ကန့်ကွက်မဲများသဖြင့် ပီထာ ဝန်ကြီးချုပ်အဖြစ် ထပ်မံရွေးချယ်ခံခွင့်မရှိတော့
Dawei Watch
July 19, 2023ဒုတိယအကြိမ် ဝန်ကြီးချုပ်လောင်းအဖြစ် ပီထာကို အမည်စာရင်းတင်သွင်းရာတွင် ကန့်ကွက်သူ လွှတ်တော်အမတ် ၃၉၅ ဦးရှိသဖြင့် ပီထာကို ဝန်ကြီးချုပ်လောင်းအဖြစ် ထပ်မံတင်သွင်းရွေးချယ်ခံခွင့် မရှိတော့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ပီထာကို နောက်တစ်ကြိမ် ဝန်ကြီးချုပ်အဖြစ် အမည်စာရင်း တင်သွင်းခွင့်မရှိကြောင်း မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၃၉၅ မဲ၊ ကန့်ကွက်မဲ ၃၁၂ မဲနှင့် ကြားနေမဲ ၈ မဲ ရှိခဲ့သည်။ ထို့ကြောင့် ဝန်ကြီးချုပ်ဖြစ်ရန် ကြိုးစားနေသော Move Forward ပါတီခေါင်းဆောင် ပီထာသည် အမည်စာရင်း ထပ်မံတင်သွင်းခွင့် မရှိတော့ပေ။ ယနေ့လွှတ်တော်တွင် ကျင်းပသော ဝန်ကြီးချုပ်ရွေးချယ်ပွဲတွင် ထပ်မံအမည်တင်သွင်းခဲ့သော ပီထာကို လွှတ်တော်၏ စည်းမျဉ်းစည်းကမ်းများအရ ထပ်မံ တင်သွင်းခွင့်မရှိကြောင်း အထက်လွှတ်တော်အမတ်များနှင့် အတိုက်အခံပါတီများက အကြိတ်အနယ် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။ လက်ရှိတွင် […]


