွားသည့်အတွက် ယာယီရပ်နားထားရကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ ဆက်လက်လည်ပတ်နိုင်ရန် ရန်ပုံငွေ မလုံလောက်တော့သည့်အတွက် ဇွန်လ ၁၀ ရက်နေ့မှစတင်ကာ ရပ်နားထားရကြောင်း ယင်းအဖွဲ့၏ ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်က ပြောသည်။ “ကျွန်တော်အဖွဲ့ရဲ့ လုပ်ငန်းသုံးငွေ ဘဏ်ထဲမှာ ကျပ်ရှစ်ထောင်ပဲရှိတော့တယ်” ဟု ၎င်းက ဆိုသည်။ အရေးပေါ်လူနာကူညီသယ်ဆောင်ပေးနိုင်ရန် စက်သုံးဆီဝယ်ယူနိုင်သည့် ငွေပမာဏ မရှိတော့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ “အခုဆိုရင်ကျွန်တော်တို့ ရုံးဖုန်းတွေပါ ပိတ်ထားလိုက်ရတယ်။ အဲဒီအတွက် စိတ်မကောင်းဘူး” ဟု ဦးနိုင်မျိုးသွင်က ပြောဆိုသည်။ ကျပ်တည်းနေသည့်ကာလမျိုးတွင် ပြည်သူလူထု၏ကျန်းမာရေးအတွက် အရေးပေါ်ဝန်ဆောင်မှု အမှန်တကယ်လိုအပ် နေသေးသောကြောင့် ပုံမှန်လှူဒါန်းပေးနေသည့်အလှူရှင်များကိုလည်း ကျေးဇူးတင်ကြောင်း ၎င်းက ဆိုသည်။ ရန်ပုံငွေများ ပြန်လည်ရရှိလာပါက အမြန်ဆုံးပြန်လည်ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။ […]

ထိုင်းနိုင်ငံမှာ ကမ္ဘာပေါ်တွင် လူကုန်ကူးမှု ဒုတိယအများဆုံး ဖြစ်ပွားသည့်နိုင်ငံဟု အမေရိကန်ထုတ်ပြန်

Dawei Watch

June 20, 2023

အမေရိကန် နိုင်ငံခြားရေးဌာနမှ ထုတ်ပြန်သော နောက်ဆုံးရ လူကုန်ကူးမှုအစီရင်ခံစာ (2023 TIP Report) တွင် လူကုန်ကူးမှု ဖြစ်ပွားမှုနှုန်းမြင့်မားသည့် နိုင်ငံများ စာရင်း တွင် ထိုင်းနိုင်ငံသည် ၎င်း၏ အဆင့် ၂ နေရာ ကို ဆက်လက်ထိန်းသိမ်းထားကြောင်း တွေ့ရှိရသည်။ ထိုင်းနိုင်ငံသည် အခြားသော နိုင်ငံပေါင်း ၁၀၄ နိုင်ငံနှင့်အတူ အမေရိကန်၏ လူကုန်ကူးခံရသူများ ကာကွယ်ရေးဥပဒေ (TVPA) တွင် ဖော်ပြထားသည့် အနိမ့်ဆုံးစံနှုန်းများနှင့် ပြည့်မီခြင်းမရှိကြောင်း၊ သို့သော်လည်း လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင်း ၎င်း၏ အရေးပါသော ကြိုးပမ်းအားထုတ်မှုများကို အသိအမှတ်ပြုကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ အဆိုပါ အစီရင်ခံစာတွင် ထိုင်းနိုင်ငံတွင် အိုင်တီအလုပ်တစ်ခုအတွက် အလုပ်ခေါ်ခြင်း ခံရသော်လည်း မြန်မာနိုင်ငံသို့ လူကုန်ကူးခံခဲ့ရသည့် အသက် ၂၀ အရွယ် […]

ထိုင်းတောင်ပိုင်း ကော့စမွေကျွန်းတွင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အမှတ်တရ ရန်ပုံငွေဘောလုံးပွဲကျင်းပ

Dawei Watch

June 19, 2023

ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွေကျွန်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ရန်ပုံငွေ ဘောလုံးပြိုင်ပွဲကို ယနေ့ (ဇွန် ၁၉) ည ၇ နာရီအချိန်ခန့်တွင် စတင် ကျင်းပခဲ့သည်။ ဘောလုံးပွဲမကျင်းပမီ ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအတ္ထုပတ္ထိကို ဗီဒီယိုဖြင့် ပြသခဲ့ပြီး တက်ရောက်လာကြသော မြန်မာနိုင်ငံသားများက “ခွန်အားဖြင့် မိငယ်” သီချင်းကို သံပြိုင်သီဆိုခဲ့ကြသည်။ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး ပြန်လည်လွတ်မြောက်စေရန်၊ ကျန်းမာရေးကောင်းမွန်စေရန်အတွက် မွေးနေ့ဆုမွန်ကောင်းတောင်း၍ မွေးနေ့သီချင်းကို သီဆိုခဲ့ကြသည်။ ယင်းအစီအစဉ်များအပြီးတွင် ဘောလုံးပွဲကို အုပ်စုများခွဲကာ ယှဉ်ပြိုင်ကစားကြပြီး အနိုင်ရရှိသည့် အသင်းများကို ဆုတံဆိပ်များ၊ ဆုဖလားများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ဘောလုံးပွဲ လာရောက်ကြည့်ရှု အားပေးသူများအား မုန့်ဟင်းခါးဖြင့် ကျွေးမွေးဧည့်ခံခဲ့ပြီး ဘောလုံးပွဲမှ ရရှိသော ရန်ပုံငွေများကို ပြည်တွင်းရှိ စစ်ဘေးရှောင် […]

ထားဝယ်အရှေ့တောဒေသတွင် ၂ ရက်ဆက်တိုက်ပွဲဖြစ်နေပြီး နှစ်ဖက်ကျဆုံးမှုများရှိ

Dawei Watch

June 19, 2023

ထားဝယ်မြို့နယ်၊ အရှေ့တောဒေသတွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။ ဇွန်လ ၁၅ ရက်က အင်အား ၁၅၀ ခန့်ရှိ စစ်ကောင်စီတပ်၏ ခြေလျှင်စစ်ကြောင်းနှင့် ယာဉ်တန်းသည် ထားဝယ်မှ ပကာရီ၊ ပခပ်၊ ရမ္မဇူ၊ လိပ်ကြယ်ပြောင်၊ သင်္ကန်းတုံး၊ ဝကုန်းရွာများဘက်သို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်ကာ စစ်ကြောင်းထိုးလာသည်ဟု ဒေသကာကွယ်ရေးတပ်နှင့် ဒေသခံများက ဆိုသည်။ ဇွန်လ ၁၆ ရက် ညနေ ၃ နာရီ ၁၅ မိနစ်ခန့်တွင် ပကာရီကျေးရွာအုပ်စု၊ မဲချောင်းကျေးရွာအနီး(၈မိုင်)တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းငယ်ကို ထားဝယ်စုပေါင်းစစ်ကြောင်းက ၄၀ မမ၊ ၆၀ မမ ဗုံးသီးများဖြင့် သွားရောက်ပစ်ခတ်ရာ ၁ နာရီကြာ နှစ်ဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်ဟု ထားဝယ်စုပေါင်းစစ်ကြောင်း၏ […]

မဲဆောက်တွင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် စုပေါင်းသွေးလှူ

Dawei Watch

June 19, 2023

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဆေးရုံကြီးတွင် မြန်မာနိုင်ငံသားများ စုပေါင်းသွေးလှူဒါန်းပွဲပြုလုပ်ကြသည်။ ယနေ့ ဇွန်လ ၁၉ ရက် နံနက် ၈ နာရီခွဲမှ နေ့လယ် ၁၂ နာရီအထိ ပြုလုပ်ကြကြောင်း ယင်းပွဲစီစဉ်သည့် Overseas Irrawaddy Association (OIA) အဖွဲ့ထံမှ သိရသည်။ သွေးလှူဒါန်းရာတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၊ အလုပ်သမားအဖွဲ့အစည်းများအပြင် ဒေါ်အောင်ဆန်းစုကြည်ကို လေးစားသော ထိုင်းနိုင်ငံသားများလည်း ပါဝင်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ အခမ်းအနားတွင် လူဦးရေ ၁၀၀ ခန့်မှာ သွေးလှူဒါန်းခဲ့ကြကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည် အသက် ၆၀ နှစ်ပြည့်ချိန်ကပင် အထိမ်းအမှတ်အဖြစ် သွေးလှူဒါန်းခြင်း၊ စကားဝိုင်းဆွေးနွေးခြင်း၊ အသိပညာပေးခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း OIA တာဝန်ရှိသူတစ်ဦးက ပြောသည်။ သို့သော်လည်း […]

မြိတ်တွင် ချိပ်ပိတ်ထားသည့်နေအိမ်ရှေ့၌ ဈေးမရောင်းရန် သတိပေးခံရ

Dawei Watch

June 19, 2023

မြိတ်မြို့ အလယ်ကျွန်းနယ်မြေ ပါရမီရပ်ကွက် ပေ ၆၀ လမ်းမကြီးပေါ်ရှိ စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းထားသည့် နေအိမ်ရှေ့တွင် ဈေးမရောင်းချရန် သတိပေးခံရကြောင်း ယင်းရပ်ကွက်နေသူအချို့က ပြောသည်။ အဆိုပါနေအိမ်ရှေ့ မျက်နှာစာတွင် ဒူးရင်းသီးများ လာရောက်ရောင်းချနေသည့် အမျိုးသမီးတစ်ဦးအား ‌ဈေးမရောင်းချရန် ဇွန်လ ၁၇ ရက်နေ့ ညဦးပိုင်းတွင် စစ်ကောင်စီဘက်က တာဝန်ရှိသူတို့ အရပ်ဝတ်ဖြင့် လာရောက် သတိပေးခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ “ကားနဲ့လာပြီး ဖယ်ခိုင်းသွားတာ။ ဒူးရင်းသီးရှင်က ဒီနားတဝိုက်က မဟုတ်ဘူး။ ရွာဘက်ကနေ လာရောင်းတာ ထင်တယ်။ ဒူးရင်းသီးတွေက အပုံလိုက်ကြီးနဲ့ ရောင်းနေတာ” ဟု ပါရမီရပ်ကွက်နေသူတစ်ဦးက ပြောသည်။ အဆိုပါနေအိမ်ရှေ့တွင် ဒူးရင်းသီးများ ရောင်း‌ချနေသည်မှာ သုံးရက်ခန့်ရှိပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။ ယင်းနေအိမ်မှာ မြိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင် […]

ထားဝယ်သပိတ်ကော်မတီ ဦးဆောင်သူ ကိုမင်းလွင်ဦး၏ဖခင် ရိုက်နှက်ဖမ်းဆီးခံရ

Dawei Watch

June 19, 2023

ထားဝယ်ခရိုင်သပိတ်ကော်မတီ ဦးဆောင်သူတစ်ဦးဖြစ်သည့် ကိုမင်းလွင်ဦး၏ဖခင် ဦးအောင်ဖေအား စစ်ကောင်စီတပ်က ယနေ့ ဇွန်လ ၁၉ ရက် နေ့လယ်ပိုင်းတွင် ရိုက်နှက်ဖမ်းဆီးသွားကြောင်း သပိတ်ကော်မတီက ထုတ်ပြန်သည်။ လောင်းလုံးမြို့နယ် ပြင်ထိန်ကျေးရွာရှိ နေအိမ်သို့ စစ်ကောင်စီတပ်က ကားလေးစီးဖြင့် ရောက်လာပြီး ရိုက်နှက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “သူတို့ဝင်ဖမ်းတဲ့အချိန်မှာ ဟိုးအရင်က ကျောင်းသားသမဂ္ဂ လက်ပတ်တစ်ခုတွေ့တယ်။ နှင်းဆီရောင် အမျိုးသမီးသဂ္ဂ အင်္ကျီကတစ်ထည်တွေ့တယ်ထင်တယ်။ ဘက်ထရီအိုးနှစ်လုံးဆက်တဲ့နေရာမှာသုံးတဲ့ ကြိုးတစ်ချောင်းလည်း ရှာထုတ်လာပြီးတော့ ဒီကြိုးက အိမ်မှာသုံးလို့ မရဘူးဆိုတာ မသိဘူးလားပြောပြီး ကျွန်တော့်အဖေကို ကန်တယ်လို့ ပြောတယ်။ အဲဒါနဲ့ ဖမ်းသွားတာပေါ့” ဟု ကိုမင်းလွင်ဦးက ပြောသည်။ ကိုမင်းလွင်ဦးသည် အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းမဖက်လူထုလှုပ်ရှားမှုကို အစဉ်တစ်စိုက် ဦးဆောင်လှုပ်ရှားနေသူတစ်ဦးဖြစ်ပြီး စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထားသူလည်း ဖြစ်သည်။ ကိုမင်းလွင်ဦး၏ ဖခင်မှာ သာမာန်လယ်သမားတစ်ဦးသာဖြစ်ပြီး […]