ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

လူငယ်တစ်ဦးကို တော်ဝင်အသရေဖျက်မှုဖြင့် ထိုင်းတရားရုံး ထောင်ချ

Dawei Watch

July 22, 2023

လွန်ခဲ့သည့် ၃ နှစ်က ဆန္ဒပြပွဲတစ်ခုတွင်း ၀တ်ဆင်ခဲ့သော ခါးတိုအင်္ကျီ (ခရော့ပ်တော့ပ်) တစ်ထည်နှင့် ပတ်သက်၍ ဆယ်ကျော်သက်တစ်ဦးကို ကြာသပတေးနေ့တွင် ထိုင်းတရားရုံးတစ်ရုံးက တော်ဝင် အသရေဖျက်မှုဖြင့် ထောင်ဒဏ် ၁၂ လ ချမှတ်ခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့က ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံ၏ တော်ဝင်ဥပဒေအရ ဘုရင် သို့မဟုတ် မိသားစုဝင်များကို ပြစ်တင်ရှုတ်ချကြောင်း ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်ခံရနိုင်သည်။ နာပါစစ် အမည်ရ လူငယ်သည် ၂၀၂၀ ခုနှစ်က ဒီမိုကရေစီအရေးဆန္ဒပြပွဲတစ်ခုတွင် အနက်ရောင် ခရော့ပ်တော့ပ် ၀တ်ဆင်ထားကာ ပါဝင်ခဲ့ပြီး အဆိုပါ ဝတ်ဆင်မှုသည် အစောပိုင်းနှစ်များစွာက ဥရောပ မီဒီယာများတွင် ထင်ရှားခဲ့သည့် ထိုင်းဘုရင်၏ ဝတ်ဆင်ပုံများကို ရည်ညွှန်းကာ ပြသခဲ့ဟုဆိုသည်။ တရားရုံးမှ နာမည်အပြည့်အစုံကို ထိန်ချန်ထားသည့်၊ အသက် […]

ဟောင်ကောင် ဂီတကြယ်ပွင့်ကို အထူးအခွင့်အရေးပေးခဲ့၍ ထိုင်းလေဆိပ်ရဲများ အရေးယူခံရ

Dawei Watch

July 22, 2023

ဟောင်ကောင် စူပါစတား ဂျက်ဆင်ဝမ်၏ ထိုင်းနိုင်ငံခရီးစဉ်တွင် သုဝဏ္ဏဘူမိလေဆိပ်၏ လူဝင်မှုကြီးကြပ်ရေး ရဲများက အထူးအခွင့်အရေးပေးခဲ့မှုကြောင့် ရဲ ၉ ဦး ကို တာဝန်ပြောင်းရွှေ့ အရေးယူလိုက်ကြောင်း သိရသည်။ လေဆိပ်တွင် ရှိနေသည့် အခြားသော ခရီးသည်များက တိုင်ကြားကြသဖြင့် ယင်းသို့အရေးယူလိုက်ခြင်း ဖြစ်ကြောင်း ထိုင်းလဝကအဖွဲ့၏ ထုတ်ပြန်အချက်အရ သိရသည်။ တိုင်ကြားချက်များအရ ဝမ် သည် အထူးအခွင့်အရေးအပြင် ရဲများ၏ ဝန်းရံပို့ဆောင်မှုကိုပါ ရရှိခဲ့ကြောင်း၊ သူနှင့် တချိန်တည်း ရှိနေသည့် လေဆိပ်တွင်း အခြားသော ခရီးသည်များမှာမူ ဆိုက်ရောက် ကောင်တာများကို ကျော်ဖြတ်ရန် ပုံမှန်ထက် အချိန် ပိုမိုကြာမြင့်စွာ စောင့်ဆိုင်းရမှုများ ရှိခဲ့ဟုဆိုသည်။ အဆိုတော် ဝမ် ကို ထိုင်းလေဆိပ်ရဲများက ဤသို့ ဝန်းရံလိုက်ပါပို့ဆောင်ပေးခဲ့သည့် ပုံရိပ်များနှင့် ဗီဒိယိုများ သည်လည်း လူမှုကွန်ရက်များတွင် ရေပန်းစားခဲ့သည်။ အဆိုပါ ဗီဒီယိုများတွင်း ရာနှင့်ချီသော ပရိသတ်များသည် လေဆိပ်၏ ဒုတိယထပ် ရှိ ဝရန်တာများတွင် ဝမ်ကိုစောင့်ဆိုင်းနေသည်ကို မြင်တွေ့ခဲ့ရသည်။ ဧည့်ဆောင် သို့ ဝမ် ဖြတ်သန်းလာသည့် အခါ နံဘေးတွင် လဝကရဲများက […]

ထားဝယ်မြို့နှင့် သုံးမိုင်ခန့်အကွာရှိ ခမောင်းတောင်ရွာအနီး ပစ်ခတ်မှုများဆက်ဖြစ်

Dawei Watch

July 22, 2023

ထားဝယ်မြို့နှင့် သုံးမိုင်ခန့်အကွာတွင်တည်ရှိသော ခမောင်းတောင်ရွာအနီးတဝိုက်တွင် ယနေ့ ဇူလိုင်လ ၂၂ ရက် နံနက် ၆ နာရီ ၂၃ မိနစ်ခန့်မှစတင်ကာ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုများဆက်ဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။ လက်နက်ကြီး ပေါက်ကွဲသံ ၁၀ ချက်ခန့်ကြားရပြီး လက်နက်ငယ် ပစ်ခတ်သံများကို ၉ နာရီကျော်အထိ ကြားနေရကြောင်း ၎င်းတို့က ပြောသည်။ “ပစ်နေကြပြီ။ အခုပဲ ထပ်ပစ်နေကြပြီ။ ပြေးရတော့မယ်” ဟု ဒေသခံတစ်ဦးက ယနေ့ နံနက် ၉ နာရီ ၂၀ မိနစ်ခန့်က ပြောဆိုသည်။ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှုကို ခမောင်းတောင်ရွာနှင့် ဆက်စပ်နေသည့် ကွမ်းအုံဘုံရွာထိပ်ကကြားရပြီး စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်နေခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ “မဲအုံနှောက်ရွာက လယ်ကွင်းတွေဘက်ကို လက်နက်ကြီးကျရောက်ပေါက်ကွဲတာတွေရှိတယ်” […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

July 21, 2023

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇူလိုင်လ ၁၅ ရက်နေ့မှ ၂၁ ရက်နေ့အထိ တောင်ကိုးရီးယားတွင် ရေကြီးမြေပြိုမှုကြောင့် အနည်းဆုံး ၄၀ ဦးသေဆုံး တောင်ကိုရီးယားနိုင်ငံမှာ ရေကြီးမြေပြိုခဲ့လို့ ဇူလိုင်လ ၁၇ ရက်အထိ အနည်းဆုံး လူ ၄၀ ဦး သေဆုံးခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့ ဗဟိုနဲ့ အရှေ့တောင်ပိုင်းဒေသတွေမှာ ဇူလိုင်လ ၉ ရက်နေ့ကနေ မိုးစတင်ရွာသွန်းခဲ့ရာကနေ ရေကြီးမြေပြိုမှုအထိဖြစ်လာပြီး လူသေဆုံးမှုတွေအထိ ဖြစ်လာခဲ့တာပါ။ ရေကြီးမြေပြိုခဲ့လို့ လူပေါင်း ၁၀၀၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ အိမ်ထောင်စုပေါင်း ၂ သိန်းခွဲကျော် ကလည်း ယာယီမီးပြတ်ခဲ့ကြတာပါ။ ဥမင်လှိုက်ခေါင်းအတွင်းလဲ ရေကြီးခဲ့လို့ ဘတ်စ်ကားတွေ အိမ်စီးကားတွေမျောပါခဲ့ကာ လူ ၁၃ […]

ထားဝယ်စိုက်ပျိုးရေးသိပ္ပံ ဆရာလေးဦး ဖမ်းဆီးခံရပြီး နာရီပိုင်းအကြာတွင်ပြန်လွတ်

Dawei Watch

July 21, 2023

ထားဝယ် စိုက်ပျိုးရေးသိပ္ပံကျောင်းတွင် ဇူလိုင် ၂ဝ ရက် မွန်းလွဲ ပိုင်းက ဆရာ/ဆရာမ လေးဦးကို လက်နက်ကိုင်လူတစ်စုက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး ညနေပိုင်းတွင် ပြန်လွှတ်ပေးလိုက်သည်ဟု ကျောင်းနှင့် နီးစပ်သူများထံမှသိရသည်။ ကျောင်းဝင်းအတွင်းသို့ မွန်းလွဲ ၁ နာရီခန့်တွင် လက်နက်ကိုင်ဆောင်သူ ဆယ်ဦးကျော်ခန့် ဝင်ရောက်လာပြီးနောက် ကျောင်းသူ၊ကျောင်းသားအချို့ကို ရိုက်နှက်ကာ ဆရာ/ဆရာမ လေးဦးကို ဖမ်းခေါ်သွားပြီး ညနေပိုင်းတွင် ပြန်လွှတ်ပေးလိုက်သည်ဟု ကျောင်းနှင့်နီးစပ်သည့် ဒေသခံအချို့ကို ဆက်သွယ်မေးမြန်းမှုအရ သိရှိရသည်။ ဖမ်းဆီးခံရသူများမှာ ကျောင်းအုပ်ကြီး ဇနီးမောင်နှံအပါအဝင်၊ ဒုကျောင်းအုပ်နှင့် ကွင်းဆင်းဆရာပါ လေးဦး ဖြစ်ကြောင်း၊ ကျောင်းမဖွင့်ရန်လည်း ခြိမ်းခြောက်ပြောဆိုခဲ့သေးကြောင်း သိရသည်။ မည်သည့်လက်နက်ကိုင်အဖွဲ့က ပြုလုပ်ခဲ့သည်ဆိုခြင်းနှင့် မည်သည့်အကြောင်းကြောင့် လုပ်ဆောင်ခဲ့သည် ဆိုခြင်းကို Dawei Watch အနေဖြင့် အတည်မပြုနိုင်သေးပေ။ ယင်းနှင့်ပတ်သက်၍ အဖွဲ့အစည်း တစ်ရပ်ရပ်က […]

လူငယ်တစ်ဦးကို သိမ်ဇရပ်အမြောက်တပ်က ဖမ်းဆီးသွားပြီး အ‌လောင်းသာပြန်ပေး

Dawei Watch

July 21, 2023

လူငယ်အမျိုသားတစ်ဦးကို ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီအမြောက်တပ် (၃၁၀) က ဖမ်းဆီးသွားပြီးနောက် တစ်ရက်အကြာတွင် အလောင်းလာထုတ်ရန် မိသားစုကို အကြောင်းကြားခဲ့သည်။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ဇီးပြောင်းကျေးရွာနေ အသက် ၂၅ နှစ်အရွယ် မောင်ချစ်လေးဆိုသူကို ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဇူလိုင်လ ၁၈ ရက်နေ့တွင် အလောင်းလာထုတ်ရန် မိသားစုကို အကြောင်းကြားခဲ့ခြင်းဖြစ်သည်။ မောင်ချစ်လေးသည် ဆိုင်ကယ်ဖြင့် သိမ်ဇရပ်စျေးတွင် စျေးဝယ်ပြီးအပြန် သိမ်ဇရပ်လမ်းဆုံ ဂိတ်နေရာအရောက်တွင် စစ်ကောင်စီတပ်သားတစ်ဦး စီးနင်းလာသည့် ဆိုင်ကယ်နှင့်တိုက်မိမှု ဖြစ်ပွားခဲ့သည်။ ထိုဆိုင်ကယ်တိုက်မိမှုဖြစ်ပွားပြီး ၁၅ မိနစ်ခန့်အကြာတွင် သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီ အမြောက်တပ် (၃၁၀) မှ တပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး မောင်ချစ်လေးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။ “အမြောက်တပ်က စစ်သားနှစ်ယောက်က […]

တနင်္ဂနွေနေ့တွင် ဘန်ကောက်၌ ဆန္ဒပြမည်

Dawei Watch

July 21, 2023

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် လာမည့် တနင်္ဂနွေနေ့၌ လက်ရှိ ထိုင်းနိုင်ငံရေးအခြေအနေနှင့် ပတ်သက်၍ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ လူငယ်အဖွဲ့များက ဆန္ဒပြသွားမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ လာမည့် ဇူလိုင်လ ၂၃ ရက်နေ့ တနင်္ဂနွေနေ့ ညနေ ၅ နာရီအချိန်ခန့်တွင် ဘန်ကောက်မြို့လယ် Asoke လမ်းဆုံတွင် ဆန္ဒပြကြွေးကြော်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ဆန္ဒပြပွဲကို ဦးဆောင်သော တက်ကြွလှုပ်ရှားသူ Sombat Boonngamanong က လက်ရှိနိုင်ငံရေးအခြေအနေနှင့် ပက်သက်၍ ပြည်သူများ ဘယ်လောက်ထိ ခံစားနေကြရသည်ကို ကြားသိဖို့ အော်ဟစ်ကြွေးကြော် သွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။ အဆိုပါဆန္ဒပြပွဲသို့ ရဲတပ်ဖွဲ့များနှင့် ထိတွေ့ထားခဲ့ဖူးသဖြင့် လူသိများသော Thalugaz အဖွဲ့ကလည်း ပါဝင်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ iTV ရှယ်ယာပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အခြေခံဥပဒေခုံရုံးက Move Forward ပါတီခေါင်းဆောင် ပီထာကို လွှတ်တော်အမတ်အဖြစ်မှ ဆိုင်းငံ့ခဲ့ပြီး ဒုတိယအကြိမ် ဝန်ကြီးချုပ်အဖြစ် အမည်စာရင်း တင်သွင်းချိန်တွင်လည်း အထက်လွှတ်တော်အမတ်များနှင့် […]

ကျွန်းစုတွင် လှေဖြင့်လာသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ တိုက်ခိုက်ခံရ

Dawei Watch

July 21, 2023

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် လှေငယ်ဖြင့်လာသည့် စစ်ကောင်စီရေတပ်သားများနှင့် ပျူစောထီးများကို အလစ်အငိုက် တိုက်ခိုက်ခဲ့ကြောင်း ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။ ဘဒ္ဒနဲကျေးရွာအုပ်စု၊ တဆားဂလစ်ဝအနီး ဇူလိုင်လ ၂၀ ရက် မွန်းလွဲ ၂ နာရီတွင် ကြိုတင်စောင့်ဆိုင်းကာ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ယနေ့ ဇူလိုင် ၂၁ရက်တွင် ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ တိုက်ခိုက်ခံရချိန် စစ်ကောင်စီတပ်သားများဘက် ပြန်လည်ခုခံ ပစ်ခတ်ချိန်မရလိုက်ဘဲ ပြည်သူ့ကာကွယ်ရေးတပ်များ ဆုတ်ခွာပြီးမှ လက်နက်ငယ်နှစ်ချက်ခန့်သာ ပြန်လည်ပစ်ခတ်နိုင်ခဲ့ကြောင်း ဖော်ပြသည်။ ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးနိုင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်က အထိအခိုက်မရှိကြောင်းလည်း ဆိုသည်။ ယခုနှစ် မတ်လနှင့် မေလအတွင်းကလည်း ဘဒ္ဒနဲကျေးရွာအုပ်စုသို့ စစ်ကြောင်းထိုးလာသည့် ရေတပ်သင်္ဘော၊ လှေငယ်များနှင့် လိုက်လာသည့် စစ်ကောင်စီရေတပ်၊ ပျူစောထီးတို့နှင့် ပြည်သူ့ကာကွယ်ရေးတပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။ ကျွန်းစုမြို့နယ်သည် မြိတ်ခရိုင်အတွင်း တိုက်ပွဲဖြစ်ပွားမှုနည်းပြီး […]