ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ပညစ်ရွာစစ်ဘေးရှောင်များ ရိက္ခာအခက်အခဲဖြစ်

diz_admin

March 11, 2023

လောင်းလုံးမြို့အနောက်ဘက်တောင်ကြောရှိ ပညစ်ရွာ စစ်ကြောင်းထိုးခံရပြီးနောက် တစ်ရက်အကြာတွင် ဒေသခံစစ်ဘေးရှောင်များ စားနပ်ရိက္ခာအခက်အခဲဖြစ်နေကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီတပ်သည် မတ်လ ၁၀ ရက် နံနက်ပိုင်းတွင် တိုက်ပွဲမဖြစ်ဘဲ ပညစ်ရွာကို လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ ပညစ်နှင့် တစ်ကမ်းတွင်တည်ရှိသည့် ကရင်ကြီးတွင်မူ မတ်လ ၆ရက်က ပျူစောထီးစခန်း တိုက်ခိုက်ခံရပြီးနောက် ပစ်ခတ်မှုများ ဖြစ်ခဲ့သည်။ မတ်လ ၁ဝရက် နံနက်တွင် စစ်ကောင်စီတပ် စစ်ကြောင်း ကုန်လမ်းရေလမ်းတို့မှ ပညစ်ရွာသို့ ရုတ်တရက်ဝင်ရောက် လာခြင်းဖြစ်သဖြင့် ဒေသခံများမှာ အဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့် ထွက်ပြေးခဲ့ရကြောင်း ဒေသခံတို့က ပြောသည်။ ထို့နောက်နေအိမ် ငါးလုံးအား မီးရှို့ခဲ့ပြီး ကုန်စုံဆိုင်အားလုံးနီးပါးကို ဖျက်ဆီးခဲ့ကာ ကုန်ခြောက်၊ အသုံးအဆောင် ပစ္စည်းများကိုလည်း ယူဆောင်သွားသောကြောင့် ဒေသခံများ ရိက္ခာအခက်အခဲဖြစ်နေကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ဆန်က […]

ကျွန်းစုတွင်တိုက်ပွဲ ဖြစ်ပွားထား၍ ပြည်သူများ ဂရုပြုသွားလာရန် ပြည်သူ့ကာကွယ်ရေးတပ်ထုတ်ပြန်

diz_admin

March 11, 2023

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ဘန္ဒနဲကျေးရွာတွင် မတ်လ ၉ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်နှင့် ပျူစောထီးပူးပေါင်းပါဝင်သည့် စစ်ကောင်စီ(ရေတပ်)တို့ တိုက်ပွဲဖြစ်ပွားထား၍ ဒေသခံများဂရုပြုသွားလာကြရန်  ကျွန်းစုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ယနေ့ထုတ်ပြန်လိုက်သည်။ ယင်းတိုက်ပွဲတွင် စစ်ကောင်စီပူးပေါင်းအဖွဲ့မှ ၃ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားမှုအရ သိရှိရသည်။ စစ်ကောင်စီတပ်က မတ်လ ၉ ရက်မွန်းလွဲ ၁၂ နာရီတွင် စစ်သင်္ဘောငယ် ၂ စီးနှင့် သားပေါက်လှေငယ်(သစ်သားလှေ) ၁ စီးဖြင့် ဘန္ဒနဲကျေးရွာအုပ်စု၊ သော်တောင်ငယ်ရွာနှင့် သံပြာရွာချောင်းရိုးအတွင်းသို့ ဝင်ရောက်လာပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်မှ ကြိုတင်စောင့်ဆိုင်းကာ စတင်ပစ်ခတ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စစ်ကောင်စီပူးပေါင်းတပ်များအား တိုက်ခိုက်ပြီးနောက် ပြည်သူ့ကာကွယ်ရေးတက်ဘက်မှ အထိအခိုက်ကျဆုံးမရှိဘဲ ပြန်လည်ဆုတ်ခွါခဲ့ကြောင်း ဆက်လက်ဖော်ပြထားသည်။ ယင်းထုတ်ပြန်ချက်တွင် ဘန္ဒနဲကျေးရွာအုပ်စု၊မြိုင်သာရွာနေ ခင်ချို ဆိုသူကိုလည်း ရှင်းလင်းခဲ့ကြောင်း […]

ကလိန်အောင်တွင် အမျိုးသမီးနှစ်ဦးအဖမ်းခံရ

diz_admin

March 10, 2023

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့တွင် အသက် ၂၀ ကျော်အရွယ် အမျိုးသမီးနှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ယနေ့ မတ်လ ၁၀ ရက် နေ့လယ်ပိုင်းတွင်တစ်ဦး၊ ညနေပိုင်းတွင် တစ်ဦး အဖမ်းခံရခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ အဖမ်းခံရသည့် အမျိုးသမီးနှစ်ဦးမှာ ကလိန်အောင်မြို့အနီး ဇင်းဘာရွာနှင့် ကျောက်ရှပ် (နွယ်လီ) ရွာတို့မှဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ “နေ့လယ်ပိုင်းမှာ ဖုန်းလာဝယ်တဲ့ တစ်ယောက်က ကလိန်အောင်တံတားထိပ်မှာ အဖမ်းခံလိုက်ရတယ်။ ညကျမှ နောက်တစ်ယောက်က သူ့အိမ်မှာ အဖမ်းခံရတယ်” ဟု ကလိန်အောင် မြို့ခံတစ်ဦးက ပြောဆိုသည်။ အဖမ်းခံရသည့် အကြောင်းအရင်းအပါအဝင် အသေးစိတ်အခြေအနေတို့ကို မသိရသေးပေ။ ကလိန်အောင်မြို့သည် ထားဝယ်-ရန်ကုန် ပြည်ထောင်စုလမ်းမပေါ်တွင်တည်ရှိပြီး ကလိန်အောင်တံတားတွင် စစ်ကောင်စီတပ်က စစ်ဆေးရေးဂိတ်ဖွင့်လှစ်ထားသည်။

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

diz_admin

March 10, 2023

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ မတ် ၄ ရက်နေ့မှ မတ် ၁၀ ရက်နေ့အထိ အမေရိကန်က ရုရှားကုမ္ပဏီပိုင် ဘိုရင်း ၇၃၇ လေယာဉ်ကို သိမ်းယူဖို့ ဝရမ်းထုတ် ယူကရိန်း ကျူးကျော်စစ်အတွက် တုံ့ပြန် ဒဏ်ခတ်တဲ့အနေနဲ့ ရုရှားရေနံကုမ္ပဏီတစ်ခုက ပိုင်ဆိုင်တဲ့ ဒေါ်လာ ၂၅ သန်းတန် ဘိုးအင်း ၇၃၇ လေယာဉ်တစီးကို သိမ်းဆည်းဖို့ အမေရိကန်တရားရေးဌာနက မတ်လ ၈ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ ခွင့်ပြုချက်မရှိဘဲ ရုရှားနိုင်ငံကို အမေရိကန်လုပ်လေယာဉ် ဝင်ရောက်တာကို တားမြစ်ထားတဲ့ အရေးယူပိတ်ဆို့မှုကို ကုမ္ပဏီက ချိုးဖောက်ခဲ့တယ်လို့ ပြောကြားခဲ့တာပါ။ ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ ရုရှားအပေါ် ပိတ်ဆို့အရေးယူတွေ စတင်အသက်ဝင်ချိန်ကစပြီး ဘိုရင်းလေယာဉ်ဟာ […]

ပညစ်ရွာတွင် နေအိမ်လေးလုံးထက်မနည်းမီးရှို့ခံရပြီး ရွာလုံးကျွတ်နီးပါးထွက်ပြေးနေရ

diz_admin

March 10, 2023

လောင်းလုံးမြို့နယ် ပညစ်ရွာတွင် ယနေ့ နေအိမ်လေးလုံးထက်မနည်း မီးရှို့ဖျက်ဆီးခံရပြီး ရွာလုံးကျွတ်နီးပါး အရေအတွက်အားဖြင့် ဒေသခံငါးရာကျော် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ မတ်လ ၁၀ ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်က ကုန်းလမ်း၊ ရေးလမ်းတို့မှ လက်နက်ကြီး လက်နက်ငယ်တို့ဖြင့် ပစ်ခတ်ဝင်ရောက်လာပြီးနောက် ဒေသခံများ၏ နေအိမ်လေးလုံးထက်မနည်းကို မီးရှို့ခဲ့ကြောင်း ၎င်းတို့က ပြောသည်။ ပညစ်ရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရုတ်တရက် စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောဆိုသည်။ မီးရှို့ခံရသည်နေအိမ်တို့မှာ ပညစ်ရွာသားများဖြစ်သည့် ဦးကြည်ဝင်း၊ ဒေါ်ပိုသန်း၊ ကိုဇော်ဦးနှင့် ဒေါ်စိန်နွဲ့တို့၏ နေအိမ်များဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “လောလောဆယ်တော့ (အိမ်) လေးလုံးပဲ အတည်ပြုနိုင်သေးတယ်” ဟု ၎င်းက ပြောဆိုသည်။ ယင်းအပြင် စစ်ကောင်စီတပ်က ပြန်လည်ထွက်ခွာရာတွင် လမ်းကြောင်းတစ်လျှောက်တွေ့ရသည့် ဒေသခံ ခုနစ်ဦးခန့်ကို […]

လယ်သစ်ရွာ လက်နက်ကြီးဖြင့်ပစ်ခတ်ခံရ၊ ကလေးငယ်တစ်ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရ

diz_admin

March 10, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးပြီး နောက်ထပ်အရပ်သား အမျိုးသား၊ အမျိုးသမီးရှစ်ဦး ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ နံနက် ၇ နာရီခွဲဝန်းကျင်တွင် တနင်္သာရီမြို့အနီး စစ်ကောင်စီအမြှောက်တပ်က လယ်သစ်အရှေ့ကမ်းရွာအား လက်နက်ကြီး ၁၃ ကြိမ် ပစ်ခတ်ပြီး သုံးလုံးသည် လူနေအိမ်အပေါ်ကျရောက်ပေါက်ကွဲကြောင်း ဒေသခံများက ပြောသည်။ “ကလေးက ရင်ဘတ်မှာထိပြီး ပွဲချင်းပြီးသေတာ။ ဒီနေ့မွန်းလွဲမှာပဲ (မြေ) မြှုပ်လိုက်ပြီးပြီ။ ကျန်တာတော့ အသက်ကြီးရွယ်အိုတွေ ထိတာများတယ်” ဟု လယ်သစ်ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ သေဆုံးခဲ့သည့် ကလေးငယ်၏မိဘများမှာ ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်နေပြီး အဖိုးအဖွားများနှင့် နေထိုင်သူဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ဒဏ်ရာရသူများတွင် အသက် ၆၀ ကျော်အရွယ် ဒေါ်သိန်းရီ၊ […]

ရေးရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ဝင်သိမ်းပြီးမီးရှို့လိုက်သည်ဟု ရေးဘီလူးအဖွဲ့ထုတ်ပြန်

diz_admin

March 10, 2023

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ရေးဘီလူးအဖွဲ့က မတ်လ ၁၀ ရက် နံနက်ပိုင်းက ဝင်ရောက်သိမ်းဆည်းပြီး မီးရှို့လိုက်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။ အာယုတောင်ကျေးရွာနှင့် စုံနံသာကျေးရွာအကြား ခံသင်းတံတားအနီးရှိ စစ်ကောင်စီတပ်စခန်းကို ယနေ့ နံနက် ၇ နာရီခန့်က ဝင်ရောက်သိမ်းဆည်းခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ အဆိုပါစခန်းတွင် စစ်ကောင်စီတပ်အင်အား ၁၅ ဦးခန့်ရှိပြီး ဝင်ရောက်သိမ်းဆည်းသည့်ဖြစ်စဉ်အတွင်း စစ်ကောင်စီဘက်က ခြောက်ဦးခန့် ထိခိုက်သေဆုံးနိုင်သည်ဟုလည်း ဆိုသည်။ “ထိခိုက်သေဆုံးမှုကတော့ ငါးဦး ခြောက်ဦးလောက်ပဲ အတည်ပြုနိုင်ခဲ့တယ်။ ကျန်တဲ့လူတွေကတော့ ထွက်ပြေးတယ်” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က အင်တာနက်လူမှုကွန်ရက်တွင် ရုပ်သံမှတ်တမ်းဖြင့် ပြောဆိုထားသည်။ တပ်စခန်းကို သိမ်းဆည်းနိုင်ခဲ့သော်လည်း လက်နက်များ သိမ်းဆည်းရမိခြင်း မရှိခဲ့ကြောင်း ဆိုသည်။  ရေးဘီလူဘက်ကမူ အထိအခိုက်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း ပြောဆိုထားသည်။ “လက်နက်ကို ကောက်ဖို့ အဆင်မပြေဘူး။ […]

စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု လောင်းလုံးတွင်ပြုလုပ်

diz_admin

March 10, 2023

ထားဝယ်ခရိုင် လောင်းလုံးမြို့ပေါ်တွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)က ဦးဆောင်၍ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုကို ယနေ့(မတ် ၁၀) တွင်ပြုလုပ်ခဲ့သည်။ Photo – DDMSC