ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

သဘော့ဆိပ်ရွာထဲ လက်နက်ကြီးကျ ၊ဒေသခံများထွက်ပြေး

diz_admin

March 6, 2023

လောင်းလုံးမြို့နယ် သဘော့ဆိပ်ရွာအနီး ယနေ့ ‌(မတ် ၆) နေ့လယ်ပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ သဘော့ဆိပ်ရွာ၏‌အရှေ့ဘက်တောင်ကြောနှင့် ပင်လယ်ဘက်မှ နှစ်ဖက်ညှပ်ပြီး ပစ်ခတ်နေခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။ “ကျွန်မတို့အိမ်ခေါင်းပေါ် လာကျတယ်။ အခု ရွာသားတော်တော်များများ ထွက်ပြေးကုန်ကြပြီ”ဟု ၎င်းကပြောသည်။ ယနေ့ မနက်စောစောပိုင်းက ကရင်ကြီးရွာတွင် ပျူစောထီး၊ စစ်ကောင်စီပူးပေါင်းတပ်နှင့် ပြည်သူကာကွယ်ရေးတပ်တို့ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ ယင်းနောက် စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့က ကုန်းရေ နှစ်ဖက်ညှပ်၍ လက်နက်ကြီးဖြင့် ပစ်ကူပေးနေခြင်းဖြစ်ပြီး အဆိုပါလက်နက်ကျည်ဆန်များ ကျေးရွာအနီး ကျရောက်ပေါက်ကွဲနေသည့်အတွက်ကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးနေကြခြင်းဖြစ်သည်။ “ကားတွေနဲ့ရော ဆိုင်ကယ်တွေနဲ့ရောပဲ ထွက်ပြေးကုန်ကြပြီ”ဟု ဒေသခံနောက်တစ်ဦးက ပြောသည်။ နှစ်ဖက်ထိခိုက်ကျဆုံးမှုနှင့် အရပ်သားထိခိုက်ဒဏ်ရာ ရရှိမှုအခြေနေကို မသိရသေးပေ။

ပုလောမြို့အနီး ရွာနှစ်ရွာတွင်တိုက်ပွဲဖြစ်၊ အခြားရွာနှစ်ရွာတွင်လည်း ဒေသခံနှစ်ဦးပစ်သတ်ခံရ

diz_admin

March 5, 2023

မြိတ်ခရိုင် ပုလောမြို့အနီး ကျေးရွာနှစ်ရွာတွင် ယနေ့ တိုက်ပွဲဖြစ်ပွားပြီး နောက်ထပ်ကျေးရွာနှစ်ရွာတွင်လည်း ဒေသခံနှစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ ပုလောမြို့အနီးရှိ ပုလောကုန်းရွာနှင့် နန်းပရုပ်ကျေးရွာတို့တွင် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟုဆိုသည်။ ယနေ့ နံနက် ၆ နာရီခွဲခန့်က နန်းပရုပ်ရွာအနီးတွင် စစ်ကောင်စီတပ်ကားတစီး မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် နှစ်ဖက်ပစ်ခတ်မှုများ ဖြစ်ပွားကြောင်း ဒေသခံအချို့က ပြောသည်။ “နှစ်ဖက်အပြန်အလှန်ပစ်ခတ်ခဲ့ကြသေးတယ်လို့ မြင်ရသူတွေပြန်ပြောတယ်။ ထိခိုက်မှုတော့ မသိရသေးဘူး” ဟု ပုလောဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ ယင်းအပြင် ယနေ့ နေ့လယ်ပိုင်းတွင်လည်း ပုလောကုန်းကျေးရွာတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများက ဆိုသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပုလောကုန်းရွာရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ယင်းတိုက်ခိုက်မှုတွင် ပုလောကုန်းရွာက ပျူစောထီးခေါင်းဆောင် ဦးကုလားနီ သေဆုံးသည်ဟု သတင်းထွက်နေကြောင်း ၎င်းက ဆိုသည်။ တိုက်ပွဲဖြစ်နေချိန် […]

စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်ပြုလုပ်

diz_admin

March 5, 2023

Dawei Watch၊ မတ် ၅ ထားဝယ်ခရိုင်၊ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)မှ လောင်းလုံးမြိုနယ်အတွင်းရှိ ကျေးရွာတစ်ရွာ၌ ယနေ့ညပိုင်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်ပြုလုပ်ခဲ့သည်။ ယင်းလှုပ်ရှားမှုတွင် စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ကြရန် ရည်ရွယ်၍ “စစ်ကျွန်ဘဝ လွတ်မြောက်ဖို့၊ ဖက်ဆစ်ရွေးကောက်ပွဲ တိုက်ဖျက်စို့” ဘန်နာနှင့် ပြုလုပ်ခဲ့ကြသည် ဓာတ်ပုံ – DDMSC

လောင်းလုံးတွင် လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်

diz_admin

March 5, 2023

Dawei Watch၊ ဖေဖော်ဝါရီ ၅ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)က ဦးဆောင်ပြီး လောင်းလုံးမြိုနယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုကို ယနေ့ (မတ် ၅)တွင်လည်း ပြုလုပ်ခဲ့ကြသည်။ လောင်းလုံးမြို့နယ်တွင် စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး အကြမ်းမဖက် လူထုသပိတ်ကို အာဏာသိမ်းပြီး ချိန်မှစတင်ကာ ယနေ့အထိ ကျင်းပပြုလုပ်နေခြင်းဖြစ်ရာ မြန်မာနိုင်ငံတွင် အရှည်ကြာဆုံး လူထုသပိတ်တစ်ခုလည်း ဖြစ်သည်။ ဓာတ်ပုံ – DMSCD

ထားဝယ်နှင့် မြိတ်တွင် မီးသွေးဈေး နှစ်ဆခုန်တက်

diz_admin

March 5, 2023

ထားဝယ်နှင့် မြိတ်တို့တွင် မီးသွေးဈေး နှစ်ဆခုန်တက်သွားကြောင်း မီးသွေးရောင်းဝယ်နေသူများနှင့် အိမ်ထောင်ရှင်မများထံမှ သိရသည်။ ထားဝယ်ခရိုင်တွင် အရည်အသွေးကောင်းသည့် ဒေသအခေါ် ပျူးမီးသွေးမှာ ပြီးခဲ့သည့် အောက်တိုဘာလအထိ တစ်အိတ်လျှင် ကျပ် ၃၈၀ဝမှ ၄၀၀၀ ခန့်သာ ဈေးပေးရသော်လည်း ယခုကာလတွင် ကျပ် ၇၅၀ဝမှ ၈၀၀၀ ခန့်အထိ ဈေးတက်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ အရည်အသွေးညံ့သည့် ရိုးရိုးမီးသွေး တစ်အိတ်လျှင် ယခင်က ၃၅၀၀ ကျပ်ခန့်သာရှိသော်လည်း ယခု ဖေဖော်ဝါရီလကုန်အထိ ၅၅၀၀ ကျပ် ဈေးရှိကြောင်း သိရသည်။ ပျူးမီးသွေးအပေါ့သားနှင့် အခြားမီးသွေးရောနှောထားသည့် (အရည်အသွေး အလတ်စား) အိတ်အပြည့်ပါ မီးသွေး တစ်အိတ်လျှင်မူ ယခင်က ကျပ် ၄၀၀၀ ခန့်သာရှိသော်လည်း ယခု ၆၅၀၀ ကျပ်ခန့်ရှိကြောင်း ဈေးကွက်အတွင်းက သိရသည်။ […]

လောင်းလုံးတွင် ရပ်ကွက်အုပ်ချုပ်ရေးမှုးတစ်ဦး ပစ်ခတ်ခံရ၊ ပွန်းပဲ့ဒဏ်ရာသာ ရရှိဟုဆို

diz_admin

March 5, 2023

လောင်းလုံးမြို့ပေါ် တွင် ယနေ့ (မတ် ၅) မနက်ပိုင်းက (ဃ) ရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးမင်းသိန်း ပစ်ခတ်ခံရသည်ဟု ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ယနေ့မနက် ကိုးနာရီကျော်ကျော်ခန့်က ဦးမင်းသိန်းမှာ ဆိုင်ကယ်ဖြင့်အိမ်ပြန်လာစဉ် လမ်းတစ်နေရာတွင် ပစ်ခတ်ခံရခြင်းဖြစ်သည်။ “ပစ်သံက ကြားရတာ လေးငါးရှစ်ချက်လောက်ရှိတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။ ပစ်ခတ်ခံရမှုကြောင့် ဦးမင်းသိန်းတွင် ပွန်းပဲ့ဒါဏ်ရာအနည်းငယ်သာ ရရှိခဲ့သည်ဟု သိရပြီး အချို့‌မျက်မြင်တွေ့ရှိသူများကမူ ဦးမင်းသိန်းကို ထိမှန်ခဲ့ခြင်းမရှိကြောင်း ပြောသည်။ ၎င်းမှာ NLD အစိုးရလက်ထက်တွင် လောင်းလုံးမြို့နယ် (ဃ)ရပ်ကွက်အုပ်ချုပ်ရေးမှုးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို အာဏာသိမ်းပြီးနောက်ပိုင်းတွင်လည်း အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှုအဖြစ် ဆက်လက်တာဝန် ထမ်းဆောင်ခဲ့သူဖြစ်သည်။ ဦးမင်းသိန်းကို စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေမှုအား ရပ်တန့်ရန် သတိပေးသည့်အနေဖြင့် ပြီးခဲ့သည့်နှစ် ဧပြီလ ၇ ရက်နေ့က လက်နက်ကိုင်တစ်စုက ၎င်း၏ဦးခေါင်းကို သေနတ်ဒင်ဖြင့် ထုရိုက်ခဲ့ဖူးသည်။ သို့သော် ဦးမင်းသိန်းမှာ လက်နက်ကိုင်ဆောင်ကာ […]

ကော့သောင်းတွင် တောမီးထပ်လောင်

diz_admin

March 5, 2023

ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက်ရှိ ယင်းဝါရေလှောင်တမံအပေါ်ဘက် တောင်ရိုးတစ်လျှောက်တွင် မတ်လ ၄ ရက် ည ၆နာရီခန့်က တောမီးလောင်ကျွမ်းကြောင်း ကော့သောင်းဒေသခံတို့မှ သိရသည်။ အဆိုပါတောမီးသည် လေးနာရီဆက်တိုက် မီးလောင်ကျွမ်းခဲ့ပြီး ည ၁ဝနာရီဝန်းကျင်တွင် မီးငြိမ်းသွားခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။ ‌တောမီးအား ‌ရပ်ကွက်နေသူတို့နှင့် မီးသတ်တပ်ဖွဲ့ဝင်တို့က ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ပြီး ‌မီးစတင်လောင်ကျွမ်းသည့် အကြောင်းအရင်းအား မသိရသေးကြောင်း အေးရိပ်ငြိမ်ရပ်ကွက်နေသူအချို့က ပြောဆိုသည်။ “တောင်ပေါ်ဆိုတော့ မီးငြိမ်းလို့ မလွယ်ဘူး။ ကားတက်လို့ မရဘူး” ဟု အေးရိပ်ငြိမ်ရပ်ကွက်နေသူ တစ်ဦးက ပြောသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၇ ရက်နေ့က ၁၁၉၉ တောင်ကုန်းပေါ်တွင် လေးရက်ဆက်တိုက် တောမီးလောင်ကျွမ်း ခဲ့သေးသည်။ ၁၁၉၉ တောင်ကုန်းပေါ်အား မီးသတ်ယာဉ်များ တက်ရန်မလွယ်ကူးခြင်း၊ ရေသယ်ယူရန် မလွယ်ကူခြင်းတို့ကြောင့် မီးငြှိမ်းသတ်ရာတွင် အခက်အခဲများစွာကြုံရသဖြင့် […]

ကော့သောင်း၊ ဝိုင်ဒင်းရွာတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုးဦးကျဆုံး

diz_admin

March 5, 2023

ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်၊ ဝိုင်ဒင်းကျေးရွာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုးဦးကျဆုံးကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။ မတ်လ ၄ ရက် နံနက် ၈ နာရီခန့်က ဝိုင်ဒင်းရွာသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်နှင့် မိနစ် ၂၀ ခန့်ကြာ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ “ပါကလပ် (ထိုင်းဘက်ခြမ်းက ရွာ) မှာရှိတဲ့ စစ်ဘေးရှောင်တွေကို စကစ (စစ်ကောင်စီ) တပ်က သွားခေါ်ပြီးနောက် သိပ်မကြာဘူး ချက်ချင်းဝင်ချတယ်ကြားတယ်။ အဝေးက လက်နက်ကြီးတွေနဲ့ အချက်ပေါင်းများစွာပစ်ပြီးမှ ဝင်တိုက်တာလို့ သိရတယ်။ အလစ်အငိုက်မိသွားတယ်လို့ ကြားရတယ်” ဟု ဒေသခံ သတင်းရင်းမြစ်က ပြောသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၅ ဦးရှိသည့်အနက် ကျန်ခြောက်ဦးမှာ လွတ်မြောက်သွားသည်ဟု ကြားသိရကြောင်း ၎င်းက ဆိုသည်။ အဆိုပါဖြစ်စဉ်နှင့် […]