ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထိုင်းတောင်ပိုင်းတွင် မြန်မာဟုယူဆရသည့် သတ်ဖြတ်ခံထားရသူ အလောင်း သုံးလောင်းတွေ့

diz_admin

March 16, 2023

ထိုင်းနိုင်ငံတောင်ပိုင်း စွန်ခရာခရိုင် ချုံတောထဲရှိအမှိုက်ပုံတွင် အသတ်ခံထားရသော မြန်မာအလုပ်သမားများဟုယူဆရသည့် အလောင်း ၃ လောင်း တွေ့ရှိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဟတ်ယိုင်ဒေသနှင့် ဘန့်ကလန်းဒေသကြားရှိ လမ်းမကြီးနှင့် မီတာ ၂၀၀ အကွာရှိ စွန့်ပစ်အမှိုက်ပုံတွင် မတ်လ ၁၅ရက် နံနက် ၇ နာရီခွဲခန့်တွင် တွေ့ရှိခြင်းဖြစ်သည်။ အလောင်းများကို အဝတ်အစား၊ ဖျာနှင့် ပလတ်စတစ်အိတ်များဖြင့် ဖုံးထားသည်ကိုတွေ့ရပြီး ပြီးခဲ့သည့် နှစ်ရက်သို့မဟုတ် သုံးရက်ခန့်က သေဆုံးခဲ့သည်ဟု ခန့်မှန်းရကြောင်း ဖော်ပြသည်။ အလောင်းတစ်လောင်းတွင် လက်နှင့် ခြေထောက်တို့ကို အဝတ်အစားဖြင့် ချည်ထားကာ လည်ပင်းတွင် ဒဏ်ရာတွေ့ရပြီး ကျန်နှစ်ဦးမှာ ရိုက်နှက်ခံရပြီးသေဆုံးခဲ့သည်ကို တွေ့ရကြောင်း ဖော်ပြထားသည်။ သေဆုံးရသည့်ကြောင်းအရင်းကို အသေးစိတ်သိရှိနိုင်ရန်အတွက် ရင်ခွဲစစ်ဆေးမှုများ ပြုလုပ်ရန်လိုအပ်နေသေးကြောင်း သတင်းတွင် ဖော်ပြထားသည်။ သေဆုံးသူအချို့ကို လုံချည်ဖြင့်ဖုံးထားသည့်ကိုတွေ့ရသဖြင့် မြန်မာအလုပ်သမားများဖြစ်နိုင်ကြောင်း […]

FOEIM ကျောင်းသားမိဘများ ဖမ်းဆီးခံရသည့်သတင်းကြောင့် တနင်္သာရီတိုင်းက ကျောင်းသားမိဘများစိုးရိမ်

diz_admin

March 16, 2023

အချက်အလက်ပေါက်ကြားပြီး‌နောက် ပိတ်သိမ်းလိုက်ပြီဖြစ်သည့် FOEIM အွန်လိုင်းကျောင်းတွင် ကျောင်းအပ်ခဲ့သည့် ကျောင်းသားမိဘများ ဖမ်းဆီးခံနေရကြောင်း ပြည်တွင်းသတင်းဌာနတို့တွင် ဖော်ပြထားသည်။ မိဘများဖမ်းဆီးခံလာရသဖြင့် FOEIM တွင် ကျောင်းအပ်ထားသည့် တနင်္သာရီတိုင်းရှိ ကျောင်းသားမိဘများမှာလည်း စိုးရိမ်မှုမြင့်တက်လျှက်ရှိသည်။ “အစတုန်းကတော့ ဖုန်းဆင်းမ်ကတ်တွေထုတ်ထားလိုက်ရင် အဆင်ပြေမယ်လို့ထင်ထားတာ။ အခုပုံစံ ဖမ်းခံရနေတဲ့သူတွေရှိလာပြီဆိုရင်တော့ အိမ်မှာနေရတာ နောက်ကျောမလုံသလိုဖြစ်လာတယ်” ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။ ငွေကြေးအလွဲသုံးစားမှုများဖြင့် နာမည်ဆိုးထွက်လာသည့် FOEIM ကျောင်းသည် ဖေဖော်ဝါရီလ ၂၃ ရက်တွင် ကျောင်းသား၊ ကျောင်းသူများ၏ အချက်အလက်များ အွန်လိုင်းပေါ်ပေါက်ကြားလာခဲ့သည်။ ပေါက်ကြားလာသည့်အချက်အလက်များထဲတွင် ကျောင်းသားအမည်၊ ဖခင်အမည်၊ ဖုန်းနံပါတ်တို့ပါဝင်နေသည်။ ယင်းနောက် မတ်လထဲတွင် ကျောင်းသားမိဘများဖမ်းဆီးခံရသည့်သတင်းများထွက်ပေါ်လာခဲ့သည်။ ပြည်တွင်းသတင်းဌာနအချို့ဖော်ပြချက်အရ ဧရာဝတီတိုင်း မြန်အောင်မြို့က ကျောင်းသားမိဘတစ်ဦးကို မတ်လ ၁၂ ရက်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း သိရသည်။ စစ်ကောင်စီလော်ဘီ […]

မြိတ်တွင် မွေးကင်းစကလေး စွန့်ပစ်ခံရ

diz_admin

March 16, 2023

မြိတ်မြို့ မြိတ်တောင်နယ်မြေတွင် မတ်လ ၁၅ ရက်ညက မွေးကင်းစကလေးတစ်ဦးကို လာရောက်စွန့်ပစ်ထားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ မြိတ်တောင်နယ်မြေ ဇေယျာသီရိ ၂ ရပ်ကွက်ရှိ အမှတ် ၆ အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် မွေးကင်းစကလေးတစ်ဦးကို ညကိုးနာရီခွဲခန့်က လာရောက်စွန့်ပစ်ထားကြောင်း အဆိုပါကျောင်းအနီးနေထိုင် သူအချို့က ပြောသည်။ “ချက်ကြိုးတောင်မဖြတ်သေးဘူး။ လာပစ်သွားတာ။ ကလေးက အသက်ရှင်တုန်းပဲသေး” ဟု ကျောင်းအနီးနေထိုင်သည့် အမျိုးသမီးတစ်ဦးက ဆိုသည်။ အဆိုပါ စွန့်ပစ်ခံထားရသည့် ကလေးငယ်မှာ မိန်းကလေးဖြစ်ပြီး အနီးအနားတွင် သွေးစွန်း‌နေသည့်စာတစ်စောင်လည်း တွေ့ရကြောင်း ၎င်းက ပြောသည်။ အဆိုပါစာတွင် ‘ဘယ်သူ့ပဲတွေ့တွေ့ ပိုင်စိုးကို ပေးပေးပါ’ ဟု ရေးသားထားကြောင်း ကျောင်းအနီးနေထိုင်သူအချို့က ဆိုသည်။ လက်ရှိတွင် စွန့်ပစ်ခံထားရသည့်ကလေးအား ဆေးရုံတင်ပို့ထားပြီး မွေးစားလိုသူများလည်း ရှိနေကြောင်း ကျောင်းအနီးနေထိုင်သူများက ပြောသည်။ မြိတ်မြို့ရှိ […]

ကွမ်းသီးဈေးကျနေ၍ သီးစားဝယ်သူများ အရှုံးပေါ်

diz_admin

March 15, 2023

ကွမ်းသီးဈေးကျနေသည့်အတွက် သီးစားဝယ်သူများ အရှုံးပေါ်နေကြောင်း သီးစားဝယ်ယူသူအချို့နှင့် ကွမ်းသီးခြံရှင်အချို့က ပြောသည်။ ပြီးခဲ့သည့်နှစ်က ကွမ်းသီးခြောက်တစ်ပိဿာလျှင် ငွေကျပ် ၈၄၀၀ အထိ ဈေးမြင့်တက်ခဲ့ပြီး ကွမ်းသီးရာသီကုန်သည့် မတ်လဆန်းခန့်တွင် တစ်ပိဿာ ၆၂၀၀ ကျပ်ခန့်ရှိပေါက်ခဲ့သည်ဟု ကွမ်းသီးရောင်းသူနှင့် ကွမ်းသီးဝယ်သည့် ပွဲရုံအချို့က ဆိုသည်။ ပြီးခဲ့သည့်နှစ်က ကွမ်းသီးဈေးကောင်းရသဖြင့် ယခုနှစ်တွင်လည်း အနည်းဆုံးဈေး တစ်ပိဿာ ၅၀၀၀ ကျော် ၆၀၀၀ ဝန်းကျင်ခန့်ရမည်ဟု ခန့်မှန်းကာ သီးစားဝယ်ခဲ့သော်လည်း ယခုနှစ် ကွမ်းသီးဈေးမှာ တစ်ပိဿာကို ၄၃၀၀ ဝန်းကျင်ခန့်သာရသဖြင့် အရှုံးပေါ်ခဲ့ခြင်းဖြစ်သည်ဟု သရက်ချောင်းမြို့နယ်၊ ဆင်ကူးရွာမှ ကွမ်းသီးလုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။ “အမြတ်မကျန်တာမဟုတ်ဘူး၊ အလုပ်သမားခလည်းရှုံးတယ်၊ အမြတ်လည်းမရှိအောင်ကိုရှုံးတယ်၊ မနှစ်က ကုန်ဈေးနှုန်းထက်ပဲ အခုကုန်ဈေးနှုန်းတွေက ကြီးနေတာဆိုတော့ ကွမ်းသီးဈေးလည်း မနှစ်ကထက် များလိမ့်မယ်ဆိုထင်ပြီးဝယ်လိုက်တာ၊ အခုက မနှစ်ကထက် […]

ပုလောတွင် နှစ်ရက်ဆက်တိုက် စစ်ကောင်စီတပ် မိုင်းဆွဲခံရ

diz_admin

March 15, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် နှစ်ရက်ဆက်တိုက် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံများနှင့် တောကြီးမြွေဟောက်အဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။ ပုလောမြို့နယ်၊မင်းထိန်ရွာနှင့် ပဝတ်ကုန်းရွာကြား ပြည်ထောင်စုလမ်းပေါ်တွင် မတ်လ ၁၄ ရက် ည ၇ နာရီဝန်းကျင်က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တောကြီးမြွေဟောက်အဖွဲ့(King Cobra Force)က ယနေ့တွင် ထုတ်ပြန်ထားသည်။ ပုလောဘက်မှဆင်းလာသည့် စစ်ယာဥ်တန်းကား ၈ စီးကို ပဒေသာမိုင်း ၁၁ လုံးဖြင့် မိုင်းဆွဲခဲ့ပြီး မိနစ်အနည်းငယ် ပစ်ခတ်မှုများ ဖြစ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ မိုင်းဆွဲမှုကြောင့် ကား ၃ စီးပျက်စီးပြီး စစ်ကောင်စီတပ်သားအချို့လည်း ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်းအပြင် မတ်လ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်ကလည်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီခြေလျှင်တပ်ကို မင်းထိန်ရွာနင့် ပဝတ်ကုန်းရွာအကြား မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။ […]

လောင်းလုံးရှိ စစ်ဘေးရှောင်များကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အကူအညီပေးနေ

diz_admin

March 15, 2023

နေအိမ်စွန့်ခွာပြီး စစ်ဘေးရှောင်နေရသည့် ပြည်သူများအနေဖြင့် စားနပ်ရိက္ခာနှင့် ယာယီအဆောက်အအုံများ လိုအပ်ပါက လောင်းလုံးမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကူညီမည်ဖြစ်ပြီး ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။ လက်ရှိတွင် လောင်းလုံးမြို့နယ်အတွင်းမှ နေရပ်စွန့်ခွာလာရသူ ၁၄၀၀ ခန့်ကို ရိက္ခာ၊ဆေးဝါးနှင့် ယာယီအဆောက်အအုံ အတွက် မိုးကာစများ ကူညီထောက်ပံ့ထားပြီးဖြစ်သည်ဟု လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူ ကိုဟိဏ်းထက်က ဆိုသည်။ နီးစပ်ရာတောတောင်များအတွင်း တိမ်းရှောင်နေပြီး မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လက်လှမ်းမမီသည့်နေရာ ရောက်နေကြသည့် စစ်ဘေးရှောင်များအနေဖြင့်လည်း ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း ၎င်းက ပြောသည်။ ထို့အပြင် ဆွေမျိုးသားချင်းနေအိမ်များတွင် နေထိုင်သော်လည်း နာတာရှည်ရောဂါနှင့် အရေးပေါ်ကျန်းမာရေး အခြေအနေအရ ဆေးရုံတင်ကုသရမည့်လူနာများအတွက်ပါ အကူအညီတောင်းခံနိုင်ကြောင်း ၎င်းက ဆိုသည်။ “ကျွန်တော်တို့ကို ဆက်သွယ်မယ်ဆိုရင် Page ကနေ ဆက်သွယ်လို့ရတယ်။ ပြီးရင် သက်ဆိုင်ရာ မြေပြင်မှာရှိတဲ့ ကိုယ်နဲ့သိတဲ့ တော်လှန်ရေးအစုအဖွဲ့တွေကို ချိတ်ဆက်ဆောင်ရွက်လို့ရတယ်”ဟု ကိုဟိဏ်းထက်က […]

ရေးတွင် အိမ်စီးကားတစ်စီး ပစ်ခတ်ခံရ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ

diz_admin

March 15, 2023

မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာကျေးရွာအနီးတွင် အိမ်စီးကားတစ်စီး ပစ်ခတ်ခံရပြီး အမျိုးသား ၁ ဦး သေဆုံးကာ၊ အမျိုးသမီး ၁ ဦးနှင့် ကလေး ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟုသိရသည်။ မတ်လ ၁၅ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်က ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာ သာယာကုန်းရပ်ကွက်နေ အသက် ၃၄ နှစ်အရွယ် ဦးလွင်မိုးအေးနှင့်အတူ အသက် ၃၀ နှစ်အရွယ်အမျိုးသမီး ၁ ဦး၊ အသက် ၈ နှစ်အရွယ်ကလေး ၁ ဦး စီးနင်းလာသည့်ကား ပစ်ခတ်ခံရခြင်းဖြစ်သည်။ ဦးလွင်မိုးအေးတို့ ၃ ဦးသည် မော်လမြိုင်တွင် ဆေးခန်းပြရန် ကားမောင်းနှင်လာစဥ် ကျောင်းရွာကျေးရွာ အနောက်ဘက်အရောက်တွင် ပစ်ခတ်ခံရခြင်းဖြစ်သည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးလွင်မိုးအေးသည် ရင်ဘတ်၊ […]

မြိတ်တွင် ညမထွက်ရသတ်မှတ်ထားသည့်အချိန် ဆိုင်ကယ်‌ပျောက်သူများလာ

diz_admin

March 15, 2023

မြိတ်မြို့တွင် ညမထွက်ရသတ်မှတ်ထားသည့်အချိန်၌ ဆိုင်ကယ်ပျောက်ဆုံးမှု များလာကြောင်း ဆိုင်ကယ်အခိုးခံရသူနှင့် မြို့ပေါ်ရပ်ကွက်နေသူအချို့ထံမှ သိရသည်။ မြိတ်မြို့တွင် စစ်ကောင်စီက ညမထွက်ရအချိန်အဖြစ် ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ သတ်မှတ်ထားသည်။ သို့သော် ပြည်သူအများစုမှာ ည ၉ နာရီခန့်ကတည်းကပင် အပြင်ထွက်လေ့မရှိကြကြောင်း မြို့ခံအချို့က ဆိုသည်။ လက်ရှိတွင် ညမထွက်ရသတ်မှတ်ထားသည့် အချိန်၌ ဆိုင်ကယ်အခိုးခံရမှုများ ရှိလာခြင်းဖြစ်ကြောင်း မြိတ်တောင်နယ်မြေ‌နေသူအချို့က ပြောသည်။ “ဆိုင်ကယ်မောင်းတဲ့အသံ ခြေသံ‌တွေ ကြားတယ် ထွက်မကြည့်ရဲဘူး။ မနက်လင်းတော့ အိမ်ရှေ့က ဆိုင်ကယ်မရှိတော့ဘူး” ဟု မြိတ်တောင်နယ်မြေ ရပ်ကွက်တစ်ခုတွင်နေထိုင်သည့် ဆိုင်ကယ်ပျောက်ဆုံးခဲ့သူ တစ်ဦးက ဆိုသည်။ ဆိုင်ကယ်ပျောက်သည့် မတ်လ ၁၁ ရက်နေ့ ညတွင် ဆိုင်ကယ်မောင်းနှင်သည့်အသံအပြင် ခွေးဟောင်သံ၊ ခြေသံများကြားရသော်လည်း ကင်းလှည့်နေကြသည့် စစ်ကောင်စီတပ်နှင့် […]