ထိုင်းလွှတ်တော်ရှေ့တွင် ဆန္ဒပြ
Dawei Watch
July 19, 2023ပီထာကို iTV ရှယ်ယာများပိုင်ဆိုင်ထားမှုကြောင့် လွှတ်တော်အမတ်အဖြစ်မှ ဆိုင်းငံ့ရန် အခြေခံဥပဒေခုံရုံးက ဆုံးဖြတ်ခဲ့ပြီးနောက် ပါလီမာန်လွှတ်တော်ရှေ့ တံခါးပေါက်တွင် Move Forward ပါတီထောက်ခံသူများက ဆန္ဒပြနေကြခြင်းဖြစ်သည်။ ယနေ့ နေ့လယ်ပိုင်းတွင် Move Forward ပါတီထောက်ခံသူ ၁၅၀ နီးပါးက လွှတ်တော်ရှေ့ တံခါးပေါက်တွင် အခြေခံဥပဒေခုံရုံး၏ ဆုံးဖြတ်ချက်အား စိတ်ပျက်ဒေါသထွက်မှုကို ပြသသည့်အနေဖြင့် ဆန္ဒပြနေခြင်းဖြစ်ကြေင်း သတင်းတွင် ဖော်ပြထားသည်။ ရဲတပ်ဖွဲ့က ဆန္ဒပြသူများကို အမြန်ဆုံးရပ်တန့်ကြဖို့ သတိပေးထားပြီး အခြေအနေမှာ တင်းမာနေကြောင်း ဖော်ပြထားသည်။ အခြေခံဥပဒေခုံရုံးက နောက်ထပ်အမိန့်မချမှတ်ခင်အထိ ပီထာသည် လွှတ်တော်အမတ်အဖြစ်မှ ဆိုင်းငံ့ထားခံရမည်ဖြစ်ပြီး ၎င်းကို ပြန်လည်ရှင်းလင်းချေပရန် ခုံရုံးက ၁၅ ရက်အချိန် သတ်မှတ်ပေးထားသည်။ ပီထာမှာ လွှတ်တော်အမတ်အဖြစ်က ဆိုင်းငံ့ခံထားရသော်လည်း ဝန်ကြီးချုပ်လောင်းအဖြစ် ဆက်အရွေးခံမည်ဖြစ်ကြောင်း ပါတီ၏ Twitter စာမျက်နှာက […]


