ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

စစ်ကြောင်းဝင်သည့်လေးရက်အတွင်း မူးဒူးရွာသားတစ်ဦး ပစ်ခတ်ခံရပြီး နှစ်ဦးဖမ်းဆီးခေါ်ဆောင်ခံရ

Dawei Watch

November 22, 2023

ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေဇုန်ဒေသရှိ မူးဒူးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်ခဲ့သည့်လေးရက်အတွင်း အမျိုးသားတစ်ဦး ပစ်ခတ်ခံရပြီး နှစ်ဦးဖမ်းဆီးခေါ်ဆောင်ခံရကြောင်း ဒေသခံများက ပြောသည်။ ယင်းအပြင် နေအိမ်တစ်ဆယ်ကျော်လည်း မီးရှို့ခံလိုက်ရကြောင်း ၎င်းတို့က ဆိုသည်။ ပစ်ခတ်ခံရသည့် အမျိုးသားမှာ အသက် ၂၀ ဝန်းကျင်အရွယ်ရှိ မူးဒူးရွာသား ကိုဝိုင်လူးဆိုသူဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ အဆိုပါအမျိုးသားသည် နိုဝင်ဘာလ ၁၈ ရက်နေ့က ဖမ်းဆီးခံခဲ့ရပြီးနောက် ထွက်ပြေးရာမှ စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။ ကိုဝိုင်လူးသည် ဘယ်ဘက်ခြောက်ထောက် ကျည်ဆံထိမှန်ဒဏ်ရာဖြင့် ငါးရက်တိတိ မူးဒူးရွာအနီး ချောင်းနံဘေးတွင် အစာရေစာ မစားရဘဲ ပုန်းအောင်းနေခဲ့ရကြောင်း မူဒူးရွာသားတစ်ဦးက ပြောဆိုသည်။ “ကျွန်တော်တို့ မနေ့ကလည်းရှာတယ်။ သူက ကျွန်တော်တို့ ခေါ်သံကြားပေမယ့် စစ်တပ်တွေ ထင်လို့ မထူးရဲဘူးတဲ့။ ဒီနေ့ သူအမေ ကိုယ်တိုင် လိုက်ခေါ်လို့ အသံကြားမှ ပုန်းအောင်းနေရာကနေ ထွက်လာတာ။ ခြေထောက်တွေမှာ […]

ပေါက်တောမြို့ပေါ်တွင် တိုက်ပွဲပြင်းထန်၊ ပြည်သူတစ်ရာကျော်ကို ကယ်ထုတ်နိုင်ခဲ့ကြောင်း AA ပြော

Dawei Watch

November 22, 2023

ရခိုင်ပြည်နယ် ပေါက်တောမြို့ပေါ်တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီး ပြည်သူ တစ်ရာကျော်ကို ကယ်ထုတ်နိုင်ခဲ့ကြောင်း ရက္ခိုင့်တပ်တော် AA က နိုဝင်ဘာလ ၂၁ရက် ညတွင် ထုတ်ပြန်သည်။ နိုဝင်ဘာလ ၁၆ ရက်တွင် AA က ပေါက်တောမြို့ရှိ ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးများကို သိမ်းယူကာ မြို့ကို ထိန်းချုပ်လိုက်ပြီးနောက် စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်နှင့် စစ်သင်္ဘောတို့ဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီတပ်က ယင်းနေ့တွင်ပင် မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့ပြီး မြို့ထဲတွင် ပြည်သူများပိတ်မိနေခဲ့ကြောင်း ဒေသတွင်း သတင်းများတွင် ဖော်ပြချက်များအရ သိရသည်။ ယင်းနောက် နိုဝင်ဘာလ ၂၁ ရက် နေ့လယ်ပိုင်းတွင် ပေါက်တောမြို့တွင်း နေရာအချို့နှင့် လောကထိပ်ပန် ဘုရားကုန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ကို AA က ဝင်ရောက်တိုက်ခိုက်ကြောင်း AA က ထုတ်ပြန်သည်။ စစ်ကောင်စီတပ်က […]

မောင်မယ်ရှောင်ရွာတွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ကားသမားသေဆုံး

Dawei Watch

November 21, 2023

ထားဝယ်မြို့နယ် ၊ မောင်မယ်ရှောင်ရွာအနီးတွင် နိုဝင်ဘာလ ၁၉ ရက် ညနေပိုင်းက စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ကားသမား သေဆုံးသွားကြောင်း မိသားစုနှင့် နီးစပ်သူများက အတည်ပြုပြောဆိုသည်။ သေဆုံးသွားသည့်ကားသမားသည် အသက် ၄၁ နှစ်အရွယ်ရှိ ကိုမင်းအောင်ဖြစ်ပြီး  ရေဖြူမြို့နယ်၊ ဧကနိရွာ ဇာတိဖြစ်သည်။ ၎င်းသည်  ထားဝယ်မြို့ နယ် ပကာရီရွာ နှင့် တောင်သုံးလုံးရွာတွင်လည်း နေထိုင်သူဖြစ်ပြီး ထိုင်းနိုင်ငံသို့ သွားမည့်သူများကို ပို့ဆောင်သည့် ဘောလုံးကား ယာဥ်မောင်းတစ်ဦးဖြစ်သည်။ နိုဝင်ဘာလ ၁၉ ရက် မွန်းလွဲပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်များက မောင်မယ်ရှောင်ရွာ ရှင်ဓာတ်ဝဲဘုရားအနီးရှိ စစ်ကောင်စီတပ်သားများကို သွားရောက်ပစ်ခတ်သည့် ဖြစ်စဥ်အပြီး တစ်နာရီနီးပါးအကြာတွင် မောင်မယ်ရှောင်ရွာ နှင့် ညင်းထွေးရွာအကြား မောင်မယ်ရှောင်သုဿာန်အနီး၌ ကိုမင်းအောင် မောင်းနှင်လာသည့် အမဲရောင် ISUZU အမျိုးအစားကားကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ပစ်ခတ်ခံရပြီး သေဆုံးသွားသည့် ရုပ်အလောင်းကို […]

တိုင်းအတွင်းရှိ ပုဂ္ဂလိကဘဏ်များတွင် ငွေကြေး အကန့်အသတ်ဖြင့်ထုတ်ယူနေရ

Dawei Watch

November 21, 2023

တနင်္သာရီတိုင်းအတွင်းရှိပုဂ္ဂလိကဘဏ်တို့တွင် ယခုရက်ပိုင်းအတွင်းမှစပြီး ငွေကြေး အကန့်အသတ်ဖြင့်သာ ထုတ်ယူနေရကြောင်း စုံစမ်းသိရသည်။ မြိတ်မြို့ရှိ ပုဂ္ဂလိကဘဏ်အချို့တို့တွင် တစ်ရက်လျှင် ငွေသိန်းနှစ်ဆယ်၊ သိန်းငါးဆယ်၊ သိန်းတစ်ရာ စသဖြင့် သတ်မှတ်ပြီး ထုတ်ယူနေရကြောင်း မြို့ခံအချို့က ပြောသည်။ “တစ်ရက်ကို နည်းနည်းစီထုတ်ပေးတာ။ တစ်ရက်နဲ့ တစ်ရက် ထုတ်ပေးတဲ့ငွေ ပမာဏမတူဘူး” ဟု ပုဂ္ဂလိကဘဏ်တစ်ခုတွင် ငွေသိန်းတစ်‌ထောင်ကျော် အပ်နှံထားသည့် အမျိုးသားတစ်ဦးက ပြောဆိုသည်။ အပ်ငွေပမာဏအနည်းအများအပေါ်မူတည်ပြီး တစ်ရက်လျှင် ငွေဆယ်သိန်း၊ သိန်းငါးဆယ်၊ သိန်းတစ်ရာ စသဖြင့် သတ်မှတ်ချက်ဖြင့် ထုတ်ပေးနေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ ထို့အပြင် ထားဝယ်မြို့ရှိ ပုဂ္ဂလိကဘဏ်တို့တွင်လည်း တစ်ရက်လျှင် ငွေသိန်းနှစ်ဆယ်သာ ထုတ်‌ယူနေရကြောင်း ယင်းမြို့ခံအချို့က ဆိုသည်။ ယင်းကဲ့သို့ သတ်မှတ်ပြီး ငွေထုတ်ပေးရာတွင် ငွေထုတ်ယူရသည့်အကြောင်းအရင်းအား ပြောပြရခြင်းနှင့် အစစ်အဆေးအမေးမြန်းများရှိနေသည့်အတွက် ငွေမထုတ်ယူသူအချို့လည်း ရှိနေကြောင်း […]

လောက်ကိုင်တွင် ပိတ်မိနေသော ထိုင်း ၃၀၀ ကျော် လွတ်မြောက်

Dawei Watch

November 21, 2023

မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့တွင် ပိတ်မိနေသော ထိုင်းနိုင်ငံသား ၃၀၀ ကျော်ကို ထိုင်း၊ မြန်မာ၊ တရုတ် သုံးနိုင်ငံ ပူးပေါင်း၍ ကယ်တင်နိုင်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ လောက်ကိုင်မြို့ထဲ ပိတ်မိနေသော ထိုင်းနိုင်ငံသား ၂၆၆ ဦး အပါအဝင် နိုင်ငံခြားသား ၂၇၃ ဦးကို တရုတ်အာဏာပိုင်များက လက်ခံခဲ့သဖြင့် အောက်တိုဘာ ၁၉ ရက်နေ့တွင် တရုတ်နိုင်ငံ ကူမင်းမြို့သို့ ရောက်ရှိလာခဲ့ကြကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ နိုင်ငံခြားသားများတွင် ဖိလစ်ပိုင်နိုင်ငံသား ၆ ဦးနှင့် စင်္ကာပူနိုင်ငံသား ၁ ဦး ပါဝင်ကြောင်း ဖော်ပြထားသည်။ တိုက်ပွဲများကြောင့် ပိတ်မိနေသော နိုင်ငံခြားသား ၂၇၃ ဦးကို လောက်ကိုင်မြို့ရှိ စာသင်ကျောင်းတစ်ကျောင်းတွင် စစ်ကောင်စီတပ်၏ အကူအညီဖြင့် ထိန်းသိမ်ပေးထားခဲ့ခြင်းဖြစ်ဟု သတင်းများကဆိုသည်။ ၎င်းတို့ကို […]

သရက်ချောင်း ဝဲရစ်ရွာသား တစ်ဦး ပစ်သတ်ခံရ

Dawei Watch

November 20, 2023

သရက်ချောင်းမြို့နယ် ဝဲရစ်ရွာသားတစ်ဦးသည် (ယနေ့) နိုဝင်ဘာလ ၂၀ ရက် မနက်ပိုင်းက ပစ်သတ်ခံလိုက်ရသည်ဟု ‌ဒေသခံများထံမှသိရသည်။ ပစ်သတ်ခံရသူမှာ အသက် ၄၇ နှစ်ဝန်းကျင်အရွယ်ရှိ ကိုတင်ဇော် ဆိုသူဖြစ်ကာ ယနေ့မနက် ရှစ်နာရီခန့်က အမျိုးသားနှစ်ဦးရောက်လာပြီး ကိုတင်ဇော်ကို အပြင်သို့ ခေါ်ဆောင်ကာ ပစ်သတ်သွားခြင်းဖြစ်သည်ဟုဒေသခံတစ်ဦးကပြောသည်။ “သူက ရာဘာလုပ်ငန်းလုပ်တယ်၊ ဘုန်းကြီး ကားမောင်းတယ် ဘာကြောင့်ပစ်သတ်ခံရတယ်ဆိုတာတော့ မပြောတတတ်ဘူး “ဟု ၎င်းဒေသခံကပြောသည်။ ကိုတင်ဇော်သည် ရငဲရွာသား ဖြစ်ပြီး ဝဲရစ်ရွာသူနှင့်အိမ်ထောင်ကျကာ ဝဲရစ်ရွာမှာပင် နေထိုင်ခဲ့ကြောင်းသိရသည်။ ကိုတင်ဇော် သေဆုံးချိန်တွင် ဇနီးဖြစ်သူအပါဝင် သားနှစ်ယောက် ၊သမီး သုံးယောက်ကျန်ခဲ့သည်။ ရုပ်အလောင်း ကို ယနေ့ မနက် ကိုးနာရီခန့်တွင် ဝဲရစ်သုဿာန်၌ သင်္ဂြိုဟ်လိုက်ကြောင်းသိရသည်။ ကိုတင်ဇော်ကို မည်သူတို့ က မည်သည့်အကြောင်းရင်းကြောင့် ပစ်ခတ်သတ်ဖြတ်သွားသည်ဆိုခြင်းကို အသေးစိတ်မသိရသေးပေ။ နိုဝင်ဘာလ […]

အခါလွန်မိုးဖျက်သဖြင့် လယ်သမားနှင့် ရော်ဘာတောင်သူများ အခက်တွေ့

Dawei Watch

November 20, 2023

ဆောင်းရာသီထဲ ဝင်ရောက်သည်အထိ မုန်တိုင်းအရှိန်ဖြင့် အခါလွန်မိုး ရွာသွန်းနေဆဲဖြစ်သောကြောင့် လယ်သမားနှင့် ရော်ဘာခြစ်တောင်သူများအခက်တွေ့နေကြကြောင်း ၎င်းတို့က ပြောသည်။ နိုဝင်ဘာလသည် စပါးရိတ်သိမ်းရာသီဖြစ်သော်လည်း အခါလွန်မိုးကြောင့် ရိတ်သိမ်း မရသေးဘဲစောင့်ကြည့်နေရကြောင်း ထားဝယ်ခရိုင်ရှိလယ်သမားအချို့က ဆိုသည်။ “လယ်ထဲမှာက ရေတင်နေသေးတော့ ဆင်းမရသေးဘူး။ စပါးရိတ်စက်လည်း ဆင်းမရသေးဘူး။ စပါးပုံမယ့်နေရာလည်း မရှိဘူး” ဟု သရက်ချောင်းမြို့နယ် ဇီကျရွာက လယ်သမားတစ်ဦးက ပြောဆိုသည်။ အခါလွန်မိုးကြောင့် ရိတ်သိမ်းချိန်နောက်ကျပြီး စပါးအလေလွင့်ဖြစ်ခဲ့ရသည်ကို လယ်သမားများ ယမန်နှစ်ကလည်းတစ်ကြိမ် ကြုံရပြီး ယခုနှစ်တွင်လည်း နောက်တစ်ကြိမ် ၂နှစ်ဆက်တိုက်ကြုံတွေ့နေရသည်ဟုဆိုသည်။ “မနှစ်ကဆိုရင် လယ်ထဲကရေတွေကို (ရေစုပ်စက်နဲ့) စုပ်ထုတ်ပြီးမှ ရိတ်ရတာ” ဟု လောင်းလုံးမြို့နယ် ကထောင်းနီကွင်းက လယ်သမားတစ်ဦးကဆိုသည်။ လယ်ထဲရေရှိနေချိန် စပါးရိတ်စက်ဝင်ပါက လယ်မြေပျက်စီးလေ့ရှိပြီး မိုးရာသီတွင် ထွန်ယက်စရိတ်ပိုမိုကုန်ကျကြောင်း လယ်သမားအချို့ကဆိုသည်။ ယင်းအပြင် ထွန်ယက်စိုက်ပျိုးစဉ်က မိုးကြီးသဖြင့် […]

ထားဝယ် မောင်မယ်ရှောင်ရွာအနီး နှစ်ရက်ဆက်တိုက်ပွဲဖြစ်၊ ကားသမားတစ်ဦး ပစ်ခတ်ဖမ်းဆီးခံရ

Dawei Watch

November 20, 2023

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာအနီးတွင် နိုဝင်ဘာလ ၁၈ ရက်နှင့် ၁၉ ရက် နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။ နိုဝင်ဘာလ ၁၈ ရက် ညနေ ၆ နာရီခွဲဝန်းကျင်တွင် မောင်မယ်ရှောင်ရွာ ၊ ဘုရားမဲစစ်ကောင်စီဂိတ်အနီးရှိ ဖောင်တော်ဦးဘုရားအနီးတွင် စစ်ကောင်စီတပ်နှင့် ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ (DGRF) တပ်ခွဲ ၂ တို့ မိနစ်၃၀ ခန့်ကြာ ပစ်ခတ်မှုဖြစ်ပွားကြောင်း _ဒေသခံတို့ထံမှ သိရသည်။ ရှင်ကိုးရှင် သမိုင်းဝင် ရှင်ဓာတ်ဝဲ ဘုရားအနီးတွင်လည်း နိုဝင်ဘာလ ၁၉ ရက် မွန်းတည့်ပိုင်းတွင် ဘုရားအနီး ထိုင်နေသည့် စစ်ကောင်စီတပ်သားများကို DGRF အဖွဲ့ က သွားရောက်ပစ်ခတ်ခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ “ အရက်သောက်ပြီးလာထိုင်နေကြတယ် သတင်းရလို့ လာပစ်တာပါ။ အရေအတွက်က […]