ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်စိုက်ပျိုးရေးသိပ္ပံ ဆရာလေးဦး ဖမ်းဆီးခံရပြီး နာရီပိုင်းအကြာတွင်ပြန်လွတ်

Dawei Watch

July 21, 2023

ထားဝယ် စိုက်ပျိုးရေးသိပ္ပံကျောင်းတွင် ဇူလိုင် ၂ဝ ရက် မွန်းလွဲ ပိုင်းက ဆရာ/ဆရာမ လေးဦးကို လက်နက်ကိုင်လူတစ်စုက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး ညနေပိုင်းတွင် ပြန်လွှတ်ပေးလိုက်သည်ဟု ကျောင်းနှင့် နီးစပ်သူများထံမှသိရသည်။ ကျောင်းဝင်းအတွင်းသို့ မွန်းလွဲ ၁ နာရီခန့်တွင် လက်နက်ကိုင်ဆောင်သူ ဆယ်ဦးကျော်ခန့် ဝင်ရောက်လာပြီးနောက် ကျောင်းသူ၊ကျောင်းသားအချို့ကို ရိုက်နှက်ကာ ဆရာ/ဆရာမ လေးဦးကို ဖမ်းခေါ်သွားပြီး ညနေပိုင်းတွင် ပြန်လွှတ်ပေးလိုက်သည်ဟု ကျောင်းနှင့်နီးစပ်သည့် ဒေသခံအချို့ကို ဆက်သွယ်မေးမြန်းမှုအရ သိရှိရသည်။ ဖမ်းဆီးခံရသူများမှာ ကျောင်းအုပ်ကြီး ဇနီးမောင်နှံအပါအဝင်၊ ဒုကျောင်းအုပ်နှင့် ကွင်းဆင်းဆရာပါ လေးဦး ဖြစ်ကြောင်း၊ ကျောင်းမဖွင့်ရန်လည်း ခြိမ်းခြောက်ပြောဆိုခဲ့သေးကြောင်း သိရသည်။ မည်သည့်လက်နက်ကိုင်အဖွဲ့က ပြုလုပ်ခဲ့သည်ဆိုခြင်းနှင့် မည်သည့်အကြောင်းကြောင့် လုပ်ဆောင်ခဲ့သည် ဆိုခြင်းကို Dawei Watch အနေဖြင့် အတည်မပြုနိုင်သေးပေ။ ယင်းနှင့်ပတ်သက်၍ အဖွဲ့အစည်း တစ်ရပ်ရပ်က […]

လူငယ်တစ်ဦးကို သိမ်ဇရပ်အမြောက်တပ်က ဖမ်းဆီးသွားပြီး အ‌လောင်းသာပြန်ပေး

Dawei Watch

July 21, 2023

လူငယ်အမျိုသားတစ်ဦးကို ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီအမြောက်တပ် (၃၁၀) က ဖမ်းဆီးသွားပြီးနောက် တစ်ရက်အကြာတွင် အလောင်းလာထုတ်ရန် မိသားစုကို အကြောင်းကြားခဲ့သည်။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ဇီးပြောင်းကျေးရွာနေ အသက် ၂၅ နှစ်အရွယ် မောင်ချစ်လေးဆိုသူကို ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဇူလိုင်လ ၁၈ ရက်နေ့တွင် အလောင်းလာထုတ်ရန် မိသားစုကို အကြောင်းကြားခဲ့ခြင်းဖြစ်သည်။ မောင်ချစ်လေးသည် ဆိုင်ကယ်ဖြင့် သိမ်ဇရပ်စျေးတွင် စျေးဝယ်ပြီးအပြန် သိမ်ဇရပ်လမ်းဆုံ ဂိတ်နေရာအရောက်တွင် စစ်ကောင်စီတပ်သားတစ်ဦး စီးနင်းလာသည့် ဆိုင်ကယ်နှင့်တိုက်မိမှု ဖြစ်ပွားခဲ့သည်။ ထိုဆိုင်ကယ်တိုက်မိမှုဖြစ်ပွားပြီး ၁၅ မိနစ်ခန့်အကြာတွင် သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီ အမြောက်တပ် (၃၁၀) မှ တပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး မောင်ချစ်လေးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။ “အမြောက်တပ်က စစ်သားနှစ်ယောက်က […]

တနင်္ဂနွေနေ့တွင် ဘန်ကောက်၌ ဆန္ဒပြမည်

Dawei Watch

July 21, 2023

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် လာမည့် တနင်္ဂနွေနေ့၌ လက်ရှိ ထိုင်းနိုင်ငံရေးအခြေအနေနှင့် ပတ်သက်၍ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ လူငယ်အဖွဲ့များက ဆန္ဒပြသွားမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ လာမည့် ဇူလိုင်လ ၂၃ ရက်နေ့ တနင်္ဂနွေနေ့ ညနေ ၅ နာရီအချိန်ခန့်တွင် ဘန်ကောက်မြို့လယ် Asoke လမ်းဆုံတွင် ဆန္ဒပြကြွေးကြော်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ဆန္ဒပြပွဲကို ဦးဆောင်သော တက်ကြွလှုပ်ရှားသူ Sombat Boonngamanong က လက်ရှိနိုင်ငံရေးအခြေအနေနှင့် ပက်သက်၍ ပြည်သူများ ဘယ်လောက်ထိ ခံစားနေကြရသည်ကို ကြားသိဖို့ အော်ဟစ်ကြွေးကြော် သွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။ အဆိုပါဆန္ဒပြပွဲသို့ ရဲတပ်ဖွဲ့များနှင့် ထိတွေ့ထားခဲ့ဖူးသဖြင့် လူသိများသော Thalugaz အဖွဲ့ကလည်း ပါဝင်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ iTV ရှယ်ယာပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အခြေခံဥပဒေခုံရုံးက Move Forward ပါတီခေါင်းဆောင် ပီထာကို လွှတ်တော်အမတ်အဖြစ်မှ ဆိုင်းငံ့ခဲ့ပြီး ဒုတိယအကြိမ် ဝန်ကြီးချုပ်အဖြစ် အမည်စာရင်း တင်သွင်းချိန်တွင်လည်း အထက်လွှတ်တော်အမတ်များနှင့် […]

ကျွန်းစုတွင် လှေဖြင့်လာသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ တိုက်ခိုက်ခံရ

Dawei Watch

July 21, 2023

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် လှေငယ်ဖြင့်လာသည့် စစ်ကောင်စီရေတပ်သားများနှင့် ပျူစောထီးများကို အလစ်အငိုက် တိုက်ခိုက်ခဲ့ကြောင်း ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။ ဘဒ္ဒနဲကျေးရွာအုပ်စု၊ တဆားဂလစ်ဝအနီး ဇူလိုင်လ ၂၀ ရက် မွန်းလွဲ ၂ နာရီတွင် ကြိုတင်စောင့်ဆိုင်းကာ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ယနေ့ ဇူလိုင် ၂၁ရက်တွင် ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ တိုက်ခိုက်ခံရချိန် စစ်ကောင်စီတပ်သားများဘက် ပြန်လည်ခုခံ ပစ်ခတ်ချိန်မရလိုက်ဘဲ ပြည်သူ့ကာကွယ်ရေးတပ်များ ဆုတ်ခွာပြီးမှ လက်နက်ငယ်နှစ်ချက်ခန့်သာ ပြန်လည်ပစ်ခတ်နိုင်ခဲ့ကြောင်း ဖော်ပြသည်။ ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးနိုင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်က အထိအခိုက်မရှိကြောင်းလည်း ဆိုသည်။ ယခုနှစ် မတ်လနှင့် မေလအတွင်းကလည်း ဘဒ္ဒနဲကျေးရွာအုပ်စုသို့ စစ်ကြောင်းထိုးလာသည့် ရေတပ်သင်္ဘော၊ လှေငယ်များနှင့် လိုက်လာသည့် စစ်ကောင်စီရေတပ်၊ ပျူစောထီးတို့နှင့် ပြည်သူ့ကာကွယ်ရေးတပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။ ကျွန်းစုမြို့နယ်သည် မြိတ်ခရိုင်အတွင်း တိုက်ပွဲဖြစ်ပွားမှုနည်းပြီး […]

မဟာချိုင်တွင် တစ်ဦးတည်းနေ မြန်မာလုပ်သား အခန်းတွင်း သေဆုံး

Dawei Watch

July 21, 2023

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသတွင် အခန်းတွင်း တစ်ဦးတည်းနေထိုင်သော မြန်မာအလုပ်သမားသည် ဇူလိုင်လ ၂၀ ရက်က သေဆုံးနေကြောင်း AAC-မဟာမိတ်အဖွဲ့ထံမှ သိရသည်။ သေဆုံးသူသည် အသက် ၂၉ နှစ်အရွယ် မင်းစန်းအေးလှိုင် အမည်ရှိသော မြန်မာအလုပ်သမားဖြစ်ပြီး ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကမ်းနီကျေးရွာဇာတိဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ ၎င်းသည် မဟာချိုင်ရှိ ပန်းရံလုပ်ငန်းခွင်တစ်ခုတွင် လုပ်ကိုင်နေသူဖြစ်ပြီး ကျန်းမာရေးမကောင်းသဖြင့် အခန်းတွင်း နေထိုင်နေသည်မှာ သုံးရက်ခန့် ရှိနေပြီဖြစ်ကြောင်း AAC ထံမှ သိရသည်။ အခန်းတွင်း တစ်ဦးတည်း နေထိုင်ရင်း ဆေးရုံဆေးခန်းမပြဖြစ်ရာမှ သေဆုံးသွားခြင်းဖြစ်နိုင်ကြောင်း AAC -မဟာမိတ်အဖွဲ့က ဒါရိုက်တာ ဦးခိုင်ကြီးက ဆိုသည်။ “ပတ်ဝန်းကျင်က ကလေးတွေ ပြောပုံအရက နေမကောင်းတာ ၃ ရက်လောက်ရှိပြီပေါ့နော်။ တစ်ယောက်တည်း နေတယ်ဆိုတော့ အစာပြတ်ပြီး […]

အာဇာနည်နေ့တွင် ပုလော၌ PDF တစ်ဦးကျဆုံး

Dawei Watch

July 21, 2023

မြိတ်ခရိုင်၊ပုလောမြို့နယ်၊ ပဝတ်ကုန်းကျေးရွာတွင် အာဇာနည်နေ့က ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦး ကျဆုံးသွားကြောင်း ဒေသခံများ ထံမှသိရသည်။ အာဇာနည်နေ့ မွန်းလွဲချိန်က ပဝတ်ကုန်းရွာလမ်းမကြီးအတိုင်း ဆိုင်ကယ်သုံးစီးဖြင့် ပုလောပြည်သူ့ကာကွယ်ရေး တပ်သားငါးဦး ဖြတ်သွားစဥ် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်က ပစ်ခတ်သဖြင့် တစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများ ကပြောသည်။ “တိုက်ပွဲမရှိဘူး သူတို့ဖြတ်အလာမှာ ပစ်ခတ်ခံရပြီး ဆိုင်ကယ်ပေါ်က ပြုတ်ကျကျန်ရစ်တယ်လို့ ကြားရတယ်”ဟု မင်းထိန်ရွာနေ ဒေသခံအမျိုးသား ကပြောသည်။ ပစ်ခတ်ခံရပြီးနောက် ကျန်လေးဦးမှာ လွတ်မြောက်သွားပြီး ကျဆုံးသူ၏ ရုပ်အလောင်းကို ပြုတ်ကျသည့်နေရာနှင့် ခပ်လှမ်းလှမ်း တောစပ်အတွင်း  ပြန်လည်တွေ့ရှိရသည်ဟု ဒေသခံများ ထံမှသိရသည်။ “ဒီကနေ့ သင်္ဂြိုဟ်မယ်လို့ကြားတယ်”ဟု ဒေသခံနောက်အမျိုးသားတစ်ဦးကပြောသည်။ ကျဆုံးသူမှာ အသက် ၂၀ ကျော်အရွယ် ပုလောမြို့နယ်၊ခန္တီရွာသား ဖြစ်သည်ဟု ဒေသခံများ ကပြောဆိုသည်။ ယင်းဖြစ်စဥ်မှန်ကန်ကြောင်းနှင့် ကျဆုံးသူမှာ ပုလောဒေသကာကွယ်ရေး […]

ထားဝယ်မြို့လယ်တွင် ပိုက်ဆံအိတ် အလစ်သုတ်ခံရ

Dawei Watch

July 21, 2023

ထားဝယ်မြို့လယ်တစ်နေရာဖြစ်သည့် အမှတ် (၁) အထက်တန်းကျောင်းအနီးတွင် ပိုက်ဆံအိတ်အလစ်သုတ်ခံရကြောင်း အလုခံရသည့် ကြီးပွားရေးစာအုပ်တိုက်ပိုင်ရှင်အမျိုးသမီးက ပြောသည်။ ဇူလိုင်လ ၂၀ ရက် နံနက် ၁၀ နာရီခန့်တွင် အလစ်သုတ်ခံရခြင်းဖြစ်သည်။ အမှတ် ၁ အထက်တန်းကျောင်းနှင့် မျက်နှာချင်းဆိုင်တွင်ရှိသည့် ကြီးပွားရေးစာအုပ်တိုက်အရှေ့တွင် အိမ်စီးကားပေါ်မှ ပစ္စည်းများ တင်ချပြုလုပ်နေချိန်တွင် အလစ်သုတ်ခံလိုက်ရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ ကားမှန်ချထားသဖြင့် အထဲတွင်ရှိသော ပိုက်ဆံအိတ်ကိုလက်ဖြင့် နှိုက်ယူသွားခြင်းဖြစ်ကြောင်း အလစ်သုတ်ခံရသည့် ကာယကံရှင်က ပြောသည်။ အနက်ရောက်ပိုက်ဆံအိတ်ထဲတွင် ပိုက်ဆံသောင်းဂဏန်းသာရှိပြီး ယာဉ်မောင်းလိုင်စင်နှင့် မှတ်ပုံတင်ကဲ့သို့သော အရေးကြီး စာရွက်စာတမ်းများထည့်ထားကြောင်း ၎င်းက ပြောဆိုသည်။ “အဲဒီစာရွက်စာတမ်းတွေက သူတို့အတွက်လည်း ဘာမှအသုံးမဝင်ဘူးဆိုတော့ ပြန်လာပေးပါစေဆိုပြီး ဆုတောင်းနေရတယ်။ ပြန်လာပေးရင်လည်း လာပေးတဲ့သူကို ဘာမှမလုပ်ဘူး။ ဆုတောင်ချဦးမှာ” ဟု ကြီးပွားရေး စာအုပ်တိုက်ပိုင်ရှင်က ဆိုသည်။ အလစ်သုတ်သွားသည်ကို […]

ဖမ်းဆီးခံထားရသည့် ကံပေါက်ဈေးက ကုန်စုံဆိုင်ပိုင်ရှင်မိသားစုနှင့် အလုပ်သမားများပြန်လွတ်

Dawei Watch

July 21, 2023

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသတွင် မောရဝတီရေတပ်က ဖမ်းဆီးထားသည့် ကံပေါက်ဈေးက ကုန်စုံဆိုင်ပိုင်ရှင် မိသားစုဝင်လေးဦးနှင့် အလုပ်သမားနှစ်ဦး ပြန်လည်လွတ်မြောက်လာကြောင်း မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောသည်။ ဇူလိုင်လ ၂၀ ရက် နေ့လယ်ပိုင်းတွင် ပြန်လွတ်လာခြင်းဖြစ်‌ကြောင်း ၎င်းက ဆိုသည်။ “နေ့လယ် ၁၂ နာရီလောက်မှာ ရေတပ်က ကားနဲ့ လာပို့ပေးသွားတယ်” ဟု ပြန်လွတ်လာသည်ကို မျက်မြင်တွေ့ခဲ့ရသည့် ကံပေါက်ဈေးအတွင်း နေထိုင်သူတစ်ဦးက ပြောဆိုသည်။ ၎င်းတို့ ခြောက်ဦးအား ဇူလိုင်လ ၁၅ ရက် ညနေပိုင်းတွင် ဖမ်းဆီးသွားခြင်းဖြစ်ပြီး ၅ ရက်ကြာ စစ်ဆေးခံရပြီးနောက် ပြန်လွတ်လာခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံထားရစဉ် ရိုက်နှက်စစ်ဆေးခံရခြင်း မရှိကြောင်း မိသားစုနှင့် နီးစပ်သူတဦးက ပြောသည်။ ဇူလိုင်လ ၁၅ ရက်က ကံပေါက်သစ်တောလမ်းဆုံတွင် မိုင်းတွေ့ရှိပြီးနောက် ကုန်စုံဆိုင်ပိုင်ရှင်နှင့် လျှပ်စစ် ပစ္စည်းဆိုင်ပိုင်ရှင် […]