တစ်ပတ်အတွင်း မြန်မာ့ရေးရာ
diz_admin
February 25, 2023မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မှ ၂၅ ရက်နေ့အထိ စစ်ဗိုလ်ချုပ်ကြီးများ၊ ဝန်ကြီးများ၊ လက်နက်ပွဲစားများကို EU ထပ်မံအရေးယူ စစ်ဗိုလ်ချုပ်ကြီးများ၊ ဝန်ကြီးများ၊ လက်နက်ပွဲစားများအပါအဝင် လူပုဂ္ဂိုလ် ကိုးဦးနှင့် အဖွဲ့အစည်းခုနစ်ခုတို့ကို ဥရောပသမဂ္ဂက ဖေဖော်ဝါရီလ ၂၀ ရက်တွင် ထပ်မံဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်သည်။ မြန်မာစစ်ကောင်စီတွင် ပါဝင်ဆက်နွှယ်သူများကို ခြောက်ကြိမ်မြောက်အဖြစ် ဥရောပသမဂ္ဂက အရေးယူခြင်း ဖြစ်သည်။ အရေးယူခံရရာတွင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ရန်ကုန်တိုင်းစီးပွားရေးဝန်ကြီး ဒုဗိုလ်မှူးကြီး မျိုးမြင့်အောင်၊ မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်၊ ပြည်ထဲရေးဒုဝန်ကြီး ရဲချုပ် […]


