ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

လောင်းလုံး အထက်တန်းကျောင်းကို စစ်ကောင်စီက လုံခြုံရေးယူထားပြီး ဝင်ထွက်ခွင့်ကန့်သတ်

Dawei Watch

June 14, 2023

လောင်းလုံးမြို့ အထက်တန်းကျောင်းကို စစ်ကောင်စီတပ်က လုံခြုံရေးယူထားပြီး ကျောင်းဝင်းအတွင်း ဝင်ထွက်ခွင့်ကိုလည်း ကန့်သတ်ထားကြောင်း မြို့ခံအချို့ကပြောသည်။  “ကျောင်းဝင်းအတွင်းသို့ တာဝန်ရှိသူမှအပ မဝင်ရ” ဆိုသည့် ဗီနိုင်းကို ကျောင်းဝင်းအပြင်တွင် ကပ်ထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က လက်နက်အပြည့်အစုံဖြင့် စောင့်ကြပ်စစ်ဆေးနေကြောင်း မြို့ခံအချို့ကပြောသည်။ ဇွန်လ ၄ ရက်က လောင်းလုံးအထက်တန်းကျောင်းဝင်းထဲရှိ စာသင်ခန်းများ၊ ကွန်ပျူတာများကို အမည်မသိသူတို့က ဝင်ရောက်ရိုက်ခွဲဖျက်ဆီးခံရပြီး‌နောက် နှစ်ရက်ခန့်အကြာတွင် စစ်ကောင်စီတပ် လုံခြုံရေးတင်းကြပ် လိုက်ခြင်းဖြစ်ကြောင်း မြို့ခံအချို့ကဆိုသည်။ “ကျောင်းထဲမှာရော၊ ကျောင်းအပြင်မှာပါ စစ်ဆေးတာတွေရှိတယ်။ ‌ကျောင်းထဲကိုတော့ အပြင်လူတွေပေးမဝင်ဘူး။ ဝင်ချင်တယ်ဆိုရင် ဆရာမတစ်ယောက်ယောက်နဲ့ အတူတူဝင်မှရတယ်” ဟု မြို့ခံတစ်ဦးကဆိုသည်။ ကျောင်းသားမိဘများကိုမူ သက်သေခံလက်မှတ်သဘောမျိုး ကတ်ပြားထုတ်ပေးထားပြီး ကျောင်းဝင်းအတွင်းဝင်မည်ဆိုပါ အဆိုပါကတ်ပြားကို ပြသရကြောင်း ဒေသခံများကဆိုသည်။ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က Non CDM ( ပညာရေး) များအား ပြင်းပြင်းထန်ထန်အရေးယူမည်ဟု […]

တနင်္သာရီတိုင်းတွင် စစ်ဘေးရှောင်များ စားနပ်ရိက္ခာအခက်ကြုံ၊ မိုးတွင်းပိုမိုကျပ်တည်းနိုင်

Dawei Watch

June 13, 2023

တနင်္သာရီတိုင်းတွင် စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာအခက်အခဲကြုံနေရပြီး မိုးတွင်းကာလတွင် ပိုမိုကျပ်တည်းလာနိုင်ကြောင်း စစ်ဘေးရှောင်များကူညီစောင့်ရှောက်ရေးပူးပေါင်းအဖွဲ့ထံမှ သိရသည်။ ကုန်ဈေးနှုန်းကြီးမြင့်လာခြင်းနှင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများတွင် ကန့်သတ်ခံရခြင်းတို့မှာ အဓိက ထိုးနှက်ချက်ဖြစ်နေကြောင်း အထက်ပါပူးပေါင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ပြီးခဲ့တဲ့နှစ်က ငါးသောင်းကျပ်ဝန်းကျင်ရှိတဲ့ ဆန်တစ်အိတ်က အခု ကိုးသောင်းနီးပါးရှိလာတယ်။ ဒါကဆန်နှစ်အိတ် ရမယ့်နေရာမှာ တစ်အိတ်ပဲရတော့တဲ့ အခြေနေပါ။ ပိုမြင်သာအောင်ပြောရရင်တော့ ထမင်းနှစ်နပ်ကနေ တစ်နပ်ပဲ စားတော့လို့ ပြောတဲ့အတိုင်းပါပဲ” ဟု ၎င်းက ပြောဆိုသည်။ တနင်္သာရီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များအတွက် ဆန် နှစ်လစာသာ ကျန်ရှိတော့ချိန် စစ်ဘေးရှောင်များကလည်း ထပ်တိုးလာကြောင်း ပူးပေါင်းအဖွဲ့တွင် ပါဝင်သည့် နွေဦးမေတ္တာ စစ်ဘေးရှောင်များ ကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ “ဒီဆန်ပမာဏနဲ့ စစ်ဘေးရှောင်တွေ ထပ်တိုးမလာဘူးဆိုရင် ကျွန်တော်တို့ ထိန်းထားလို့ရသေးတယ်။ ထပ်တိုးလာရင်တော့ သေချာတယ် လုံးဝမလုံလောက်တော့ဘူး” ဟု […]

တနင်္သာရီတိုင်းတွင် စစ်ဘေးရှောင်များ စားနပ်ရိက္ခာအခက်ကြုံ၊ မိုးတွင်းပိုမိုကျပ်တည်းနိုင်

Dawei Watch

June 13, 2023

တနင်္သာရီတိုင်းတွင် စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာအခက်အခဲကြုံနေရပြီး မိုးတွင်းကာလတွင် ပိုမိုကျပ်တည်းလာနိုင်ကြောင်း စစ်ဘေးရှောင်များကူညီစောင့်ရှောက်ရေးပူးပေါင်းအဖွဲ့ထံမှ သိရသည်။ ကုန်ဈေးနှုန်းကြီးမြင့်လာခြင်းနှင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများတွင် ကန့်သတ်ခံရခြင်းတို့မှာ အဓိက ထိုးနှက်ချက်ဖြစ်နေကြောင်း အထက်ပါပူးပေါင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ပြီးခဲ့တဲ့နှစ်က ငါးသောင်းကျပ်ဝန်းကျင်ရှိတဲ့ ဆန်တစ်အိတ်က အခု ကိုးသောင်းနီးပါးရှိလာတယ်။ ဒါကဆန်နှစ်အိတ် ရမယ့်နေရာမှာ တစ်အိတ်ပဲရတော့တဲ့ အခြေနေပါ။ ပိုမြင်သာအောင်ပြောရရင်တော့ ထမင်းနှစ်နပ်ကနေ တစ်နပ်ပဲ စားတော့လို့ ပြောတဲ့အတိုင်းပါပဲ” ဟု ၎င်းက ပြောဆိုသည်။ တနင်္သာရီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များအတွက် ဆန် နှစ်လစာသာ ကျန်ရှိတော့ချိန် စစ်ဘေးရှောင်များကလည်း ထပ်တိုးလာကြောင်း ပူးပေါင်းအဖွဲ့တွင် ပါဝင်သည့် နွေဦးမေတ္တာ စစ်ဘေးရှောင်များ ကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ “ဒီဆန်ပမာဏနဲ့ စစ်ဘေးရှောင်တွေ ထပ်တိုးမလာဘူးဆိုရင် ကျွန်တော်တို့ ထိန်းထားလို့ရသေးတယ်။ ထပ်တိုးလာရင်တော့ သေချာတယ် လုံးဝမလုံလောက်တော့ဘူး” ဟု […]

ထိုင်းရောက်မြန်မာလုပ်သားတစ်ဦး လိင်တံကြီးလို၍ သံကွင်းစွပ်ထားရာမှ ရောင်ရမ်းလာသဖြင့် ဆေးရုံတက်ရ

Dawei Watch

June 13, 2023

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မြန်မာအလုပ်သမားတစ်ဦး လိင်တံကြီးလာစေရန် သံကွင်းဖြင့် စွပ်ထားမိရာမှ ရောင်ရမ်းလာပြီး ပြည်တည်ကာ နာကျဉ်ကိုက်ခဲလာသဖြင့် ဆေးရုံတက်ကုသရကြောင်း နခွန်ဖင့်ဆေးရုံစာမျက်နှာက ဇွန်လ ၉ ရက်နေ့တွင် ဖော်ပြထားသည်။ အသက် ၂၉ နှစ်အရွယ် မြန်မာအလုပ်သမားတစ်ဦးသည် လိင်တံအရင်းကို သံကွင်းဖြင့် တစ်ပတ်ကြာ စွပ်ထားမိခြင်းဖြစ်ကြောင်း ဆိုသည်။ နောက်ပိုင်းတွင် ရောင်ကိုင်းလာပြီး အရေပြား ကွာကျလာကာ ဒဏ်ရာများတွင် ပြည်တည်နာများဖြစ်ပေါ်လာပြီး နာကျင်ကိုက်ခဲလာကြောင်း ဖော်ပြထားသည်။ ဒဏ်ရာများကြောင့် သံကွင်းကို မဖြုတ်နိုင်တော့သဖြင့် နခွန်ဖင့်ဆေးရုံသို့ လာရောက်ကုသမှု ခံယူခဲ့ကြောင်း ရေးသားထားသည်။ ဆရာဝန်များက သံကွင်းကို ဖြတ်တောက်ပေးခဲ့ပြီး ရောင်ကိုင်းနေသော ဒဏ်ရာများကို ကုသပေးခဲ့ကြောင်း ဆိုသည်။ လူနာမှာ သက်သာလာသဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်းလည်း ဖော်ပြသည်။ လိင်တံတွင် သံကွင်း ကာလရှည် စွပ်ထားပါက […]

လောင်းလုံးမြို့အဝင်တွင် စားသောက်ဆိုင်ကို စစ်ကောင်စီတပ်ဝင်ဖမ်း၊ အမျိုးသား အမျိုးသမီး ‌ခြောက်ဦးဖမ်းဆီးခံရ

Dawei Watch

June 13, 2023

လောင်းလုံးမြို့နယ်၊ သဗျာရွာတွင် ဇွန်လ ၁၃ ရက် ယနေ့ နံနက်ပိုင်းက အမျိုးသားလေးဦးနှင့် အမျိုးသမီးနှစ်ဦး ဖမ်းဆီးခံရကြောင်း ဒေသခံများက ပြောသည်။ လောင်းလုံးမြို့အဝင် သဗျာရွာအုန်းသီးပုံ ဆိုင်းဘုတ်အနီး အင်အား နှစ်ဆယ်ခန့်ပါ စစ်ကောင်စီတပ်က ကားသုံးစီးဖြင့် ဒေသခံခရီးသွားများကို လာရောက်စစ်ဆေးကြောင်း ၎င်းတို့က ဆိုသည်။ ယင်းသို့စစ်ဆေးပြီးနောက် ယင်းနေရာအနီးရှိ စားသောက်ဆိုင်ကို ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောဆိုသည်။ ဖမ်းဆီးခံရသူများမှာ ကိုအီကြာကွေး၊ ကိုဌေးအောင်၊ ကိုတေဇာကျော်၊ ကိုတို၊ မသင်းသင်းနှင့် မပွင့်ယမုံအောင် (ခေါ်) မီးမုံဆိုသူတို့ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ဖမ်းခံရတဲ့သူတွေက စားသောက်ဆိုင်ရောင်းသူနဲ့ ဆိုင်မှာ စားသောက်နေသူတွေပဲ” ဟု ၎င်းက ဆိုသည်။ ဖမ်းဆီးခံရသူ ခြောက်ဦးထဲတွင် လောင်းလုံးမြို့ပေါ်ရပ်ကွက်က အမျိုးသားတစ်ဦးနှင့် သရက်ချောင်းမြို့နယ်က အမျိုးသမီးတစ်ဦးလည်းပါဝင်ပြီး ကျန်လေးဦးမှာ သဗျာဒေသခံများဖြစ်ကြောင်း […]

တနင်္သာရီတွင် ရိက္ခာပို့ပြီးပြန်လာသည့် စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိ

Dawei Watch

June 13, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင်၊ ရိက္ခာပို့ပြီး ပြန်လာသည့် စစ်ကောင်စီတပ်များ ကြားဖြတ်တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသခံအချို့က ပြောသည်။ ဇွန်လ ၁၂ ရက် နံနက် ၁၁ နာရီဝန်းကျင်က သိန္ဓောကျေးရွာရှေ့တန်းစခန်းသို့ ရိက္ခာပို့ပြီးပြန်လာသည့် အင်အား ၄၀ ကျော်ဝန်းကျင်ရှိသော စစ်ကောင်စီတပ် ခြေလျင်စစ်ကြောင်းမှာ ကျွဲထိန်းကုန်းရွာနှင့် တောင်ဘိန်းအကြားတွင် တိုက်ခိုက်ခံရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်နှင့်နီးစပ်သူ ဒေသခံတစ်ဦးက ဆိုသည်။ “ပထမ မိုင်းနှစ်လုံးဆွဲတယ်။ ပြီးတော့ စပစ်တာ” ဟု ၎င်းက ပြောဆိုသည်။ မိုင်းဆွဲခံရခြင်းကြောင့် စစ်ကောင်စီတပ်သား ခြောက်ဦးမှာ လမ်းတွင် လဲနေသည်ကို တွေ့ရပြီး အပြင်းအထန် ဒဏ်ရာရခြင်း၊ သေဆုံးခြင်းဖြစ်နိုင်ကြောင်း အထက်ပါ ဒေသခံက ပြောသည်။ တနင်္သာရီဘက်မလိုက်ပြောက်ကျားအဖွဲ့၏ ယနေ့ ဇွန်လ ၁၃ ရက် နေ့လယ်ပိုင်းတွင်ထုတ်ပြန်ချက်တွင် အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား […]

မလေးရှားတွင် အရက်သောက်အချင်းများရာမှ ဓားထိုးမှုဖြစ်ပြီး မြန်မာလုပ်သားတစ်ဦးသေဆုံး

Dawei Watch

June 12, 2023

မလေးရှားနိုင်ငံ ပီနန်းပြည်နယ်တွင် စုဖွဲ့အရက်သောက်ကြရာမှ အချင်းများက ဓားထိုးမှုဖြစ်သဖြင့် မြန်မာအလုပ်သမားတစ်ဦးသည် သေဆုံးကြောင်း မလေးရှားသတင်းဌာနများတွင် ဖော်ပြသည်။ North Seberang Perai ခရိုင် Butterworth မြို့တွင် ဇွန်လ ၁ဝရက်နေ့ ညသန်းခေါင်အချိန်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အသက် ၃၃ နှစ်အရွယ် မြန်မာအလုပ်သမားသည် ဝမ်းဗိုက်တွင် ဓားထိုးခံရသော ဒဏ်ရာများဖြင့် ဆေးရုံသို့ ရောက်ရှိလာခဲ့ပြီးနောက် နံနက် ၂ နာရီခန့်တွင် သေဆုံးသွားကြောင်း သတင်းများတွင် ရေးသားထားသည်။ မြန်မာအလုပ်သမားသည် ပရိုဘောဂစက်ရုံက လုပ်ဖော်ကိုင်ဖက် အလုပ်သမားသုံးဦး၊ အလုပ်ရှင်တို့နှင့် စုဖွဲ့အရက်သောက်ကြခြင်းဖြစ်သည်ဟု ဆိုသည်။ လုပ်ဖော်ကိုင်ဖက် အလုပ်သမားသုံးဦးမှာ မည်သည့်နိုင်ငံသားမျာဖြစ်သည်ကို သတင်းများတွင် ဖော်ပြထားခြင်း မရှိပေ။ ဓားဖြင့် ထိုးခဲ့သည်ဆိုသည့် အလုပ်သမားမှာ ထွက်ပြေးလွတ်မြောက်နေပြီး ကျန်အလုပ်သမားနှစ်ဦးကို အခြားမြို့နှစ်မြို့တွင် ဖမ်းမိကြောင်း ဖော်ပြသည်။ […]

ရငဲရွာတွင် နေအိမ်များထပ်မံမီးရှို့ခံရ၊ ပစ်ခတ်ခံရမှုကြောင့် အမျိုးသမီးနှစ်ဦးလည်းဒဏ်ရာရ

Dawei Watch

June 12, 2023

သရက်ချောင်းမြို့နယ်ကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ရငဲရွာက နေအိမ်ငါးလုံးခန့်ကို ယနေ့ ဇွန်လ ၁၂ရက်တွင် ထပ်မံမီးရှို့ခဲ့ပြီး ပစ်ခတ်ခံရမှုကြောင့်လည်း အမျိုးသမီးနှစ်ဦး ဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီတပ် စစ်ကြောင်းသည် ရငဲရွာသို့ ဇွန်လ ၁၁ ရက်က ရောက်ရှိနေပြီး ဒေသခံများမှာ ထွက်ပြေး တိမ်းရှောင်ကြသလို မတိမ်းရှောင်နိုင်ဘဲ ဖမ်းဆီးခံခဲ့ရသူအချို့လည်းရှိကြောင်း ၎င်းတို့က ဆိုသည်။ ယင်းအနက် အမျိုးသမီးတစ်ဦး ထွက်ပြေးသည်ဟုဆိုကာ စစ်ကောင်စီတပ်က ယနေ့ ပစ်ခတ်သဖြင့် ခြေထောက်တွင် ကျည်ထိမှန် ဒဏ်ရာရကြောင်း ဒေသခံများက ပြောဆိုသည်။ နောက်အမျိုးသမီးတစ်ဦးမှာ လက်နက်ကြီးကျည်စ ပေါင်တွင်ထိမှန်ကာ ဒဏ်ရာရကြောင်း ရငဲကျေးရွာဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ သို့သော် ယင်းအမျိုးသမီး မည်သည့်နေရာတွင်ရှိနေစဉ် ကျည်စထိမှန် ဒဏ်ရာရသည်ကိုမူ မသိရသေးပေ။ “ဒဏ်ရာရတာကတော့ လက်နက်ကြီးမှန်တာက တစ်ယောက်၊ […]