ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင် ဗြိတိန်ပါတီမန် မှ ရုတ်တရက် နုတ်ထွက်
Dawei Watch
June 11, 2023ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင်သည် ၎င်းအနေနှင့် ပါလီမန်မှ နုတ်ထွက်လိုက်ပြီ ဖြစ်ကြောင်း ဇွန်လ (၉)ရက်နေ့တွင် ထုတ်ပြန်စာ တစ်ရပ်နှင့်အတူ ကြေညာလိုက်သည်။ ယခုလို ဂျွန်ဆင်၏ ရုတ်ခြည်းနုတ်ထွက်မှုကြောင့် လာမည့်နှစ်တွင် ကျင်းပသွားမည့် ရွေးကောက်ပွဲ မတိုင်မီ အခွင့်အလမ်းကို အတိုက်အခံ လေဘာပါတီ ရလာဟန်ရှိပြီး လက်ရှိ အာဏာရ ကွန်ဆာဗေးတစ်ပါတီတွင်မူ အကွဲအပြဲဟောင်းများ ပြန်လည်ပေါ်ပေါက်လာသည်။ ၎င်းအနေနှင့် ဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်စဉ် ကာလ ၊ ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားမှု မြင့်မားနေချိန်အတွင်း ဗြိတိန်နိုင်ငံတဝှမ်း အသွားအလာကန့်သတ်ပိတ်ပင်မှု (lockdown) ချမှတ်ထားသော်လည်း ဒေါင်နင်းလမ်းရှိ ဝန်ကြီးချုပ်ရုံးတွင်မူ အဆိုပါ ချမှတ်မှုများကို ဆန့်ကျင်သည့် ပွဲအခမ်းအနားများ ကျင်းပခဲ့သည်။ ဤအခြေအနေများနှင့် ဆက်စပ်ကာ ဝန်ကြီးချုပ်တစ်ဦး၏ အပြုအမူများအပေါ် မူဝါဒ ချမှတ်ရေးအဖွဲ့များ၏ စုံစမ်းစစ်ဆေးမှုကို ကန့်ကွက်သည့်အနေဖြင့် ဂျွန်ဆင်သည် ရာထူးမှနုတ်ထွက်ခဲ့ခြင်းဖြစ်သည်။ […]


