ထိုင်းတောင်ပိုင်းတွင် မြန်မာလုပ်သားသုံးဦးနှင့် အလုပ်ရှင်အား ပစ်သတ်ခဲ့သူကို ဖမ်းမိ
Dawei Watch
July 18, 2023ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖော်ခရိုင်တွင် မြန်မာအလုပ်သမားသုံးဦးနှင့် ထိုင်းအလုပ်ရှင်တစ်ဦးတို့ကို သေနတ်ဖြင့် အချက်ရေများစွာ ပစ်သတ်သွားသော ထိုင်းနိုင်ငံသားတစ်ဦးကို ဇူလိုင်လ ၁၇ ရက်နေ့တွင် ဖမ်းဆီးရမိပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဇူလိုင်လ ၁၆ရက်နေ့က ချွန်ဖော်ခရိုင် ဆဝီဒေသ တောင်ခြေရှိ ရော်ဘာတောထဲတွင် ပစ်သတ်ခဲ့ပြီးနောက် သေနတ် သမားသည် ထိုင်းအလုပ်ရှင်၏ ပစ်ကပ်ကားကို ယူဆောင်ကာ စူရတ်ဌာနီခရိုင်သို့ ထွက်ပြေးလာခဲ့ကြောင်း ဆိုသည်။ ယင်းနောက် စူရတ်ဌာနီခရိုင် ကန်ကျနဒစ်ဒေသတွင် ကားမှောက်သဖြင့် ကားကို ထားခဲ့ပြီး ချိုင်ဘူရီဒေသသို့ သွားရောက် ပုန်းခိုနေခဲ့ကြောင်း ရေးသားထားသည်။ ဇူလိုင်လ ၁၇ ရက်နေ့ နေ့လယ်ပိုင်းတွင် သေနတ်သမား၏ ဖုန်းစင်ကနယ်ကို ခြေရာခံကာ ရဲတပ်ဖွဲ့ဝင် အင်အား ၅၀ ခန့်ဖြင့် သွားရောက် ဖမ်းဆီးခဲ့ပြီး ချိုင်ဘူရီရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ဖော်ပြသည်။ […]


