ပုလော လက္ကူးရွာသို့ စစ်ကြောင်းဝင်ရောက်၊ ရွာသား ၃၀ကျော် ဖမ်းဆီးခံထားရ
diz_admin
February 28, 2023မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ လက္ကူးရွာသို့ ယနေ့ နံနက်ပိုင်းက စစ်ကောင်စီတပ် ဝင်ရောက်လာပြီးနောက် ရွာသား ၃၀ကျော်ကို ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက် နံနက်က လက္ကူးရွာအတွင်းသို့ စစ်ကောင်စီတပ်ဝင်ရောက်လာပြီး ရွာသားအချို့ကို ဖမ်းဆီးခြင်းများပြုလုပ်ကြောင်း ဒေသခံများက ပြောသည်။ ထို့ကြောင့် ရွာသားများ ထွက်ပြေးနေကြရပြီး လက်ရှိတွင် ရွာသား ၃၀ ကျော်အား စစ်ကောင်စီတပ်က ဖမ်းဆီး စစ်ဆေးနေကြောင်း ၎င်းတို့က ဆိုသည်။ “လူတွေကို လိုက်ဆွဲတယ်ကြားတော့ တစ်ရွာလုံးဝိုင်းပြေးကြတာ။ ဖမ်းမိတဲ့သူတွေလည်း ရှိတယ်။ (အဖမ်းခံရတဲ့အထဲ) အမျိုးသားရော အမျိုးသမီးရောပါတယ်။ အခု လက္ကူးဘုန်းကြီးကျောင်းမှာ ဖမ်းထားတာ ၃၀ ကျော်ရှိတယ်လို့ ကြားရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက Dawei Watch သို့ […]


