ပလတွင် လယ်သမားတစ်ဦး မိုင်းနင်းမိ၍ ခြေတစ်ဖက်ဆုံးရှုံးနိုင်ဟုဆို
Dawei Watch
June 12, 2023မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့တွင် လယ်ထဲဆင်းသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိခဲ့ပြီး ခြေထောက်တစ်ဖက် ဖြတ်ရဖွယ်ရှိကြောင်း ဒေသခံများ ထံမှသိရသည်။ ပလမြို့၊အမှတ် ၄ ရပ်ကွက်နေ အသက် ၄၀ ဝန်းကျင်ရှိ ကိုကျော်လင်းအောင်ဆိုသူမှာ ဇွန်လ ၁၁ ရက်နေ့လယ်ပိုင်းက လယ်ထဲဆင်းရာတွင် မိုင်းနင်းမိခဲ့ပြီး မြိတ်မြို့ဆေးရုံတွင် ကုသမှုခံနေရသည်ဟု ဒေသခံများ ကပြောသည်။ “နေ့လယ် ၂ နာရီလောက်က လယ်ထဲအသွား မိုင်းနင်းမိတာ၊ ခြေတစ်ဖက်ဖြတ်ရမယ်လို့ကြားရတယ်”ဟု ဒေသခံအမျိုးသား ကပြောသည်။ ဒေသခံများ ပိုင်ဆိုင်သည့်လယ်များသည် ပလရဲစခန်းအနောက်ဘက်တွင်ရှိပြီး အချို့လယ်ကွင်းများတွင် မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်နှင့် မိုင်းများရှိနေသည်ဟု ဒေသခံများ ကဆိုသည်။ “လူတွေက ဒီနှစ်လယ်လုပ်ဖို့ တွန့်ဆုတ်နေတာ။ ခုလိုမျိုးမိုင်းထိတယ်ဆိုတော့ တချို့လယ်ထဲဆင်းရဲကြတော့မယ် မထင်ဘူး”ဟု ဒေသခံနောက်တစ်ဦး ကပြောသည်။ ပလရဲစခန်းအနောက်ဖက်ရှိလယ်ကွင်း တွင် စစ်ကောင်စီတပ်က မိုင်းများထောင်ထားသည် […]


