တနင်္သာရီတွင် သုံးရက်မြောက်တိုက်ပွဲဆက်ဖြစ်
Dawei Watch
June 19, 2023မြိတ်ခရိုင်တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ ယနေ့ဆိုလျှင် သုံးရက်ရှိပြီဖြစ်ကြောင်း ဒေသခံများ ထံမှသိရသည်။ တနင်္သာရီမြို့နယ်၊သမီးလှရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် အင်အား ၈၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့အကြား ဇွန်လ ၁၇ ရက်နှင့် ဇွန်လ ၁၈ ရက်တို့တွင် တိုက်ပွဲဖြစ်ပွါးခဲ့ပြီး ယနေ့ဇွန်လ ၁၉ ရက်နေ့တွင်လည်း ထပ်မံဖြစ်ပွါးနေသည်ဟု ဒေသခံများ ထံမှသိရသည်။ “ဒီနေ့လည်း နံနက် ၈ နာရီလောက်မှာ တစ်ကြိမ်ဖြစ်သေးတယ်။ အသေအပျောက်တော့ မကြားရသေးဘူး”ဟု ဒေသခံအမျိုးသား ကပြောသည်။ ယနေ့နေ့လယ်တွင်လည်း နှစ်ဖက်ထိတွေ့ပစ်ခတ်မှုထပ်မံဖြစ်ပွားနေပြီး ဗောဓိကမ်းကျေးရွာစစ်ကောင်စီတပ်မှလည်း လက်နက်ကြီးများဖြင့် ပစ်ကူပေးနေသည်ဟုဒေသခံများ ကပြောသည်။ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘန်လင်ရွာဒေသခံအမျိုးသမီးကြီးတစ်ဦးလည်း ဦးခေါင်းဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများ ကဆိုသည်။ ဇွန်လ ၁၇ ရက်နေ့ သမီးလှအရှေ့ရွာအနီးတွင် ၆ […]


