တနင်္သာရီတွင် ဆိုင်ကယ်စီး လူငယ်နှစ်ဦးပစ်ခတ်ခံရ၊ တစ်ဦးသေဆုံးပြီး တစ်ဦးဖမ်းဆီးခံရဟုဆို
diz_admin
April 7, 2023မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် ဆိုင်ကယ်တစ်စီးတည်း အတူစီးလာသည့် လူငယ်နှစ်ဦး ယနေ့ နံနက်ပိုင်းက ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံးကာ တစ်ဦးဖမ်းဆီးခံရကြောင်း ဒေသခံများက ပြောသည်။ ပနပ်ငယ်ရွာအနီးရှိ ပြည်ထောင်စုလမ်းပေါ်တွင် ဆိုင်ကယ်စီးလာသည့် အသက ၂၀ ဝန်းကျင်အရွယ် လူငယ်နှစ်ဦးကို ယနေ့ နံနက် ၁၁ နာရီခန့်တွင် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ စစ်ကောင်စီတပ်မှာ ယင်းအနီးဝန်းကျင်တွင် တပ်စွဲထားသည်ဟုလည်း ဆိုသည်။ လူငယ်တစ်ဦးသေဆုံးသွားပြီး ဆိုင်ကယ် အတူစီးလာသည့် သေဆုံးသူ၏ ဝမ်းကွဲညီအစ်ကို တော်စပ်သူကိုလည်း ဖမ်းဆီးထားသည်ဟု ဒေသခံများက ပြောဆိုသည်။ “သေတဲ့ကောင်လေးက ထုံနွယ်ရွာက မောင်ကျော်ထွေးလို့ သိရတယ်။ (မိသားစုက) အလောင်းသွားတောင်းတာ မရသေးဘူးလို့သိရတယ်” ဟု ထုံနွယ်ရွာအနီးဝန်းကျင်က ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ အဆိုပါလူငယ်နှစ်ဦးကို မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်ခဲ့သည်ကိုမူ မသိရသေးကြောင်း […]


