ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

နိုင်ငံတွင်း လုံခြုံရေးစိုးရိမ်မှုကြောင့် AirDrop နှင့် Bluetooth တို့ကို ပိတ်ပင်ရန် တရုတ်ကြိုးပမ်း

Dawei Watch

June 16, 2023

တရုတ်နိုင်ငံ၏ ဆိုက်ဘာဝန်းကျင်ဆိုင်ရာ ထိန်းချုပ်ကွပ်ကဲရေးဌာနသည် အမျိုးသားလုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကြောင့် Bluetooth နည်းပညာ နှင့် Apple ၏ AirDrop ကဲ့သို့သော ဖိုင်မျှဝေခြင်းဆိုင်ရာ လုပ်ဆောင်ချက်များကို တားစီးပိတ်ပင်ရန် ကြိုးပမ်းနေကြောင်း သိရသည်။ ဇွန်လ (၆)ရက်နေ့တွင် အဆိုပါ ဆိုက်ဘာဝန်းကျင်ဆိုင်ရာ ထိန်းချုပ်ကွပ်ကဲရေးဌာနသည် တစ်လကြာ အများပြည်သူဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုကို စတင်ခဲ့ပြီး Bluetooth၊ Wi-Fi နှင့် အခြားသော အကွာအဝေးတို ကြိုးမဲ့ဆက်သွယ်ရေးဆိုင်ရာ စည်းမျဉ်းမူကြမ်းများ ကို ထုတ်ပြန်ခဲ့သည်။ ဤသို့ အဆိုပြုထားသော စည်းမျဉ်းများသည် နိုင်ငံတော်လုံခြုံရေးနှင့် လူမှုရေးဆိုင်ရာ ပြည်သူ့အကျိုးစီးပွားကို ထိန်းသိမ်းရန် ရည်ရွယ်ထားကြောင်း ယင်းဌာနက ဆိုသည်။ ယင်း  စည်းမျဉ်းများနှင့်ပတ်သက်၍ ပြည်သူများအနေနှင့် ဇူလိုင် ၆ ရက်အထိ ၎င်းတို့၏ သဘောထားမှတ်ချက်ကို ပေးနိုင်ကြောင်း သိရသည်။ ဤမူကြမ်းတွင် နည်းပညာဝန်ဆောင်မှုပေးသူများအနေနှင့် ဤသို့သော […]

လောင်းလုံးရဲစခန်းအနီးက ဖုန်းဆိုင် ဖောက်ထွင်းခိုးယူခံရ

Dawei Watch

June 16, 2023

လောင်းလုံးမြို့မရဲစခန်းအနီးက ဖုန်းအရောင်းဆိုင်တစ်ဆိုင် ဇွန်လ ၁၄ ရက်ညက ဖောက်ထွင်းခိုးယူခံရကြောင်း မြို့ခံအချို့ကပြောသည်။ ဖောက်ထွင်းခိုးယူခံရသောဖုန်းဆိုင်မှာ လောင်းလုံးမြို့မရဲစခန်း၊ လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတို့နှင့် အိမ်လေးဆောင်ခန့်သာခြားသည်ဟုဆိုသည်။ “ရဲစခန်းကိုဆို လှမ်းအော်ရင်တောင် ကြားနေရတဲ့နေရာမှာ ခိုးခံရတာဆိုတော့ တော်တော်ကို ရဲရဲတင်းတင်း လုပ်သွားတာလို့ပြောရမယ်” ဟု မြို့ခံတစ်ဦးကဆိုသည်။ ဖုန်းဆိုင်မှာ နေ့ဘက်တွင်ဖွင့်ပြီး ညဘက်ဆိုပါက လူမနေတော့ကြောင်း မြို့ခံအချို့ကပြောသည်။ ဆိုင်အတွင်းရှိ ဖုန်းအလုံး ၂၀ ခန့်၊ ဈေးကြီးသည့် Power Bank များ၊ ဖုန်းအပိုပစ္စည်းများ စုစုပေါင်း သိန်းရာဂဏန်းခန့်ပါသွားကြောင်း ” ဖုန်းဆိုင်ပိုင်ရှင်နှင့်ရင်းနှီးသူ အခြားမြို့ခံတစ်ဦးကဆိုသည်။ “သော့သုံးလေးတန်ခတ်ထားတာကို သော့အတုနဲ့ဖွင့်သွားတယ်လို့ပြောတယ်” ဟု ၎င်းကဆိုသည်။ လောင်းလုံးမြို့ပေါ်တွင် စစ်ကောင်စီတပ်က စစ်ဆေးတင်းကြပ်နေမှုကြောင့် ပြည်သူများ အပြင်မထွက်ရဲကြသည့် ညအချိန်တွင် ရဲစခန်းအနီးရှိဖုန်းဆိုင် ဖောက်ထွင်းခိုးယူ ခံလိုက်ရခြင်းဖြစ်သည်။ ၂၀၂၂ […]

ဝဲရစ်ရွာက အသက် ၈၀ကျော် စစ်ဘေးရှောင်အဘိုးတစ်ဦး အမောဖောက်သေဆုံး

Dawei Watch

June 15, 2023

သရက်ချောင်းမြို့နယ်၊ ဝဲရစ်ရွာက အသက် ၈၀ ကျော် အဘိုးတစ်ဦးဟာ စစ်ဘေးရှောင်နေစဉ် ဇွန်လ ၁၄ ရက် ည ၁၀ နာရီဝန်းကျင်မှာ ရုတ်တရက် အမောဖောက်ကာ သေဆုံးကြောင်း ဒေသခံအချို့က ပြောသည်။ အဘိုးဦးဖေသန်းသည် ဝဲရစ်အပါအဝင် ကျေးရွာများသို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာသဖြင့် ကျေးရွာဘုန်းကြီးကျောင်းတွင် သွားရောက်ခိုလုံနေခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ “ခါတိုင်းဆို သူကသူ့အိမ်မှာပဲနေတယ်။ သားသမီးတွေက ပြေးကြစို့ဆိုပြောလည်း သူက တော်ရုံတန်ရုံ မပြေး တတ်ဘူး။ မနေ့ကတော့ အခြေနေအရမ်းဆိုးနေလို့ သူ့သမီးသွားပြောင်းလာတယ်တဲ့။ ညတုန်းက ရုတ်တရက်ကြီး ထဖြစ်တယ်။ အစ်မတို့နားမှာ ညရေးညတာဆို (ဆေးရုံသွားဖို့) ဘယ်ကားမှ ခေါ်မရဘူး” ဟု ၎င်းက ပြောသည်။ အဆိုပါအဘိုး အသုဘသွားပို့ရန် ကျေးရွာသို့ နံနက်ပိုင်းတွင် သွားရောက်ခဲ့သော်လည်း […]

ဌာနဆိုင်ရာရုံးများတိုက်ခိုက်ခံရပြီးနောက် သုံးပတ်ကျော်ကြာသည်အထိ လောင်းလုံးမြို့တွင် စစ်ဆေးမှုတင်းကျပ်

Dawei Watch

June 15, 2023

လောင်းလုံးမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများ တိုက်ခိုက်ခံရပြီးနောက် သုံးပတ်ကျော်ကြာလာသည်အထိ မြို့ပေါ်တွင် စစ်ဆေးမှုများကို စစ်ကောင်စီက တင်းကျပ်ထားဆဲဖြစ်ကြောင်း မြို့ခံတို့က ပြောသည်။ လဝကရုံး၊ စစ်ဖက်ရေးရာလုံခြုံရေးရုံး၊ မြို့မရဲစခန်းတို့ကို ပြည်သူ့ကာကွယ်ရေးတပ်များက မေလ ၂၃ ရက်တွင် တစ်ပြိုက်နက် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် မြို့ပေါ်တွင် စစ်ဆေးတင်းကျပ်ထားခြင်းဖြစ်သည်။ တိုက်ခိုက်ခံရမှု သုံးပတ်ကျော်ကြာလာသည်အထိ မြို့ပေါ်ရှိ နေအိမ်များထဲ ဝင်ရောက်ရှာဖွေဖမ်းဆီးခြင်း၊ လမ်းသွား၊ လမ်းလာ ခရီးသည်များ၏ ကား၊ ဆိုင်ကယ်များကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေကြောင်း မြို့ခံတို့က ဆိုသည်။ “လောင်းလုံး တစ်ခါသွားရင် မြို့ထဲမှာကို သုံးနေရာလောက် အစစ်ခံရတယ်” ဟု ယနေ့ ဇွန်လ ၁၅ ရက် နံနက်ပိုင်းက လောင်းလုံးမြို့ပေါ်သွားခဲ့သည့် ခရီးသည်တစ်ဦးက ပြောသည်။ လောင်းလုံးမြို့ အဝင်အထွက် ဂိတ်ပေါက်နှစ်ခုတွင် ပုံမှန်စစ်ဆေးပြီး မြို့ထဲတွင်မူ နေရာအတည်အကျမရှိဘဲ […]

ပလတွင် မိုင်းနင်းမိပြီး လူငယ်တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

Dawei Watch

June 15, 2023

ပုလောမြို့နယ်၊ ပလမြို့၊ ဇရပ်ဆိပ်ရွာအနီးတွင် မိုင်းနင်းမိပြီး အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးပြီး အတူတူလိုက်ပါလာသူ နောက်အမျိုးသားတစ်ဦးလည်း မျက်လုံးတွင် ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။ ဇွန်လ ၁၄ ရက် နံနက် ၁၀ နာရီဝန်းကျင်က ဇရပ်ဆိပ်ရွာအနီး သံသာဥယျာဉ်တောတွင် မိုင်းနင်းမိခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ ပလမြို့ခံ ကိုအောင်ဇော်လတ်မှာ ယင်းနေရာတွင် သေဆုံးခဲ့ရပြီး ၎င်း၏အလုပ်သမားဖြစ်သူ အသက် ၂၀ ကျော်အရွယ် အမျိုးသားမှာ မျက်လုံးတစ်ဖက်တွင် မိုင်းစထိမှန်ဒဏ်ရာရကာ အမြင်အာရုံဆုံးရှုံးသွားကြောင်း ဒေသခံများက ဆိုသည်။ “သူတို့နှစ်ယောက်က သစ်တစေ့ (သစ်ချသီးအစေ့) သွားကောက်မယ်ဆိုပြီး တောထဲဝင်သွားရာမှာ ဖြစ်တာ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ သံသာဆိုသည့်နေရာသည် ဇရပ်ဆိပ်ရွာနှင့် ပလမြို့ကြားတောင်စွယ်ဖြစ်ပြီး ကဒဲရွာနှင့်လည်းနီးကြောင်း ဒေသခံတို့ထံမှ သိရသည်။ […]

ထားဝယ်တွင် အာစီယံ ဝယ်ယူရလွယ်လာပြီး သုံးစွဲသူများနေဟုဆို

Dawei Watch

June 15, 2023

အာဏာသိမ်းပြီးနောက်ပိုင်း ထားဝယ်ဒေသရှိ လူငယ်များအကြား အာစီယံ(မူးယစ်စေသည့် အရည်တစ်မျိုး) သုံးစွဲမှု မြင့်တက်လာကြောင်း ထားဝယ်မြို့ခံအချို့ထံမှ သိရသည်။ ဘိန်းစာရွက်၊ ကိုကာကိုလာ၊ ကော်ဖီမစ် အစရှိသည့် ပစ္စည်း ၁၀ မျိုးကိုအသုံးပြု ကျိုချက်ထားသဖြင့် အာစီယံဟု ခေါ်ဆိုကြခြင်းဖြစ်သည်။ အာဏာမသိမ်းမီကမူ သုံးစွဲသူ အနည်းအကျဉ်းသာရှိပြီး လက်ရှိအခြေအနေတွင်မူ ဝယ်ရလွယ်ကူလာသည့်အတွက် လူငယ်အများစု သုံးစွဲနေကြကြောင်း လူလတ်ပိုင်းအရွယ် ထားဝယ်မြို့ခံ အမျိုးသားတစ်ဦးက ဆိုသည်။ “အခုက WY ထက် ပိုပြီးများတာက အာစီယံ။ အာစီယံက တော်တော်လေးကို ခေတ်ထနေတယ်။ ကြိုက်သလိုကို လိုသလောက်ဝယ်လို့ရနေတဲ့ ပုံစံမျိုးဖြစ်နေတယ်။လူငယ်တွေရဲ့ငါးဆယ်ရာခိုင်နှုန်းကျော်ကိုပဲ ဘိန်းစာရွက်ကတော့ အနည်းဆုံးပဲ။ဒုတိယက အာစီယံပေါ့။ အရေးအခင်းဖြစ်ပြီးမှာ ဗုံးပေါလအောကို ဖြစ်လာတာ”ဟု ၎င်းက ပြောသည်။ လက်ရှိတွင် ရေသန့်ဘူးအသေး(ဒဿမ ၆ လီတာ)အတွင်း ထည့်ထားသည့် အာစီယံတစ်ဘူးလျှင် ငွေကျပ်သုံးထောင်မှ ကျပ်တစ်သောင်းအထိ […]

ရွှေတစ်ကျပ်သား ကျပ် ၃၁ သိန်းကျော်အထိရောက်ရှိ

Dawei Watch

June 15, 2023

ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သုံးဆယ့်တစ်သိန်းကျော်အထိရောက်ရှိ လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ဇွန်လ ၁၅ ရက်နေ့ ပေါက်ဈေးအရ ရွှေတစ်ကျပ်သားလျှင် ၃၁၁၅၀၀၀ (သုံးဆယ့်တစ်သိန်းတစ်သောင်းငါးထောင် ကျပ်) အထိ ဈေးတက်လာခြင်းဖြစ်ပြီး ပြီးခဲ့သည့် ရက်များကမူ တစ်ကျပ်သားလျှင် ကျပ်သိန်းသုံးဆယ်ဝန်းကျင်ဖြင့် ဈေးဖွင့်ထားခြင်းဖြစ်သည်။ လက်ရှိကမ္ဘာ့ရွှေဈေးမှာ ဆက်တိုက်ကျနေသော်လည်း ကျပ်ငွေတန်ဖိုးဆက်ကျနေသည့်အတွက် ပြည်တွင်းရွှေဈေး ထိုးတက်နေခြင်းဖြစ်ကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။ “မြန်မာ့ရွှေဈေးကကို တက်နေတာရှင်။ ကမ္ဘာ့ရွှေဈေးက ကျနေသေးတယ်”ဟု ၎င်းက ပြောသည်။ ယနေ့ ကမ္ဘာ့ရွှေပေါက်ဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၉၃၅ ရှိသည်။ ပြီးခဲ့သည့် လများကမူ တစ်အောင်စလျှင် ဒေါ်လာနှစ်ထောင်ကျော်အထိ ဈေးတက်ခဲ့ဖူးပြီး ယင်းအချိန်က ပြည်တွင်းရွှေဈေးမှာ တစ်ကျပ်သားလျှင် ကျပ်သိန်းသုံးဆယ်အောက်တွင်သာ ပေါက်ဈေးရှိသည်။ လက်ရှိတွင်မူ ပြည်တွင်းရွှေဈေးတက်နေသည့်အတွက် စစ်ကောင်စီက ရန်ကုန်မြို့ရှိ […]

ဖမ်းခံထားရသည့် ကလိန်အောင်မြို့ခံ ကုန်မာဆိုင်ပိုင်ရှင် ပြန်လွတ်

Dawei Watch

June 14, 2023

စစ်ကောင်စီတပ်က ဇွန်လ ၈ ရက် ညတွင် ဖမ်းဆီးသွားသည့် ရေဖြူမြို့နယ် ကလိန်အောင်မြို့ခံ ကုန်မာဆိုင်ပိုင်ရှင် ပြန်လွတ်လာပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ အမှတ် (၃) ရပ်ကွက်နေ ကုန်မာဆိုင်ပိုင်ရှင် မချိုချိုဦးသည် ဇွန်လ ၁၃ ရက် ညပိုင်းတွင် ပြန်လွတ်လာခြင်းဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ “၄၁၀ တပ်ရင်းထဲ ၅ရက်လောက် အစစ်ခံလိုက်ရတာပေါ့” ဟု ၎င်းက ပြောသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် အဆက်သွယ်ရှိသည်ဟု စွပ်စွဲချက်ကာ ခေါ်ယူစစ်ဆေးခံရခြင်းဖြစ်ကြောင်း ပြောဆိုသည်။ ကလိန်အောင်မြို့တွင် အမျိုးသမီးငယ်နှစ်ဦး ကလိန်အောင်တံတားထိပ် စစ်ဆေးရေးဂိတ်တွင် စတင်အဖမ်းခံရသည့် မတ်လဆန်းပိုင်းမှစပြီး ယနေ့အချိန်အထိ ဖမ်းဆီးစစ်ဆေးခံရသူ ကိုးဦးအထိရှိသည်။ ၎င်းတို့ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် အဆက်အသွယ်ရှိသည်ဟု စွပ်စွဲဖမ်းဆီးထားခြင်းဖြစ်ကြောင်း မြို့ခံတို့က ဆိုသည်။ ၎င်းတို့အနက် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးငယ်နှစ်ဦး ဖမ်းဆီးစစ်ဆေးခံနေရဆဲဖြစ်ပြီး […]