ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

သရက်ချောင်းမြို့နယ် ရဲစခန်းတွင် အချင်းချင်းပစ်ခတ်မှုကြောင့် စခန်းမှူးသေဆုံး

diz_admin

April 10, 2023

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ရဲစခန်းတွင် အချင်းချင်းပစ်ခတ်မှုကြောင့် စခန်းမှူးသေဆုံးခဲ့သည်ဟု မြို့နယ်ရဲစခန်းနှင့် နီးစပ်သူအချို့က ပြောသည်။ ဧပြီလ ၉ ရက် မွန်းလွဲ ၁ နာရီ ၂၀ မိနစ်ခန့်က အချင်းများ(ခိုက်ရန်ဖြစ်ပွား)ပြီး ဒုရဲအုပ်က စခန်းမှူး‌ကို ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ “အခုလုပ်လိုက်တဲ့လူကလည်း ဒီစခန်းကိုပြောင်းလာတာ မကြာသေးဘူး။ သူကလည်း အရာရှိ ဟိုကလည်းအရာရှိဆိုတော့ အရာရှိအချင်းချင်း ဖြစ်ကြတာပေါ့လေ။ စခန်းထဲက သေနတ်သံကြားမှ သိတယ်ဆိုပြောတယ်။ သေနတ်ဘာလို့ပစ်လဲဆိုပြီး အခန်းထဲကြည့်လိုက်မှ စခန်းမှူးက လဲနေပြီ၊ ပစ်တဲ့သူကိုတော့ အဲ့မှာ ချက်ချင်းပဲ ဖမ်းလိုက်တယ်” ဟု ၎င်းက ပြောသည်။ စခန်းမှူးနေမင်းစိုးမှာ အသက် ၄၀ ဝန်းကျင်ခန့်ရှိမည်ဟုဆုသည်။ သို့သော် ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီဘက်က ထုတ်ပြန်ခြင်းမရှိသလို အသေးစိတ်အခြေအနေကိုလည်း […]

ကလိန်အောင်မြို့ခံနှစ်ဦးဖမ်းဆီးခံရ

diz_admin

April 10, 2023

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့က မြို့ခံအမျိုးသားကြီးနှစ်ဦးကို ဧပြီလ ၈ ရက် နံနက်ပိုင်းတွင် ကလိန်အောင် နယ်မြေရဲစခန်းက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မြို့ခံအချို့က ပြောသည်။ အမှတ် (၁) ရပ်ကွက်တွင် နေထိုင်သည့် ဦးကိုလေးမြင့်နှင့် အမှတ် (၂) ရပ်ကွက်တွင် နေထိုင်သည့် ဦးဖြူတို့နှစ်ဦး ဖမ်းဆီးခံရခြင်းဖြစ်ကြေင်း ၎င်းတို့က ဆိုသည်။ ၎င်းတို့ နှစ်ဦးသည် အသက်၅၀ ဝန်းကျင်အရွယ်ခန့်ရှိကြပြီး ဥယျာဉ်ခြံလုပ်ငန်းလုပ်ကိုင်သူများဖြစ်ကြောင်း ဒေသခံတို့က ပြောဆိုသည်။ ယင်းနောက် နောက်တစ်ရက် နံနက်ပိုင်းတွင် ၎င်းတို့နှစ်ဦး၏ မိသားစုဝင်အချို့ကိုလည်း ထပ်မံလာရောက် ခေါ်ဆောင်သွားသေးကြောင်း မြို့ခံအချို့က ဆိုသည်။ “မနေ့ (ဧပြီ ၈) က စရဖက စစ်ဆေးစရာရှိလို့ စခန်းလိုက်ခဲ့ဖို့ လာခေါ်သွားတယ်။ ဒီနေ့ (ဧပြီ ၉) မနက်ပိုင်းကျတော့ သူတို့မိသားစုတွေပါ စစ်စရာရှိလို့ […]

လောင်းလုံးမြို့နယ်အတွင်း လူထုစည်းရုံးလှုံ့ဆော်ရေး အသိပညာပေးလှုပ်ရှားမှုပြုလုပ်

diz_admin

April 10, 2023

ထားဝယ်ခရိုင် ဒီမိုကရေစီအ‌ရေးလှုပ်ရှားမှု သပိတ်ကော်မတီ၊ စည်းရုံးလှုံ့ဆော်ရေး ဆပ်ကော်မတီဝင်များမှ လောင်းလုံးမြို့နယ်အတွင်း ကျေးရွာ(၃)ရွာရှိ ဈေးများသို့ သွားရောက်၍ လူထုစည်းရုံးလှုံ့ဆော်ရေး အသိပညာပေးလှုပ်ရှားမှုကို ယနေ့ (ဧပြီ ၁၀)ပြုလုပ်ခဲ့သည်။ “ဖက်ဒရယ်စနစ်၏ အခြေခံသဘောတရား” လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် စည်းရုံးဟောပြောမှုများပြုလုပ်ခဲ့ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများ ကြွေးကြော်ခဲ့ကြကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

ကျိုက်ထိုအခြေစိုက် တပ်မ ၄၄ ဌာနချုပ် လက်နက်ကြီးဖြင့် တိုက်ခိုက်ခံရ

diz_admin

April 9, 2023

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အခြေစိုက် စစ်ကောင်စီ တပ်မ ၄၄ ဌာနချုပ် ယနေ့ ဧပြီလ ၉ ရက်နေ့ နံနက်ပိုင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရကြောင်း ဒေသခံတို့က ပြောသည်။ တပ်မ ၄၄ ဌာနချုပ်ဝန်းအတွင်းကို ယနေ့ နံနက် ၁၀ နာရီခန့်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုအခြေအနေကိုမူ ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစုက ထုတ်ပြန်ထားသည်။ ယင်းတိုက်ခိုက်မှုကို ကျိုက်ထိုတော်လှန်ရေးအင်အားစု-KRF၊ KNU/KNLA ပူးပေါင်းအဖွဲ့၊ ဘီးလင်း (ပကဖ) နှင့် ကျိုက်ထို (ပကဖ) စသည့် တော်လှန်ရေးပူးပေါင်းအဖွဲ့တို့က လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ထိုသို့ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် တပ်မ ၄၄ ဌာနချုပ်ဘက်ကလည်း လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ‌ဒေသခံတို့ထံမှ သိရသည်။ “တပ်မ ၄၄ ဌာနချုပ်ဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်မှုရှိခဲ့တယ်။ […]

ဖမ်းဆီးခံရသည့် ဖာနီရွာရာအိမ်မှူး၏ အလောင်း တနင်္သာရီမြစ်ထဲတွင်တွေ့

diz_admin

April 9, 2023

တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာအုပ်စု၊ ဖာနီရွာက ရာအိမ်မှူး ဖမ်းဆီးခံရပြီး နှစ်ရက်ကျော်အကြာတွင်  ပစ်ခတ်ခံရသည့် ဒဏ်ရာဖြင့်သေဆုံးနေပြီး ရုပ်အလောင်းကို တနင်္သာရီမြစ်တစ်နေရာတွင် တွေ့ရှိရကြောင်း ဒေသခံများက ပြောသည်။   ဧပြီလ ၇ ရက်နေ့က အသက် ၅၀ အရွယ် ရာအိမ်မှူး ဦးထွန်းဝင်းနိုင်ကို တော်လှန်ရေးအဖွဲ့တစ်ခုက ဖမ်းဆီးသွားပြီး ယနေ့ ဧပြီ ၉ ရက် နံနက်တွင် တနင်္သာရီမြစ်ထဲ မျောနေသည်ကို တွေ့ရှိရကြောင်း ဒေသခံများက ဆိုသည်။ “ဖမ်းသွားတယ်လို့ ကြားပြီး ဘယ်အချိန်က အသတ်ခံရတယ်လို့ မသိရဘူး။ ဒီနေ့ရေထဲအလောင်းမျောလာမှ ဆင်းကြည့်ကြတော့ ရာအိမ်မှူးမှန်း သိတာ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ အလောင်းတွင် သေနတ်ဖြင့် ပစ်ခတ်ထားသည်ဒဏ်ရာတွေ့ရကြောင်း ဒေသခံတို့က ဆိုသည်။ “ခေါင်းကို သေနတ်နဲ့ ပစ်ထားတာ။ အလောင်းက မပုပ်ပွသေးဘူး” […]

တနင်္သာရီ၊ ကမ်းတိုရွာတွင် နေအိမ် ၇ လုံးထက်မနည်း မီးရှို့ခံရ

diz_admin

April 9, 2023

မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်၊ ဘန်းလမွှတ်ကျေးရွာအုပ်စု၊ ကမ်းတိုရွာတွင် နေအိမ် ၇ လုံးထက်မနည်း မီးရှို့ခံရကြောင်း ဒေသခံများကပြောသည်။ ဧပြီလ ၈ ရက်နေ့တွင် မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းမ ကမ်းတိုရွာရှိနေအိမ် ၇ လုံးကို စစ်ကောင်စီနှင့်ပျူစောထီးများက မီးရှို့သွားသည်ဟု ဒေသခံများကပြောသည်။ “မီးရှို့ခံရတဲ့ အိမ်တွေက လူမနေတာကြာပြီ။ ဘန်းလမွှတ်အုပ်စုထဲက ရွာတွေ က တိုက်ပွဲကြောင့် အကုန်ထွက်ပြေးနေကြရတာ”ဟု ဒေသခံအမျိုးသားကပြောသည်။ ကမ်းတိုရွာသည် အိမ်ခြေ ၃၀ ဝန်းကျင်သာရှိသည့် ရွာငယ်လေးတစ်ရွာဖြစ်ပြီး ယင်းအနီးအနားရှိ ပနပ်ငယ်၊ငါးရံ့အင်းရွာဟောင်း၊ ကဒဲလိပ်၊ ညောင်ပင်ကုန်း၊ရေခမ်းချောင်း စသည့် ကျေးရွာများမှ ပြည်သူ ၅၀၀ ဝန်းကျင်သည်လည်း အိုးအိမ်စွန့်ခွါ ထွက်ပြေးနေကြရကြောင်း စစ်ရှောင်ကူညီပေးနေသည့် အဖွဲ့များ ထံမှသိရသည်။ ဘန်းလမွှတ်ကျေးရွာအုပ်စုအတွင်း ပြည်ထောင်စုလမ်းပေါ်တွင် ဧပြီလ ၄ ရက်နေ့နှင့် ၅ ရက်နေ့တို့တွင် စစ်ကောင်စီကား […]

ထားဝယ်မြို့နယ် ပကာရီရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဝင်တိုက်

diz_admin

April 9, 2023

ထားဝယ်မြို့နယ် ပကာရီရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေး အဖွဲ့များက ယနေ့ (ဧပြီ ၉) နေ့လယ် ၁၁ နာရီခန့်မှစပြီး ဝင်ရောက်တိုက်ခိုက်နေကြောင်း ဒေသခံအချို့က ပြောသည်။ ပကာရီရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်ပြီး ယခု နေ့လယ် ၁၂ နာရီ ၄၀ မိနစ်(သတင်းမေးမြန်းချိန်) အထိ ပစ်ခတ်မှုဖြစ်ပွားနေဆဲဖြစ်သည်ဟု ဒေသခံအချို့ထံမှသိရသည်။ “အခုလောလောဆယ် စကားပြောလို့ အဆင်မပြေသေးဘူး၊ ကျွန်တော်တို့လည်း ပုန်းနေရတယ်။ အခုထိ ပစ်ခတ်မှုတွေဖြစ်နေတုန်းပဲ” ဟု ပကာရီရွာမှ အမျိုးသားတစ်ဦးက ဆိုသည်။ ယနေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်များက ထားဝယ်မြို့နယ်အတွင်းရှိ စစ်ကောင်စီပစ်မှတ်များကို ဆက်တိုက်ဝင်ရောက်တိုက်ခိုက်နေပြီး စော်ဖျားရွာ စစ်ကောင်စီဂိတ်၊ မောင်မယ်‌ရှောင်ရွာ ဘုရားမဲစစ်ဆေးရေးဂိတ်နှင့် ယခု ပကာရီရဲစခန်းများကို ရှေ့ဆင့်နောက်ဆင့် ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်သည်။ သရက်ချောင်းမြို့နယ် စော်ဖျားရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့များ […]

ထားဝယ်မြို့ ဘုရားမဲစစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်တိုက်

diz_admin

April 9, 2023

ထားဝယ်မြို့၊ မောင်မယ်ရှောင်ကျေးရွာက ဘုရားမဲစစ်ဆေးရေးဂိတ်ကို ယနေ့ (ဧပြီ ၉)နံနက် ၉ နာရီအချိန်ခန့်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ နံနက် ၉ နာရီခန့်က PDF တပ်ဖွဲ့များရောက်လာပြီး မကြာမီ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မောင်မယ်ရှောင်ကျေးရွာမှ ဒေသခံအမျိုးသားက ပြောသည်။ “မနက်တုန်းက အလှူရှိနေတော့ အလှူကလူတွေ ပစ်ခတ်သံတွေကြားပြီး ထမင်းကို မစားဖြစ်ကြဘူးထင်တယ် ထပြေးလာကြတာ” ဟု အထက်ပါ အမျိုးသားက ဆိုသည်။ မိနစ်အနည်းကြာ ပစ်ခတ်မှုဖြစ်ပြီးနောက် ဘုရားမဲ စစ်ဆေးရေးဂိတ်နှင် ဇဟာအခြေစိုက် စစ်ကောင်စီတပ်က နံနက် ၁၁ နာရီခန့်အထိ လက်နက်ကြီးနှင့်ပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်ဟု ယင်းကျေးရွာမှ အခြား‌ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ “ပစ်ကြခတ်ကြတော့ ကိုယ့်အိမ်ထဲမှာပဲ တံခါးတွေပိတ်ပြီး ဝပ်နေကြတယ်” ဟု အထက်ပါ အမျိုးသားက ဆိုသည်။ အဆိုပါ […]