ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

June 16, 2023

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇွန်လ ၁၀ ရက်နေ့မှ ဇွန်လ ၁၆ ရက်နေ့အထိ ဂျပန်မှာ ဟယ်ရီပေါ်တာဥယျာဉ် ဖွင့်လှစ် ဂျပန်နိုင်ငံမှာ ဟယ်ရီပေါ်တာဥယျာဉ်ကို ဇွန်လ ၁၆ ရက်နေ့တွင် စတင်ဖွင့်လိုက်ပါတယ်။ စတင်ဖွင့်လှစ်လှစ်ချင်း လက်မှတ်တွေက အကုန် ရောင်းကုန်သွားခဲ့တာပါ။ လက်မှတ်ဈေးနှုန်းကတော့ လူကြီးတွေအတွက် ၄၄ ဒေါ်လာနဲ့ ညီမျှတဲ့ ယန်း ၆၃၀၀ ကနေစပြီး ကလေးတွေအတွက် ယန်း ၃၈၀၀ သတ်မှတ်ထားပါတယ်။ ဟယ်ရီပေါ်တာ ဇတ်လမ်းထဲက ဟော့ဝပ်မှော်ကျောင်းတော်၊ လှို့ဝှက်ခန်းမဆောင်တွေနဲ့ ဇာတ်ဝင်ခန်းနေရာတွေကို လေ့လာကြည့်ရှုနိုင်တော့မှာ ဖြစ်ပါတယ်။ အထဲမှာ ဟယ်ရီပေါ်တာ အမှတ်တရပစ္စည်းတွေကိုလည်း ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဒီဥယျာဉ်ကို ၂၀၂၀ ကပိတ်သွားတဲ့ တိုကျိုမြို့က […]

သရက်ချောင်း ကနက်သီရိရွာသားများ စစ်ဘေးရှောင်နေစဉ် နေအိမ်အချို့ဖောက်ထွင်းခံရ

Dawei Watch

June 16, 2023

သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာတွင် ဒေသခံများ စစ်ဘေးရှောင်နေကြစဉ် နေအိမ်အချို့ ဖောက်ထွင်းခိုးယူခံရကြောင်း ဒေသခံများထံမှ သိရသည်။ ဇွန်လ ၈ ရက်နေ့တည်းက သရက်ချောင်းမြို့နယ် ကမြိုင်၊ ရငဲ၊ ကျောက်ခမောက်၊ ကျွဲမင်းကုန်း၊ ကနက်သီရိကျေးရွာ များကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးသဖြင့် ဒေသခံများ ရွာလုံးကျွတ်နီးပါး ထွက်ပြေးနေကြရသည်။ ဇွန်လ ၁၃ ရက်က စစ်ကောင်စီတပ်များ ပြန်ထွက်သွားပြီးနောက် လူမရှိသည့် စစ်ဘေးရှောင်များ၏ နေအိမ်ငါးလုံးခန့် ဖောက်ထွင်းခံထားရကြောင်း ယင်းကျေးရွာမှ စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ နေအိမ်ဖောက်ထွင်းသူများကို ဒေသခံရွာသားအချို့နှင့် PDF တပ်ဖွဲ့က ရှာဖွေဖမ်းဆီးရာ ဖောက်ထွင်းခိုးယူခဲ့သူ ဒေသခံ ခြောက်ဦးကို ဖမ်းမိပြီး ယင်းအနက်နှစ်ဦးကို ခိုးရာပါ ပစ္စည်းများနှင့်အတူ ဖမ်းမိခဲ့သည်ဟု ၎င်းက ဆိုသည်။ “သူတို့က လူလစ်တုန်း ဝင်လုပ်တာပေါ့နော်။ […]

ဖမ်းထားသည့် မီးသတ်တပ်ဖွဲ့ဝင်နှစ်ဦး၊ ဗိုလ်ကြီးတစ်ဦး၏ဇနီးနှင့် ကလေးတို့ကို PDF ပြန်လွှတ်ပေးဟုဆို

Dawei Watch

June 16, 2023

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာအုပ်စု၊ ဘန်လောလမ်းဆုံတွင် ဖမ်းမိထားသည့် မီးသတ်တပ်ဖွဲ့ဝင်နှစ်ဦး၊ စစ်ကောင်စီတပ်က ဗိုလ်ကြီးတစ်ဦး၏ ဇနီးနှင့် ကလေးတို့အား ပြည်သူ့ကာကွယ်ရေးတပ်က ပြန်လွှတ်ပေးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်နှင့် နီးစပ်သူများထံမှ သိရသည်။ မြိတ်မြို့မှ အရံမီးသတ်တပ်ဖွဲ့ဝင်နှစ်ဦး၊ ညောင်ပင်ကွင်းအခြေစိုက် (၅၆၁) တပ်ရင်းမှ ဗိုလ်ကြီးတစ်ဦး၏ ဇနီးနှင့် ကလေးတို့ကို ဇွန်လ ၁၄ ရက်က ဘန်လောလမ်းဆုံ PDF စစ်ဆေးရေးဂိတ်တွင် ဖမ်းမိခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ ဗိုလ်ကြီး၏ ဇနီးသည်မှာ မြိတ်မြို့မှ ညောင်ပင်ကွင်းတပ်ရင်းသို့အလာတွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ၎င်းတို့ လေးဦးစလုံးကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်နှင့် နီးစပ်သူအမျိုးသားတစ်ဦးက ပြောဆိုသည်။ “ဗိုလ်ကြီးမိန်းမက နို့စို့အရွယ်ကလေးနဲ့ဆိုတော့ ဒီကနေ့ မနက်က ပြန်လွှတ်လိုက်တယ်။ မီးသတ်နှစ်ယောက်ကိုလည်း ခံဝန်ချက်တွေ ထိုးခိုင်းပြီး မနေ့ကတည်းက ပြန်လွှတ်ပေးခဲ့တယ်လို့ သိရတယ်” […]

သရက်ချောင်း စစ်ကောင်စီ ကာကင်းစခန်းကို PDF များ သိမ်းပိုက်ပြီးမီးရှို့

Dawei Watch

June 16, 2023

သရက်ချောင်းမြို့ အရှေ့မြောက်ဘက် ၂ မိုင်ခန့်အကွာတွင်ရှိသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့၏ ကာကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်-PDF ပူးပေါင်းတပ်ဖွဲ့များက ဇွန်လ ၁၂ ရက် မွန်းလွဲပိုင်းတွင်သိမ်းယူပြီး မီးရှို့လိုက်ကြာင်း ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့က ထုတ်ပြန်သည်။ အဆိုပါစခန်းတွင် ပျူစောထီးနှင့် စစ်ကောင်စီတပ်သား တစ်ဆယ်ကျော် နေထိုင်တပ်စခန်းချထားခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။ “ပျူစောထီးစခန်း ရှိနေတာတော့ ကြာနေပြီ။ ကျွန်တော်တို့ ဆင်းချသွားတဲ့အချိန်မှာ သူတို့က ကျွန်တော်တို့ကိုလည်း ပြန်မပစ်ဘူး။ သူတို့က ကျွန်တော်တို့ကို မြင်တာနဲ့ ပြေးသွားတယ်။ ကျွန်တော်တို့ တက်ဝိုင်းတဲ့အချိန်မှာလေ။ အပြန်အလှန်ပစ်ခတ်မှုတော့ မဖြစ်ဘူးပေါ့” ဟု ၎င်းက ဆိုသည်။ စခန်းတွင် စကားပြောစက် ၂ လုံးနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ပြီး ကာကင်းစခန်းကိုမူ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ကာကင်းစခန်း ဝင်ရောက်စီးနင်းမှုတွင် […]

ဦးထွန်းမင်းလတ်နှင့် လုပ်ဖော်ကိုင်ဖက်သုံးဦးကို ရုံးထုတ်၊ စခန်းမှူးကို သက်သေအဖြစ်စစ်မေး

Dawei Watch

June 16, 2023

မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ငွေကြေးခဝါချမှုများဖြင့် ဖမ်းဆီးခံထားရသော ဟိုတယ်ထားဝယ်ပိုင်ရှင် ဦးထွန်းမင်းလတ်နှင့် လုပ်ဖော်ကိုင်ဖက်သုံးဦးကို ဇွန်လ ၁၅ ရက်နေ့က ရာ့ချဒါတရားရုံးတွင် ရုံးထုတ်စစ်ဆေးသည်။ ၎င်းတို့ကို ဖမ်းဆီးခဲ့သော ဖယာထိုင်းရဲစခန်းမှူး ဒုတိယဗိုလ်မှူးကြီးတစ်ဦးကို တရားရုံးက ပထမဆုံးသက်သေအဖြစ် နံနက်မှ ညနေအထိ ရှစ်နာရီခန့်ကြာအောင် စစ်ဆေးမေးမြန်းခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မြန်မာစစ်ကောင်စီ လက်နက်ပွဲစားဟုဆိုသူ ခရိုနီ ဦးထွန်းမင်းလတ်နှင်အတူ လုပ်ဖော်ကိုင်ဖက်ဖြစ်သည့် ထိုင်းအထက် လွှတ်တော်အမတ် ဥပကစ်၏ သားမက်ဖြစ်သူနှင့် အတွင်းရေးမှူးနှစ်ဦးတို့ကို တရားရုံးထုတ်ခြင်းဖြစ်သည်ဟု ဆိုသည်။ မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ငွေကြေးခဝါချမှုနှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများအတွက် ၎င်းတို့ကို တရားခွင်တွင် အသေးစိတ် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။ ဖယာထိုင်းရဲစခန်းမှူးက ၎င်းကိုယ်တိုင်သည် မူးယစ်ဆေးဝါးအမှု ၃၀ မှ ၄၀ ခန့်အထိ ဖမ်းဆီးခဲ့ပြီး မူးယစ်ဆေး ထုတ်လုပ်သူအများစုမှာ မြန်မာ၊ […]

စစ်ရေးအရှိန်မြင့်လာ၍ ခရီးသွားများ သတိပြုရမည့်အချက်များ ရေးပကဖထုတ်ပြန်

Dawei Watch

June 16, 2023

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်ရေးအရှိန်မြင့်တက်လာနေသည့်အတွက် ပြည်သူများအနေဖြင့် မလိုအပ်ဘဲ ခရီးမသွားကြရန်နှင့် မဖြစ်မနေခရီးသွားရပါက လိုက်နာရမည့် အချက်များကို ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်လိုက်သည်။ ရေးပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ဗိုလ်ကျန်ရစ်က ပြည်သူများအနေဖြင့် မလိုအပ်ဘဲ ခရီးမသွားကြရန်နှင့် မဖြစ်မနေခရီးသွားရပါက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ တားစီးစစ်ဆေးသည့်အခါ ကြည်ဖြူစွာ လက်ခံပေးရန် ဇွန်လ ၁၅ ရက်နေ့က ထုတ်ပြန်ပြောဆိုထားသည်။ အရေးပေါ်လူနာတင်ယာဥ်များ အနေဖြင့်လည်း ညပိုင်းတွင် အရေးပေါ်မှအပ သွားလာခြင်းမပြုရန်နှင့် မော်လမြိုင်သို့ ဆန်တက်ပြီး ညအချိန်မတော် ပြန်ဆင်းလာခြင်းမျိုးမလုပ်ရန်၊ ၁ နာရီ ၈၀ ကီလိုမိုင်ထက် ပိုမမောင်းရန်လည်း မေတ္တာရပ်ခံထားသည်။ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ (၆) ကလည်း ဇွန်လ ၁၅ ရက်နေ့မှစပြီး မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ထားဝယ်၊ […]

သရက်ချောင်း ရငဲရွာက နေအိမ်များကို စစ်ကောင်စီတပ် မီးရှို့

Dawei Watch

June 16, 2023

သရက်ချောင်းမြို့နယ် ရငဲကျေးရွာ အင်းဘူးပိုင်းရှိ နေအိမ်များကို စစ်ကောင်စီတပ်က ယနေ့ ဇွန်လ ၁၆ ရက် နံနက် ၉ နာရီခန့်မှစပြီး မီးရှို့နေကြောင်း ဒေသခံအချို့က ပြောသည်။ စစ်ဘေးရှောင်နေရသဖြင့် ရွာထဲလူမရှိတော့ချိန် စစ်ကောင်စီတပ်က ရွာထဲဝင်လာပြီး နေအိမ်များကို မီးရှို့နေခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ ယနေ့ နံနက် ၁၀ နာရီကျော်အထိ ရွာထဲတွင် မီးခိုးလုံးများထွက်ပေါ်နေသည်ကို အဝေးကလှမ်းမြင်နေရကြောင်း ဒေသခံစစ်ဘေးရှောင်တစ်ဦးက ပြောဆိုသည်။ ရငဲရွာအနီး မြွေတောင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် ယနေ့နံနက်တွင် လက်နက်ကြီးတစ်ချက် ပစ်ပြီးနောက် ရငဲရွာထဲ ဝင်လာခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ “အင်းဘူးထဲရောက်တော့ အိမ်တွေကို မီးစရှို့တာပဲ။ လောလောဆယ် အဝေးက မီးခိုးလုံးတွေကိုကြည့်ပြီး မှန်းကြည့်တာကတော့ အနည်းဆုံး အိမ်သုံးဆောင်လောက်တော့ ရှို့ခံထားရတယ်လို့ထင်တယ်ဗျ။ မီးခိုးတွေက ဟိုနေရာကထွက်လာ […]

နိုင်ငံတွင်း လုံခြုံရေးစိုးရိမ်မှုကြောင့် AirDrop နှင့် Bluetooth တို့ကို ပိတ်ပင်ရန် တရုတ်ကြိုးပမ်း

Dawei Watch

June 16, 2023

တရုတ်နိုင်ငံ၏ ဆိုက်ဘာဝန်းကျင်ဆိုင်ရာ ထိန်းချုပ်ကွပ်ကဲရေးဌာနသည် အမျိုးသားလုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကြောင့် Bluetooth နည်းပညာ နှင့် Apple ၏ AirDrop ကဲ့သို့သော ဖိုင်မျှဝေခြင်းဆိုင်ရာ လုပ်ဆောင်ချက်များကို တားစီးပိတ်ပင်ရန် ကြိုးပမ်းနေကြောင်း သိရသည်။ ဇွန်လ (၆)ရက်နေ့တွင် အဆိုပါ ဆိုက်ဘာဝန်းကျင်ဆိုင်ရာ ထိန်းချုပ်ကွပ်ကဲရေးဌာနသည် တစ်လကြာ အများပြည်သူဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုကို စတင်ခဲ့ပြီး Bluetooth၊ Wi-Fi နှင့် အခြားသော အကွာအဝေးတို ကြိုးမဲ့ဆက်သွယ်ရေးဆိုင်ရာ စည်းမျဉ်းမူကြမ်းများ ကို ထုတ်ပြန်ခဲ့သည်။ ဤသို့ အဆိုပြုထားသော စည်းမျဉ်းများသည် နိုင်ငံတော်လုံခြုံရေးနှင့် လူမှုရေးဆိုင်ရာ ပြည်သူ့အကျိုးစီးပွားကို ထိန်းသိမ်းရန် ရည်ရွယ်ထားကြောင်း ယင်းဌာနက ဆိုသည်။ ယင်း  စည်းမျဉ်းများနှင့်ပတ်သက်၍ ပြည်သူများအနေနှင့် ဇူလိုင် ၆ ရက်အထိ ၎င်းတို့၏ သဘောထားမှတ်ချက်ကို ပေးနိုင်ကြောင်း သိရသည်။ ဤမူကြမ်းတွင် နည်းပညာဝန်ဆောင်မှုပေးသူများအနေနှင့် ဤသို့သော […]